top of page
















(၄) MA 4 (၁) လက်

(၅) BA 94 (၂) လက်

(၆) ပစ္စတို(၁) လက်


(၈) အီနာဂါ (၂) လုံး


(၁၀) ဖုန်း (၄) လုံး






























ရက္ခိုင့်တပ်တော်



၂၀၂၀ ပြည့်နှစ်၊ သြဂုတ်လ (၃) ရက် တိုက်ပွဲသတင်း


သြဂုတ်လ(၄) ရက်၊ AA Info Desk@2020


၂၀၂၀ ပြည့်နှစ်၊ သြဂုတ်လ(၃) ရက်၊ နေ့လယ် (၁၂) နာရီခန့်တွင် ရခိုင်ပြည်၊ မောင်တောမြို့နယ်၊ ကျောက်ပန်းဒူကျေးရွာ၏ အရှေ့မြောက်ဖက်(၅.၄) ကီလိုမီတာအကွာအဝေး၌ မြန်မာ့တပ်မတော် နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့ပါဝင်သောပူးပေါင်းတပ်ဖွဲ့နှင့် ရက္ခိုင့်တပ်တော်တို့ တိုက်ပွဲဖြစ်ပွားခဲ့သည်။ နယ်မြေရှင်းလင်းရေးခေါင်းစဉ်ဖြင့် ပူးတွဲစစ်ဆင်ရေးများကိုဆောင်ရွက်နေသော အဆိုပါပူးပေါင်းတပ်ဖွဲ့နှင့် ရက္ခိုင့်တပ်တော်တို့သည် တစ်နာရီကျော်ကြာ အပြန်အလှန်ပစ်ခတ်တိုက်ခိုက်ခဲ့ကြသည်။


တိုက်ပွဲအတွင်း ရန်သူ့ဖက်မှ (၁၆) ဦး (မျက်မြင်) သေဆုံးခဲ့ပြီး ဒဏ်ရာရသူအချို့ထပ်မံရှိခဲ့သည်။


ရန်သူ့ထံမှ အောက်ပါလက်နက်ခဲယမ်းအချို့ကိုသိမ်းဆည်းရမိခဲ့သည်။

(၁) G3 (၃) လက် / G3 ကျည်ဘောက် (၁၀) ခု

(၂) MA 1 (၂) လက် / MA 1 ကျည်ဘောက် (၆) ခု

(၃) MA 2 (၁) လက်/ MA 2 ကျည်ဘောက်(၇) ခု

(၄) MA 4 (၁) လက်

(၅) BA 94 (၂) လက်

(၆) ပစ္စတို(၁) လက်

(၇) ရှေ့ထွက်မိုင်း (၁) လုံး

(၈) အီနာဂါ (၂) လုံး

(၉) ကျည် စုစုပေါင်း ( ၂၈၃၅) တောင့်

(၁၀) ဖုန်း (၄) လုံး

(၁၁) ပိုက်ဆံ (၂၄) သိန်း တို့ဖြစ်ကြသည်။


တိုက်ပွဲအတွင်းသုံ့ပန်း (၆) ဦးကို လက်ရဖမ်းဆီးရခဲ့သည်။ ၎င်းတို့ (၆) ဦးအနက် (၃) ဦးမှာ ဘူးသီးတောင်အခြေစိုက် ခလရ (၂၆၃) တပ်ရင်းမှဖြစ်သည်။


(၁) တပ်ကြပ်- ဇော်ဇော် ၊ အသက်(၄၈) နှစ်

ကိုယ်ပိုင်အမှတ်/ တ-၈၆၄၄၇၅


(၂) တပ်သား-ရဲနိုင်၊ အသက်(၃၆) နှစ်

ကိုယ်ပိုင်အမှတ် /တ-၅၆၃၄၃၉


(၃) တပ်သား-ကောင်းထက်၊ အသက်( ၂၇) နှစ်

ကိုယ်ပိုင်အမှတ်/ တ-၅၃၄၄၄၉


အခြား(၃) ဦးမှာ နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်များဖြစ်ကြသည်။


(၁) တပ်ကြပ်- သစ်လွင်စိုး၊ အသက်(၃၇) နှစ်

ကိုယ်ပိုင်အမှတ်- လ/ ၂၁၁၁၄၈


(၂) တပ်ကြပ်- ထွန်းကျော်ကျော်၊ အသက်(၂၈) နှစ်

ကိုယ်ပိုင်အမှတ်- လ/ ၂၄၅၀၄၄


(၃) တပ်သား- မိုင်းဝေစံ၊ အသက်(၂၆) နှစ်

ကိုယ်ပိုင်အမှတ် - လ/၂၄၄၇၂၄


မိမိတို့ဖက်မှအလတ်စားဒဏ်ရာရရှိသူအချို့ရှိခဲ့သည်။ တိုက်ပွဲအတွင်း ထူးချွန်ပြောင်မြောက်စွာတိုက်ပွဲဝင်ခဲ့ကြသော အာရက္ခစစ်သည်တော်များအား မှတ်တမ်းတင်ဂုဏ်ပြုအပ်ပါသည်။


သတင်းနှင့်ပြန်ကြားရေး

ရက္ခိုင့်တပ်တော်

1,096 views
bottom of page