top of page

၂၀၂၀ျပည့္ႏွစ္၊ဇူလိုင္လ(၁)ရက္မွ (၅) ရက္ေန႔အတြင္းရခိုင္ျပည္တိုက္ပြဲသတင္းမ်ားႏွင့္ ရခိုင္ေဒသအေျခအေနမ်ား




၂၀၂၀ ျပည့္ႏွစ္၊ ဇူလိုင္လ(၁) ရက္မွ (၅) ရက္ေန႔အတြင္း ရခိုင္ျပည္တိုက္ပြဲသတင္းမ်ားႏွင့္ ရခိုင္ေဒသအေျခအေနမ်ား


ျမန္မာ့တပ္မေတာ္သည္ ရခိုင္ျပည္၊ ရေသ့ေတာင္ၿမိဳ႕နယ္၊ေက်ာက္တန္းေက်း႐ြာအုပ္စုတေလွ်ာက္ နယ္ေျမရွင္းလင္းေရးလုပ္မည္ဟု၂၀၂၀ ျပည့္ႏွစ္၊ဇြန္လ(၂၄) ရက္ေန႔၌ေၾကညာခဲ့ၿပီးေနာက္တြင္၎တို႔ေၾကညာထားသည့္အတိုင္း နယ္ေျမရွင္းလင္းေရးႏွင့္အတူထိုးစစ္မ်ားကို လက္နက္ႀကီးပစ္ကူအေျမာက္အျမားျဖင့္ျပဳလုပ္လ်က္ရွိသည္။


အဆိုပါကိစၥႏွင့္ပတ္သက္၍ႏိုင္ငံတကာမွ စိုးရိမ္ပူပန္ေၾကာင္းထုတ္ျပန္ေၾကညာခ်က္ထုတ္ခဲ့ၿပီးေနာက္ ျမန္မာ့တပ္မေတာ္မွ ၎ေၾကညာခ်က္ကို႐ုပ္သိမ္းခဲ့သည္။ သို႔ေသာ္လည္း လက္ေတြ႕ေျမျပင္တြင္မူ နယ္ေျမရွင္းလင္းေရးေခါင္းစဥ္ ႏွင့္အတူ ထိုးစစ္ဆင္တိုက္ခိုက္မႈမ်ားကိုဆက္လက္ျပဳလုပ္ေနဆဲျဖစ္သည္။


ထို႔ေၾကာင့္ ရေသ့ေတာင္ၿမိဳ႕နယ္၊ ေျမာက္ဦးၿမိဳ႕နယ္အတြင္းရွိ ေက်း႐ြာ(၁၀) ေက်ာ္မွ ႐ြာသူ႐ြာသားမ်ားမွာ တိုက္ပြဲမ်ားေၾကာင့္မဟုတ္ဘဲ ျမန္မာ့တပ္မေတာ္၏ ၿခိမ္းေျခာက္မႈ၊ သတ္ျဖတ္မႈ၊ မုဒိမ္းက်ဴးလြန္မႈမ်ားကိုစိုးရိမ္ေသာေၾကာင့္ တစ္ေသာင္းေက်ာ္ေသာ႐ြာသူ႐ြာသားမ်ားမွာေနရပ္စြန႔္ခြာတိမ္းေရွာင္သူမ်ားအျဖစ္သို႔ေရာက္ရွိခဲ့ရသည္။


ျမန္မာ့တပ္မေတာ္သည္ စစ္ရာဇဝတ္က်ဴးလြန္ျခင္း၊ ရပ္႐ြာမ်ားအတြင္းစခန္းခ်တပ္စြဲျခင္း၊ အျပစ္မဲ့ျပည္သူလူထုမ်ားအား လူမ်ိဳးေရးအမုန္းတရားမ်ားျဖင့္သတ္ျဖတ္ျခင္း၊ဖမ္းဆီးႏွိပ္စက္ျခင္း၊ ႐ြာသူ႐ြာသားမ်ားပိုင္ဆိုင္သည့္ ပစၥည္းဥစၥာမ်ားကိုခိုးယူျခင္း၊ ဖ်က္ဆီးျခင္းတို႔အျပင္ မုဒိမ္းမႈက်ဴးလြန္ျခင္းမ်ားကို ရခိုင္ျပည္အႏွံ႔လက္ရဲဇက္ရဲ အတင့္ရဲစြာဆက္လက္ျပဳလုပ္လ်က္ရွိသည္။


