top of page

၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ(၉/၁၀)ရက်၊ ရခိုင်ပြည်တိုက်ပွဲသတင်းများ


ree


ဇန်နဝါရီလ(၉) ရက်နေ့တွင် မြောက်ဦးမြို့နယ်၏ ဘုရားကြီးရွာအနီးတွင်လည်းကောင်း၊ဝေသာလီရွာအနီးတွင်လည်းကောင်း၊တိုက်ပွဲများရှိခဲ့သည်။ ဤတိုက်ပွဲများအတွင်း ရန်သူ(၁၀) ဦးသုတ်သင်ရှင်းလင်းနိုင်ခဲ့သည်။

ကျောက်ဖြူမြို့နယ်၊ င/အုပ်ရွာ နှင့် ကျောက်ကလေရွာအကြားတွင် ရန်သူ့စစ်ကားတန်းအား နံနက်(၉) နာရီ(၃၅) မိနစ်၌ရက္ခိုင့်တပ်တော်မှ ဖြတ်တောက်တိုက်ခိုက်ခဲ့သည်။ အထိအခိုက်အကျအဆုံးမသိရသေးပါ။

အမ်းမြို့နယ်၊ ရှောက်ခြုံရွာ နှင့် မဲလက်မောင်းရွာအကြားရှိ ရှောက်ခြုံတောင်တန်းတွင်လည်း စစ်ရာဇဝတ်တပ်ဖွဲ့၏ တပ်မ(၆၆) လက်အောက်ခံတပ်ရင်းတစ်ခုနှင့် တိုက်ပွဲဖြစ်ပွားခဲ့ပြီး ပြင်းထန်သောတိုက်ပွဲတစ်ခုဖြစ်ကာ နှစ်ဖက်အထိအခိုက်အကျအဆုံးများရှိခဲ့သည်။ ရန်သူ့ဖက်မှ (၂၀) ဦးခန့်အထိကျဆုံးနိုင်သည်။ ရန်သူ၏ (၆၀) မမ၊ ဆက်သွယ်ရေးစက်၊ လက်နက်ခဲယမ်းအချို့ပါဝင်သော ခြင်းတောင်း(၅၀) နီးပါးအားသိမ်းဆည်းရမိခဲ့သည်။ သိမ်းဆည်းရမိပစ္စည်းများကိုဆက်လက်တင်ပေးသွားပါမည်။

ဇန်နဝါရီလ(၉) ရက်နေ့တွင် မြန်မာ့တပ်မတော်၏ စကခ(၁၅) တပ်မဌာနချုပ်မှ လက်နက်ကြီးအကြိမ်(၂၀) ခန့် နေရာအနှံ့ရမ်းသန်းပစ်ခတ်တိုက်ခိုက်ခဲ့သည်။

တိုက်ပွဲများအတွင်းသတ္တိပြောင်မြောက်စွာတိုက်ပွဲဝင်ခဲ့ပြီးတိုင်းပြည်နှင့်လူမျိုးအတွက်အသက်ပေးဆပ်စွန့်လွှတ်ခဲ့ရသောအာရက္ခစစ်သည်တော်များအားဂုဏ်ပြုမှတ်တမ်းတင်အပ်ပါသည်။

ဇန်နဝါရီလ(၁၀) ရက်နေ့တွင်လည်း ယခင်ရက်များ၌တိုက်ပွဲဖြစ်ပွားခဲ့သောနေရာအချို့၌ အပြန်အလှန်ကြိုကြားကြိုကြားပစ်ခတ်တိုက်ခိုက်မှုများရှိခဲ့သည်။

သတင်းနှင့်ပြန်ကြားရေး ရက္ခိုင့်တပ်တော်


Recent Posts

See All
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ (၁၂) ရက်နေ့ လေကြောင်းတိုက်ခိုက်မှု နောက်ဆုံးရသတင်း

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ (၁၃) ရက်၊ မနက် (၀၀) နာရီ (၁၈/၂၀) မိနစ် (တနည်းအားဖြင့်) ဒီဇင်ဘာလ(၁၂) ရက် ညဉ့် အချိန်တို့တွင် ပုဏ္ဏားကျွန်းမြို့နယ်အတွင်းရှိ ရွာအချို့ ( ရွာအမည်စုံစမ်းဆဲ) အား ဖက်ဆစ် အကြမ်းဖက် စစ်ရ

 
 
 

Comments


  • Telegram-White
  • YouTube
  • Vkontakte
  • Twitter

Copyright © 2020 Arakan Army

bottom of page