top of page

၂၀၂၀ပြည့်နှစ်၊ဖေဖော်ဝါရီ(၁)ရက်နေ့တွင် မြန်မာ့တပ်မတော်မှပြည်သူပိုင်ပစ္စည်းများအားမီးရှို့ဖျက်ဆီးခဲ့ပုံ

Updated: Nov 12, 2020


၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ(၁) ရက်၊ ညနေ(၄) နာရီ(၃၅) မိနစ်ခန့်မှစတင်ပြီး မြန်မာ့တပ်မတော်၊ ( တပ်ရင်းအမည်စုံစမ်းဆဲ) သည်ရခိုင်ပြည်၊ ရသေ့တောင်မြို့နယ်၊မညင်းတောင်၊ အမျက်တောင်ရှိ ရွာသူ/ရွာသားများပိုင်ဆိုင်သည့် စပါးပုံ၊ ကောက်ရိုးပုံများရှိရာ မညင်းတောင်ရွာ၏အရှေ့မြောက်ဖက်လယ်ကွင်းများအတွင်း၌ မီးရှို့ဖျက်ဆီးခဲ့ကြသည်။ ထို့ကြောင့် စပါးပုံ၊ ကောက်ရိုးပုံအချို့မှာ တစ်နာရီကျော်ကြာမီးလောင်ပျက်စီးခဲ့သည်။

ထို့အပြင် ၎င်းတို့ မီးရှို့ဖျက်ဆီးကြသည့်အနီးပတ်ဝန်းကျင်ရှိ ရွာသားများပိုင်ဆိုင်သည့်ကျွဲ၊နွားများထဲမှ နွား(၃) ကောင်အား ပစ်သတ်ကာ ခိုးယူသွားခဲ့ကြသည်။

ရက္ခိုင့်တပ်တော်အနေဖြင့် ရခိုင်ပြည်သူပိုင်ပစ္စည်းများကိုဖျက်ဆီးသော အဆိုပါတပ်ရင်းအားလက်တုံ့ပြန်တိုက်ခိုက်သွားမည်။

သတင်းနှင့်ပြန်ကြားရေး ရက္ခိုင့်တပ်တော်

Recent Posts

See All
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ (၁၂) ရက်နေ့ လေကြောင်းတိုက်ခိုက်မှု နောက်ဆုံးရသတင်း

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ (၁၃) ရက်၊ မနက် (၀၀) နာရီ (၁၈/၂၀) မိနစ် (တနည်းအားဖြင့်) ဒီဇင်ဘာလ(၁၂) ရက် ညဉ့် အချိန်တို့တွင် ပုဏ္ဏားကျွန်းမြို့နယ်အတွင်းရှိ ရွာအချို့ ( ရွာအမည်စုံစမ်းဆဲ) အား ဖက်ဆစ် အကြမ်းဖက် စစ်ရ

 
 
 

Comments


  • Telegram-White
  • YouTube
  • Vkontakte
  • Twitter

Copyright © 2020 Arakan Army

bottom of page