နယ္ေျမရွင္းလင္းေရးဟုအေၾကာင္းျပၿပီး ရခိုင္ေဒသအတြင္းေနထိုင္ၾကေသာ ေဒသခံျပည္သူလူထုမ်ားကို လူမ်ိဳးျဖဳတ္ရွင္းလင္းေရးသို႔ဦးတည္ေသာ ျပစ္မႈမ်ိဳးကိုက်ဴးလြန္လ်က္ရွိသည္။


ရေသ့ေတာင္ၿမိဳ႕နယ္၊ ပလက္ဝၿမိ့နယ္အတြင္း တိုက္ပြဲမ်ားႀကီးႀကီးမားမားမရွိေသာ္လည္း တိုက္ပြဲငယ္မ်ားရွိခဲ့သည္။


အထူးသျဖင့္ ရေသ့ေတာင္ၿမိဳ႕နယ္၊ ေအာင္သာစည္႐ြာ ေတာင္ဖက္ရွိ မိမိတို႔တပ္ဖြဲ႕ဝင္မ်ားအား စစ္ရာဇဝတ္နယ္ခ်ဲ႕ျမန္မာ့တပ္မေတာ္သည္အင္အားအလုံးအရင္းျဖင့္ ထိုးစစ္ဆင္တိုက္ခိုက္ေနခဲ့သည္မွာ ဇြန္လ(၂၆) ရက္ေန႔မွယေန႔ ဇူလိုင္လ(၅) ရက္ေန႔ဆိုပါက(၁၀) ရက္အထိၾကာျမင့္ခဲ့ၿပီျဖစ္သည္။ သို႔ေသာ္လည္း အာရကၡစစ္သည္ေတာ္မ်ားမွ အေကာင္းဆုံးခုခံတိုက္ခိုက္ႏိုင္ခဲ့ေသာေၾကာင့္ ရန္သူသည္ေရွ႕ဆက္မတိုးႏိုင္ဘဲ လက္နက္ႀကီးမ်ားကိုစုၿပဳံပစ္ခတ္ျခင္းမ်ားကိုသာျပဳလုပ္ႏိုင္ခဲ့သည္။


ဇူလိူင္လအတြင္း၌ ပလက္ဝၿမိဳ႕နယ္၏ ေနရာအခ်ိဳ႕၌ ႏွစ္ဖက္ရင္ဆိုင္ထိေတြ႕မႈ(၅) ႀကိမ္ရွိခဲ့သည္။


သတင္းႏွင့္ျပန္ၾကားေရး

ရကၡိဳင့္တပ္ေတာ္


၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လ(၁) ရက်မှ (၅) ရက်နေ့အတွင်း ရခိုင်ပြည်တိုက်ပွဲသတင်းများနှင့် ရခိုင်ဒေသအခြေအနေများ


မြန်မာ့တပ်မတော်သည် ရခိုင်ပြည်၊ ရသေ့တောင်မြို့နယ်၊ကျောက်တန်းကျေးရွာအုပ်စုတလျှောက် နယ်မြေရှင်းလင်းရေးလုပ်မည်ဟု၂၀၂၀ ပြည့်နှစ်၊ဇွန်လ(၂၄) ရက်နေ့၌ကြေညာခဲ့ပြီးနောက်တွင်၎င်းတို့ကြေညာထားသည့်အတိုင်း နယ်မြေရှင်းလင်းရေးနှင့်အတူထိုးစစ်များကို လက်နက်ကြီးပစ်ကူအမြောက်အမြားဖြင့်ပြုလုပ်လျက်ရှိသည်။


အဆိုပါကိစ္စနှင့်ပတ်သက်၍နိုင်ငံတကာမှ စိုးရိမ်ပူပန်ကြောင်းထုတ်ပြန်ကြေညာချက်ထုတ်ခဲ့ပြီးနောက် မြန်မာ့တပ်မတော်မှ ၎င်းကြေညာချက်ကိုရုပ်သိမ်းခဲ့သည်။ သို့သော်လည်း လက်တွေ့မြေပြင်တွင်မူ နယ်မြေရှင်းလင်းရေးခေါင်းစဉ် နှင့်အတူ ထိုးစစ်ဆင်တိုက်ခိုက်မှုများကိုဆက်လက်ပြုလုပ်နေဆဲဖြစ်သည်။


