top of page

၂၀၂၄ ခုနှစ်၊ ဇွန်လ ဒုတိယ ရက်သတ္တပတ် အာရက္ခဒေသအတွင်း တိုက်ပွဲသတင်းများ

  • Jun 14, 2024
  • 1 min read







၂၀၂၄ ခုနှစ်၊ ဇွန်လ ဒုတိယ ရက်သတ္တပတ် အာရက္ခဒေသအတွင်း တိုက်ပွဲသတင်းများ


၂၀၂၄ ခုနှစ်၊ ဇွန်လ (၁၄) ရက်


အာရက္ခတပ်တော်သည် ဘူးသီးတောင်မြို့နယ်အတွင်းရှိ စစ်ကောင်စီ၏ စခန်းများအားလုံးကို အပြီးသတ်သိမ်းပိုက်ပြီးသည့်အချိန်တွင် ရက္ခိုင်-ဘင်္ဂလာနယ်စပ်၊ မောင်တောမြို့ရှိ စစ်ကောင်စီ၏ လက်ကျန်စခန်းများအားလုံးကို မိမိတို့မှ အပြီးသတ်သိမ်းပိုက်ရယူရေးအတွက် ဆက်လက် ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိသည်။ ၂၀၂၄ ခုနှစ်၊ ဇွန်လ ပထမအပတ်အတွင်း၌ မောင်တောမြို့ရှိ တာဝါတိုင်စခန်း၊ ကျောက်ပန္ဒူစခန်း၊ ခွဆုံပြင်စခန်း၊ မြင်းလွှတ်စခန်း၊ အင်းဒင်စခန်း (သို့) နခခ (၆) စခန်း နှင့် နခခ (၉) စခန်းတို့အား အပြီးသတ်သိမ်းပိုက်ရယူနိုင်ခဲ့ပြီးဖြစ်သည်။


ဇွန်လ ဒုတိယပတ်အတွင်း၌လည်း မောင်တောမြို့နယ်အတွင်းရှိ


(၁) “နခခ (၄) တပ်ရင်းဌာနချုပ်” အား ဇွန်လ (၁၀) ရက်၊ နံနက် (၇) နာရီအချိန်တွင်လည်းကောင်း၊


(၂) “အလယ်သံကျော်စခန်း” အား ဇွန်လ (၁၀) ရက်၊ နံနက် (၇) နာရီ (၄၆) မိနစ် အချိန်တွင်လည်းကောင်း၊


(၃) “မောရဝတီဗျူဟာ” အား ဇွန်လ (၁၃) ရက်၊ နံနက် (၇) နာရီအချိန်တွင်လည်းကောင်း၊


(၄) “နခေါင်းတိုစခန်း” အား ဇွန်လ (၁၃) ရက်၊ ညနေ (၆) နာရီအချိန်တွင်လည်းကောင်း အသီးသီး ထပ်မံသိမ်းပိုက်ရယူနိုင်ခဲ့သည်။ ဤစခန်းသိမ်းတိုက်ပွဲများအတွင်း မောရဝတီဗျူဟာမှူး ဗိုလ်မှူးကြီး- တေဇာဌေးအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် (၂၀၀) ကျော်အား သုတ်သင်ရှင်းလင်းနိုင်ခဲ့သည်။


တစ်ပြိုင်နက်တည်းတွင် မောင်တော၊ အမ်း၊ သံတွဲ မြို့များ၌ ရှိသော ရန်သူ၏ အခြားသော စခန်းများကိုလည်း မိမိတို့မှ ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိသည်။


၂၀၂၄ ခုနှစ်၊ ဇွန်လ (၁၃) ရက်နေ့တွင် တောင်ကုတ်မြို့နှင့် (၈) မိုင်ခန့်အကွာရှိ တောင်ကုတ်-အမ်း ကားလမ်းမပေါ်ရှိ “ရွှေကွမ်းစမ်း တံတား” အား စစ်ကောင်စီမှ မိုင်းခွဲဖျက်ဆီးထားခဲ့သည်။


တိုက်ပွဲများအတွင်း ရန်သူ၏ လက်နက်ခဲယမ်း၊ စစ်လက်နက်အသုံးအဆောင်ပစ္စည်း များကို သိမ်းဆည်းရမိသကဲ့သို့ စစ်သုံပန်းအချို့ကိုလည်း ဖမ်းဆီးရမိခဲ့သည်။ လက်နက်ချအညံ့မခံဘဲ ထွက်ပြေးလျက်ရှိနေသည့် ရန်သူ့တပ်ဖွဲ့ဝင်များအားလည်း လိုက်လံရှာဖွေကာ ဆက်လက် ရှင်းလင်းလျက်ရှိသည်။

 

တိုက်ပွဲနောက်ဆက်တွဲသတင်းများရှိပါက ဆက်လက် တင်ပြပေးသွားပါမည်။


သတင်းနှင့်ပြန်ကြားရေး

အာရက္ခတပ်တော်

Recent Posts

See All

Comments


  • Telegram-White
  • YouTube
  • Vkontakte
  • Twitter

Copyright © 2020 Arakan Army

bottom of page