top of page

ဖက်ဆစ်အကြမ်းဖက် စစ်ကော်မရှင်တပ်မှ သံတွဲမြို့အား ထပ်မံဗုံးကြဲတိုက်ခိုက်

  • 10 hours ago
  • 1 min read

၂၀၂၆ ခုနှစ်၊ ဇူလိုင်လ (၂၃) ရက်နေ့၊ မွန်းတည့် (၁၂) နာရီ အချိန်ခန့်တွင် သံတွဲမြို့နယ်၊ ငပလီမြို့၊ ဂျိတ္တော (၅) ရပ်ကွက်ကို ဖက်ဆစ် အကြမ်းဖက် စစ်ကော်မရှင်တပ်မှ လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့မှုကြောင့် အပြစ်မဲ့ပြည်သူများ ထိခိုက်ဒဏ်ရာရရှိမှုနှင့် အဆောက်အအုံများပျက်စီးမှု မှတ်တမ်းဓာတ်ပုံများ





၂၀၂၆ ခုနှစ်၊ ဇူလိုင်လ (၂၃) ရက်နေ့၊ နေ့လယ် (၁) နာရီခွဲအချိန်ခန့်တွင်လည်း သံတွဲမြို့နယ်၊ ငပလီမြို့၊ လင်းသာကမ်းခြေရှိ AZ Family Resort ကို ဖက်ဆစ် အကြမ်းဖက် စစ်ကော်မရှင်တပ်မှ လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့မှုကြောင့် ဘန်ဂလိုများနှင့် နေအိမ်များပျက်စီးမှု မှတ်တမ်းဓာတ်ပုံများ






ဖက်ဆစ်အကြမ်းဖက် စစ်ကော်မရှင်တပ်မှ သံတွဲမြို့အား ထပ်မံဗုံးကြဲတိုက်ခိုက်

 

၂၀၂၆ ခုနှစ်၊ ဇူလိုင်လ (၂၃) ရက်


ဖက်ဆစ် အကြမ်းဖက် စစ်ကော်မရှင်တပ်မှ သံတွဲမြို့နယ်၊ ငပလီမြို့ ၏ ဂျိတ္တော နှင့် လင်းသာကမ်းခြေ အစရှိသည့် အပြစ်မဲ့ အရပ်သားပြည်သူများ နေထိုင်ရာ နေရာ (၂) ခုအား ဂျက်ဖိုက်တာများဖြင့် ရှေ့ဆင့်နောက်ဆင့် ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့သည်။

 

၂၀၂၆ ခုနှစ်၊ ဇူလိုင်လ (၂၃) ရက်နေ့၊ မွန်းတည့် (၁၂) နာရီ အချိန်ခန့်တွင် သံတွဲမြို့နယ်၊ ငပလီမြို့၊ ဂျိတ္တော (၅) ရပ်ကွက်ရှိ ပုလဲရတနာဘုန်းကြီးကျောင်း နှင့် အနီးပတ်ဝန်းကျင်တို့အား ဖက်ဆစ် အကြမ်းဖက် စစ်ကော်မရှင်တပ်မှ ဂျက်ဖိုက်တာ (၁) စီးဖြင့် နှစ်ကြိမ်တိုင်တိုင် ဗုံးကြဲတိုက်ခိုက်ခဲ့သည်။ အဆိုပါ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပုလဲရတနာဘုန်းကြီးကျောင်းနှင့် အနီးပတ်ဝန်းကျင်ရှိ နေအိမ် (၈) လုံး ပျက်စီးခဲ့ပြီး သံဃာတော်တစ်ပါးနှင့် တစ်နှစ်ကျော်အရွယ် ကလေးငယ်တစ်ဦး အပါအဝင် အပြစ်မဲ့ပြည်သူ (၆) ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြသည်။

 

ထို့အပြင် ယနေ့တစ်ရက်တည်း၌ နေ့လယ် (၁) နာရီခွဲအချိန်ခန့်တွင်လည်း သံတွဲမြို့နယ်၊ ငပလီမြို့၊ လင်းသာကမ်းခြေရှိ AZ Family Resort ကို ဖက်ဆစ် အကြမ်းဖက် စစ်ကော်မရှင်တပ်မှ ဂျက်ဖိုက်တာ (၁) စီးဖြင့် ဗုံး (၂) လုံး ကြဲချတိုက်ခိုက်ခဲ့သည်။ ၎င်းတိုက်ခိုက်မှုကြောင့် AZ Family Resort မှ ဘန်ဂလိုများနှင့် အနီးပတ်ဝန်းကျင်မှ ပြည်သူ့နေအိမ်အချို့ ထိခိုက်ပျက်စီးသွားခဲ့ပြီး ပြည်သူတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

 

သတင်းနှင့်ပြန်ကြားရေး

အာရက္ခတပ်တော်

 


Comments


  • Telegram-White
  • YouTube
  • Vkontakte
  • Twitter

Copyright © 2020 Arakan Army

bottom of page