top of page

၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ(၈)ရက်၊ ရခိုင်ပြည်တိုက်ပွဲသတင်းများ

ree


ဇန်နဝါရီလ(၈) ရက်နေ့တွင် မင်းပြားမြို့နယ်အတွင်း “ခွဆုံရွာ”နှင့် “ကျော်ကရွာ” အနီးပတ်ဝန်းကျင်၌တိုက်ပွဲများဖြစ်ပွားခဲ့ပြီး ဤတိုက်ပွဲများအတွင်းရန်သူ(၃) ဦး(မျက်မြင်)အားထပ်မံသုတ်သင်ရှင်းလင်းနိုင်ခဲ့သည်။ ရန်သူ့ဖက်မှဒဏ်ရာရရှိသူ(၁၀) ဦးခန့်ထပ်မံရှိနိုင်သည်။

ဇန်နဝါရီလ(၈) ရက်နေ့တွင် မင်းပြားမြို့နယ်၊ "ခွဆုံရွာ"အနီး၌နံနက်(၉) နာရီ(၃၃) မိနစ်တွင်လည်းကောင်း၊ မင်းပြားမြို့နယ်၊ ကျော်ကရွာအရှေ့မြောက်ဖက်(၅.၅) ကီလိုမီတာအကွာအဝေး၌ နံနက်(၁၁) နာရီ(၀၅) မိနစ်တွင်လည်းကောင်းတိုက်ပွဲများအသီးသီးဖြစ်ပွားခဲ့သည်။ ခွဆုံရွာအနီးတိုက်ပွဲအတွင်း မြန်မာ့တပ်မတော်ဖက်မှ နံနက်(၁၁) နာရီခန့်တွင် ရဟတ်ယာဉ်(၂) စီးဖြင့် နာရီဝက်ခန့်လာရောက်တိုက်ခိုက်ခဲ့သည်။

ထို့အတူ ဇန်နဝါရီလ(၇) ရက်၊ ဖားပြို(ချင်း) ရွာအနီးတိုက်ပွဲ၌လည်း မြန်မာ့တပ်မတော်သည် ရဟတ်ယာဉ်(၂) စီးဖြင့် နှစ်နာရီနီးပါးခန့်လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

တိုက်ပွဲများအတွင်းသတ္တိပြောင်မြောက်စွာတိုက်ပွဲဝင်ခဲ့သောအာရက္ခစစ်သည်တော်များအားဂုဏ်ပြုမှတ်တမ်းတင်အပ်ပါသည်။

သတင်းနှင့်ပြန်ကြားရေး ရက္ခိုင့်တပ်တော်

Recent Posts

See All
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ (၁၂) ရက်နေ့ လေကြောင်းတိုက်ခိုက်မှု နောက်ဆုံးရသတင်း

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ (၁၃) ရက်၊ မနက် (၀၀) နာရီ (၁၈/၂၀) မိနစ် (တနည်းအားဖြင့်) ဒီဇင်ဘာလ(၁၂) ရက် ညဉ့် အချိန်တို့တွင် ပုဏ္ဏားကျွန်းမြို့နယ်အတွင်းရှိ ရွာအချို့ ( ရွာအမည်စုံစမ်းဆဲ) အား ဖက်ဆစ် အကြမ်းဖက် စစ်ရ

 
 
 

Comments


  • Telegram-White
  • YouTube
  • Vkontakte
  • Twitter

Copyright © 2020 Arakan Army

bottom of page