၂၀၂၆ ခုနှစ်၊ ဇူလိုင်လ (၁၉) ရက်နေ့ တစ်ရက်တည်းတွင် အာရက္ခပြည်ရှိ မြို့ (၃) မြို့ကို ဖက်ဆစ် အကြမ်းဖက် စစ်ကော်မရှင်တပ်မှ လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်
- 2 days ago
- 2 min read


၂၀၂၆ ခုနှစ်၊ ဇူလိုင်လ (၁၉) ရက်နေ့ ၊ နံနက် (၁၁) နာရီခွဲ အချိန်ခန့်တွင် တောင်ကုတ်မြို့နယ်၊ မအီမြို့ အမှတ် (၂) ရပ်ကွက်နှင့် အမှတ် (၃) ရပ်ကွက်တို့အား ဖက်ဆစ် အကြမ်းဖက် စစ်ကော်မရှင်တပ်မှ ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့မှုကြောင့် အပြစ်မဲ့အရပ်သားပြည်သူများ သေဆုံး၊ ဒဏ်ရာရရှိမှုနှင့် နေအိမ်များပျက်စီးမှု မှတ်တမ်းဓာတ်ပုံများ




















၂၀၂၆ ခုနှစ်၊ ဇူလိုင်လ (၁၉) ရက်နေ့၊ ညနေ (၄) နာရီ (၆) မိနစ်အချိန်မှ (၄) နာရီ (၂၄) မိနစ်အထိ သံတွဲမြို့အတွင်းအား ဖက်ဆစ် အကြမ်းဖက် စစ်ကော်မရှင်တပ်မှ ဂျက်ဖိုက်တာများဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့မှုကြောင့် အပြစ်မဲ့အရပ်သားပြည်သူများ ထိခိုက်ဒဏ်ရာရရှိမှုနှင့် နေအိမ်များပျက်စီးမှု မှတ်တမ်းဓာတ်ပုံများ










၂၀၂၆ ခုနှစ်၊ ဇူလိုင်လ (၁၉) ရက်နေ့၊ ညနေ (၆) နာရီခွဲအချိန်ခန့်တွင် ပုဏ္ဏားကျွန်းမြို့နယ်၊ တောင်ပေါက်၊ ရေပေါက်ချောင်းခွဆုံ၊ တောင်ပေါက်ဘုန်းကြီးကျောင်း အနီးကို ဖက်ဆစ် အကြမ်းဖက် စစ်ကော်မရှင်တပ်မှ ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့မှုကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့သော သံဃာတော်များ