ထို့ကြောင့် ရသေ့တောင်မြို့နယ်၊ မြောက်ဦးမြို့နယ်အတွင်းရှိ ကျေးရွာ(၁၀) ကျော်မှ ရွာသူရွာသားများမှာ တိုက်ပွဲများကြောင့်မဟုတ်ဘဲ မြန်မာ့တပ်မတော်၏ ခြိမ်းခြောက်မှု၊ သတ်ဖြတ်မှု၊ မုဒိမ်းကျူးလွန်မှုများကိုစိုးရိမ်သောကြောင့် တစ်သောင်းကျော်သောရွာသူရွာသားများမှာနေရပ်စွန့်ခွာတိမ်းရှောင်သူများအဖြစ်သို့ရောက်ရှိခဲ့ရသည်။


မြန်မာ့တပ်မတော်သည် စစ်ရာဇဝတ်ကျူးလွန်ခြင်း၊ ရပ်ရွာများအတွင်းစခန်းချတပ်စွဲခြင်း၊ အပြစ်မဲ့ပြည်သူလူထုများအား လူမျိုးရေးအမုန်းတရားများဖြင့်သတ်ဖြတ်ခြင်း၊ဖမ်းဆီးနှိပ်စက်ခြင်း၊ ရွာသူရွာသားများပိုင်ဆိုင်သည့် ပစ္စည်းဥစ္စာများကိုခိုးယူခြင်း၊ ဖျက်ဆီးခြင်းတို့အပြင် မုဒိမ်းမှုကျူးလွန်ခြင်းများကို ရခိုင်ပြည်အနှံ့လက်ရဲဇက်ရဲ အတင့်ရဲစွာဆက်လက်ပြုလုပ်လျက်ရှိသည်။


နယ်မြေရှင်းလင်းရေးဟုအကြောင်းပြပြီး ရခိုင်ဒေသအတွင်းနေထိုင်ကြသော ဒေသခံပြည်သူလူထုများကို လူမျိုးဖြုတ်ရှင်းလင်းရေးသို့ဦးတည်သော ပြစ်မှုမျိုးကိုကျူးလွန်လျက်ရှိသည်။


ရသေ့တောင်မြို့နယ်၊ ပလက်ဝမြိ့နယ်အတွင်း တိုက်ပွဲများကြီးကြီးမားမားမရှိသော်လည်း တိုက်ပွဲငယ်များရှိခဲ့သည်။


အထူးသဖြင့် ရသေ့တောင်မြို့နယ်၊ အောင်သာစည်ရွာ တောင်ဖက်ရှိ မိမိတို့တပ်ဖွဲ့ဝင်များအား စစ်ရာဇဝတ်နယ်ချဲ့မြန်မာ့တပ်မတော်သည်အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်တိုက်ခိုက်နေခဲ့သည်မှာ ဇွန်လ(၂၆) ရက်နေ့မှယနေ့ ဇူလိုင်လ(၅) ရက်နေ့ဆိုပါက(၁၀) ရက်အထိကြာမြင့်ခဲ့ပြီဖြစ်သည်။ သို့သော်လည်း အာရက္ခစစ်သည်တော်များမှ အကောင်းဆုံးခုခံတိုက်ခိုက်နိုင်ခဲ့သောကြောင့် ရန်သူသည်ရှေ့ဆက်မတိုးနိုင်ဘဲ လက်နက်ကြီးများကိုစုပြုံပစ်ခတ်ခြင်းများကိုသာပြုလုပ်နိုင်ခဲ့သည်။


ဇူလိူင်လအတွင်း၌ ပလက်ဝမြို့နယ်၏ နေရာအချို့၌ နှစ်ဖက်ရင်ဆိုင်ထိတွေ့မှု(၅) ကြိမ်ရှိခဲ့သည်။


သတင်းနှင့်ပြန်ကြားရေး

ရက္ခိုင့်တပ်တော်


708 views
bottom of page