top of page

ကျောက်ဖြူမြို့နယ်အတွင်းရှိ စစ်ဘေးရှောင်ပြည်သူလူထုများရှိရာနေရာများသို့ အကြမ်းဖက် စစ်ကော်မရှင်မှ လေကြောင်း ဗုံးကြဲတိုက်ခိုက်ခြင်း၊ ဒရုန်းဗုံးများဖြင့်တိုက်ခိုက်ခြင်းတို့အား ဆက်တိုက်ပြုလုပ်လာ


ကျောက်ဖြူမြို့နယ်အတွင်းရှိ စစ်ဘေးရှောင်ပြည်သူလူထုများရှိရာနေရာများသို့ အကြမ်းဖက် စစ်ကော်မရှင်မှ လေကြောင်း ဗုံးကြဲတိုက်ခိုက်ခြင်း၊ ဒရုန်းဗုံးများဖြင့်တိုက်ခိုက်ခြင်းတို့အား ဆက်တိုက်ပြုလုပ်လာ


၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ (၂၄) ရက်

 

အာရက္ခပြည်၊ ကျောက်ဖြူမြို့နယ် ဇင်ချောင်းတိုက်နယ်၊ မူရွင်းကျေးရွာရှိ၊ အထက်တန်း စာသင်ကျောင်း၌ အနီးအနားကျေးရွာများမှ စစ်ရှောင်နေကြသော အပြစ်မဲ့အရပ်သား ပြည်သူလူထုတို့အား ဖက်ဆစ် အကြမ်းဖက် စစ်ကော်မရှင်တပ်မှ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ (၂၄) ရက်နေ့၊ နေ့လယ် (၁၂) နာရီ (၅၅) မိနစ် နှင့် (၁၂) နာရီ (၅၈) မိနစ်အချိန်တို့တွင် ဒရုန်း (၂) စီးဖြင့် လာရောက်တိုက်ခိုက်ခဲ့သည်။

 

အဆိုပါ တိုက်ခိုက်မှုကြောင့် မူရွင်းစာသင်ကျောင်းဝင်းအတွင်း စစ်ဘေးရှောင် အပြစ်မဲ့အရပ်သားပြည်သူ (၂) ဦး သေဆုံးကာ ကလေးငယ်တစ်ဦးအပါအဝင် (၅) ဦး ဒဏ်ရာရရှိခဲ့သည်။

 

သေဆုံးသွားသူများမှာ ကျောက်ဖြူမြို့နယ်၊ သိုင်းချောင်းရွာမှ ဒေါ်ဖြူနုမ (၈၁ နှစ်) နှင့် ဦးမှဲဒေါင်း (၅၆ နှစ်) တို့ဖြစ်ပြီး ဒဏ်ရာရရှိသွားသူများမှာ-

၁။ မောင်အေးမင်းခိုင် (၉ လ) ၊ စိုင်ခြုံဒွိန်ကျေးရွာ

၂။ ဒေါ်ခင်ဆန်းဝင်း (၃၄ နှစ်)၊ စိုင်ခြုံဒွိန်ကျေးရွာ

၃။ ဒေါ်မမြရင် (၅၆ နှစ်)၊ သိုင်းချောင်းကျေးရွာ

၄။ ဒေါ်ဘနုမ (၆၇ နှစ်)၊ ဇိုင်ချောင်းကျေးရွာ

၅။ ဦးမောင်ကျော် (၆၃ နှစ်)၊ ဇိုင်ချောင်းကျေးရွာ တို့ဖြစ်ကြသည်။

 

ထို့အပြင် ဖက်ဆစ် အကြမ်းဖက် စစ်ကော်မရှင်သည် ၎င်းမူရွင်းကျေးရွာအား ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ (၂၄) ရက်နေ့  ညနေ (၄) နာရီ (၄၀) မိနစ်ခန့်အချိန်တွင်လည်း ဒရုန်း (၂) စီးဖြင့် ထပ်မံတိုက်ခိုက်ခဲ့သည့်အပြင် ညနေ (၅) နာရီ (၂၀) မိနစ်ခန့်အချိန်တွင် မူရွင်းရွာနှင့် ကုန်ဘောင်ရွာတို့အား ဂျက်ဖိုက်တာတစ်စီးဖြင့် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများပြုလုပ်ခဲ့သည်။

 

ဖက်ဆစ် အကြမ်းဖက် စစ်ကော်မရှင်တပ်သည် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ (၁၈၊ ၁၉) ရက်နေ့ များတွင်လည်း ကျောက်ဖြူမြို့နယ်၊ ကျောက်ကလေကျေးရွာအား ဂျက်ဖိုက်တာ၊ ဒရုန်းများနှင့်သာမက ပင်လယ်ပြင်၌တပ်စွဲထားသော စစ်သင်္ဘောနေဗီများပေါ်မှ လက်နက်ကြီးများဖြင့်လည်း ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ ဤကဲ့သို့သော တိုက်ခိုက်မှုကြောင့် အပြစ်မဲ့ပြည်သူ (၂) ဦးသေဆုံးခဲ့ကာ (၂) ဦး ဒဏ်ရာရရှိခဲ့ပြီး အရပ်သားပြည်သူများ၏ နေအိမ်အချို့ မှာလည်း မီးလောင်ပျက်စီးသွားခဲ့ရသည်။

 

ထို့အပြင် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ (၂၂) ရက်နေ့တွင် ကျောက်ဖြူမြို့နယ်၊ ဇင်ချောင်း ကုန်ဘွေရွာအား ဒရုန်း (၁) စီးဖြင့် တိုက်ခိုက်ခဲ့သောကြောင့် အပြစ်မဲ့အရပ်သား ပြည်သူ (၂) ဦး ထိခိုက် ဒဏ်ရာရရှိခဲ့သေးသည်။

 

ဓာတ်ပုံ- ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ (၂၄) ရက်နေ့တွင် ကျောက်ဖြူမြို့နယ် ဇင်ချောင်းတိုက်နယ်၊ မူရွင်းကျေးရွာရှိ၊ အထက်တန်း စာသင်ကျောင်း၌ စစ်ဘေးရှောင်နေကြသော အရပ်သားပြည်သူများအား ဖက်ဆစ် အကြမ်းဖက် စစ်ကော်မရှင်မှ ဒရုန်း၊ ဂျက်ဖိုက်တာတို့ဖြင့် တိုက်ခိုက်မှုကြောင့် သေဆုံးသွားသော အပြစ်မဲ့ပြည်သူများနှင့် စာသင်ကျောင်းပျက်စီးမှုမြင်ကွင်း

 

သတင်းနှင့်ပြန်ကြားရေး

အာရက္ခတပ်တော်

Recent Posts

See All
#Breakingnews

ဖက်ဆစ်အကြမ်းဖက်စစ်ကော်မရှင်(စစ်ကောင်စီ) မှ ၎င်းတို့ တပ်ဖွဲ့ဝင်၊ မိသားစုများ (တစ်နည်းအားဖြင့် အာရက္ခတပ်တော်ထံတွင် တိုက်ပွဲများအတွင်း ဖမ်းဆီးခြင်းခံနေရသော စစ်သုံ့ပန်းများနှင့် ၎င်းတို့၏ မိသားစုဝင်များ)

 
 
 

Comments


  • Telegram-White
  • YouTube
  • Vkontakte
  • Twitter

Copyright © 2020 Arakan Army

bottom of page