၂၀၂၆ ခုနှစ်၊ ဇူလိုင်လ (၁၉) ရက်နေ့ တစ်ရက်တည်းတွင် အာရက္ခပြည်ရှိ မြို့ (၃) မြို့ကို ဖက်ဆစ် အကြမ်းဖက် စစ်ကော်မရှင်တပ်မှ လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်
၂၀၂၆ ခုနှစ်၊ ဇူလိုင်လ (၁၉) ရက်
၂၀၂၆ ခုနှစ်၊ ဇူလိုင်လ (၁၉) ရက်၊ ယနေ့ တစ်ရက်တည်းတွင် ဖက်ဆစ် အကြမ်းဖက် စစ်ကော်မရှင်တပ်မှ အာရက္ခပြည်ရှိ မအီမြို့၊ သံတွဲမြို့ နှင့် ပုဏ္ဏားကျွန်းမြို့ အစရှိသော မြို့ (၃) မြို့အတွင်းရှိ အပြစ်မဲ့ အရပ်သားပြည်သူလူထုများ နေထိုင်ရာ နေရာများအား လေကြောင်းမှ အကြမ်းဖက် ဗုံးကြဲတိုက်ခိုက်မှုများကို ရှေ့ဆင့်နောက်ဆင့် ပြုလုပ်ခဲ့သည်။
၂၀၂၆ ခုနှစ်၊ ဇူလိုင်လ (၁၉) ရက်နေ့ ၊ နံနက် (၁၁) နာရီခွဲ အချိန်ခန့်တွင် တောင်ကုတ်မြို့နယ်၊ မအီမြို့ အမှတ် (၂) ရပ်ကွက်နှင့် အမှတ် (၃) ရပ်ကွက်တို့အား ဖက်ဆစ် အကြမ်းဖက် စစ်ကော်မရှင်တပ်မှ ဂျက်ဖိုက်တာ (၁) စီးဖြင့် လေကြောင်းမှ ပေါင် (၃၀၀) ဗုံး (၃) လုံး ကြဲချ တိုက်ခိုက်ခဲ့သည်။ အဆိုပါဗုံးကြဲတိုက်ခိုက်မှုကြောင့် အပြစ်မဲ့အရပ်သားပြည်သူ (၅) ဦးသေဆုံးခဲ့ပြီး သံဃာတော် (၁) ပါးနှင့် ကလေးငယ်များအပါအဝင် အပြစ်မဲ့အရပ်သားပြည်သူ (၂၂) ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့သည်။ ထို့အပြင် ခရစ်ယာန် ဘုရားကျောင်း (၁) ဆောင်နှင့် ပြည်သူ့ နေအိမ် အလုံး (၂၀) မှာ လေကြောင်းတိုက်ခိုက်မှုကြောင့်ပျက်စီးခဲ့ရသည်။
၂၀၂၆ ခုနှစ်၊ ဇူလိုင်လ (၁၉) ရက်နေ့၊ ညနေ (၄) နာရီ (၆) မိနစ်အချိန်မှ (၄) နာရီ (၂၄) မိနစ်အထိ သံတွဲမြို့အတွင်းအား ဖက်ဆစ် အကြမ်းဖက် စစ်ကော်မရှင်တပ်မှ ဂျက်ဖိုက်တာများဖြင့် (၅) ကြိမ်တိုင်တိုင် နာရီဝက်နီးပါးကြာ လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့သည်။ ထို့အပြင် ဂျက်တိုက်လေယာဉ်များပေါ်မှ စက်သေနတ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့မှုကြောင့် အပြစ်မဲ့ အရပ်သားပြည်သူ (၄) ဦးတို့မှာ ထိခိုက်ဒဏ်ရာများ ရရှိခဲ့ပြီး လူနေအိမ်အချို့ ပျက်စီးခဲ့ရသည်။
၂၀၂၆ ခုနှစ်၊ ဇူလိုင်လ (၁၉) ရက်နေ့၊ ညနေ (၆) နာရီခွဲအချိန်ခန့်တွင်လည်း ဖက်ဆစ် အကြမ်းဖက် စစ်ကော်မရှင်တပ်မှ ပုဏ္ဏားကျွန်းမြို့နယ်၊ တောင်ပေါက်၊ ရေပေါက်ချောင်းခွဆုံ၊ တောင်ပေါက်ဘုန်းကြီးကျောင်း အနီးကို ဂျက်ဖိုက်တာ (၁) စီးဖြင့် ပေါင် (၃၀၀) ဗုံး နှစ်လုံး ကြဲချတိုက်ခိုက်ခဲ့သောကြောင့် သံဃာတော် (၂) ပါးနှင့် အရပ်သားပြည်သူ (၁) ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့သည်။
ယနေ့ ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ (၁၉) ရက်နေ့ တစ်ရက်တည်းတွင် ဖက်ဆစ် အကြမ်းဖက် စစ်ကော်မရှင်တပ်၏ အာရက္ခပြည် မြို့ (၃) မြို့အား လေကြောင်းမှ အကြမ်းဖက် တိုက်ခိုက်မှုများအတွင်း အပြစ်မဲ့အရပ်သားပြည်သူ (၅) ဦးသေဆုံးခဲ့ကာ ရဟန်းသံဃာတော် (၃) ပါးနှင့် အရပ်သားပြည်သူ စုစုပေါင်း (၂၆) ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့သည်။
ဤကဲ့သို့သောလုပ်ရပ်များမှာ ရက် (၁၀၀) အတွင်း ငြိမ်းချမ်းရေး ဖိတ်ခေါ်သံ၊ တွေ့ဆုံနေမှုများအတွက် အပြောနှင့်အလုပ် ထပ်တူကျမှု မည်ရွေ့မည်မျှ ရှိသနည်း ဆိုသည့်အပေါ် မေးခွန်းထုတ်စရာများရှိသည်မှာ အထင်အရှားပင်ဖြစ်သည်။
ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော် (ULA/AA) အနေဖြင့် ဖက်ဆစ် အကြမ်းဖက် စစ်ကော်မရှင်တပ်၏ ထိုးစစ်တိုင်းကို အာရက္ခပြည်သူတစ်ရပ်လုံးနှင့်သာမက မိမိတို့အား ယုံကြည်လေးစား အားကိုးတန်ဖိုးထားသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များ၊ နယ်မြေချင်းထိစပ်နေသော မိတ်ဖက်အဖွဲ့အစည်းများနှင့် အတူတကွ လက်တွဲကာ တုံ့ပြန်ဆောင်ရွက်သွားမည်ဖြစ်သည်။
သတင်းနှင့်ပြန်ကြားရေး
အာရက္ခတပ်တော်
