top of page

၂၀၁၉၊စက္တင္ဘာလ(၁/၂)ရက္၊႐ွမ္းျပည္ေျမာက္ပိုင္းႏွင့္ရခိုင္ေဒသအတြင္းျဖစ္ပြားခဲ့ေသာတိုက္ပြဲသတင္းမ်ား

၂၀၁၉ ခုႏွစ္၊စက္တင္ဘာလ(၁) ရက္ေန႔တြင္ ရွမ္းျပည္၊ ကြတ္ခိုင္၊ မိုးမိတ္၊နမ့္ခမ္းၿမိဳ႕နယ္မ်ားတြင္ တိုက္ပြဲမ်ားရွိခဲ့သကဲ့သို႔ စက္တင္ဘာလ(၂) ရက္ေန႔တြင္လည္း တိုက္ပြဲမ်ားရွိခဲ့သည္။

ျမန္မာစစ္တပ္သည္ မိမိတို႔အား လက္ဦးမႈရယူကာ ထိုးစစ္ဆင္တိုက္ခိုက္ျခင္း၊ ရဟတ္ယာဥ္မ်ားျဖင့္ လာေရာက္တိုက္ခိုက္ျခင္း၊ လက္နက္ႀကီးမ်ားျဖင့္ ရမ္းသန္းပစ္ခတ္ျခင္းမ်ားကိုျပဳလုပ္လွ်က္ရွိသည္။

မိမိတို႔အေနျဖင့္ ျမန္မာစစ္တပ္၏အဆိုပါတိုက္ခိုက္မႈမ်ားကို မိမိကိုယ္မိမိခုခံကာကြယ္ေသာအားျဖင့္မလြဲမေရွာင္သာခုခံကာကြယ္ရျခင္းေၾကာင့္ တိုက္ပြဲမ်ားဆက္လက္ရွိေနခဲ့သည္။ ၂၀၁၉ ခုႏွစ္ စက္တင္ဘာလ (၂)ရက္ေန႔ ညေန (၁၆း၁၂)နာရီမွ (၁၇း၀၀)နာရီအထိ ျမန္မာစစ္တပ္သည္ ရဟတ္ယာဥ္ (၃)စီးျဖင့္ (၄)ႀကိမ္တိုင္တိုင္မိမိတို႔ညီေနာင္မဟာမိတ္တပ္ဖြဲ႕မ်ားရွိရာ တပ္စခန္းမ်ားကိုလာေရာက္ပစ္ခတ္တိုက္ခိုက္ခဲ့သည္။

ဤကဲ့သို႔ရဟတ္ယာဥ္(၃) စီးေပၚမွ လွည့္ပတ္ပစ္ခတ္တိုက္ခိုက္ျခင္းေၾကာင့္ ကြတ္ခိုင္ၿမိဳ႕ ေဟြခုတ္ေက်းရြာ၊ပန္ေဆးရြာ၊လြယ္ဆိုင္ေတာင္ဘုရား ႏွင့္ ၎ပတ္၀န္းက်င္ေက်းရြာမ်ားအနီးတြင္ က်ေရာက္ေပါက္ကြဲခဲ့သည္။

ထို႔အတူျမန္မာစစ္တပ္၊ခလရ (၄၅)တပ္စခန္းမွေတ၍လည္း ေဟြခုတ္ေက်းရြာ၊ပန္ေဆးရြာ၊လြယ္ဆိုင္ေတာင္ဘုရား ဘက္သို႔ လက္နက္ႀကီးမ်ားျဖင့္ပစ္ခတ္တိုက္ခိုက္ခဲ့သည္။

ထို႔ေၾကာင့္"ေဟြခုတ္ေက်းရြာ"လူေနအိမ္အခိ်ဳ႕အပါအဝင္ ဘုန္းႀကီးေက်ာင္းအား ျမန္မာစစ္တပ္ဖက္မွပစ္လိုက္ေသာလက္နက္ႀကီးက်ည္ထိမွန္ခဲ့သည္။ အေသးစိပ္အခ်က္အလက္ မ်ားကိုေလာေလာဆယ္မသိရေသးပါ။ သိရွိရပါက ဆက္လက္တင္ေပးသြားပါမည္။

ရခိုင္ေဒသအတြင္း၌လည္း ေျမာက္ဦးၿမိဳ႕နယ္၊ ေက်ာက္ေတာ္ၿမိဳ႕နယ္အတြင္း၌ တိုက္ပြဲမ်ားရွိခဲ့သည္။ ရန္သူသည္မိမိတို႔ရွိရာေနရာသို႔က်ဴးေက်ာ္ဝင္ေရာက္လာေသာေၾကာင့္တိုက္ပြဲျဖစ္ပြားရျခင္းျဖစ္သည္။

အျခားေသာတိုက္ပြဲမ်ားႏွင့္ ေနာက္ဆက္တြဲ တိုက္ပြဲသတင္းမ်ားအား အခိ်န္ႏွင့္တေျပးညီတင္ေပးသြားပါမည္။

ညီ​ေနာင္​မဟာမိတ္​ (၃) ဖြဲ႔ MNTJP/MNDAA, PSLF/TNLA, ULA/AA




Unicode


၂၀၁၉ ခုနှစ်၊စက်တင်ဘာလ(၁) ရက်နေ့တွင် ရှမ်းပြည်၊ ကွတ်ခိုင်၊ မိုးမိတ်၊နမ့်ခမ်းမြို့နယ်များတွင် တိုက်ပွဲများရှိခဲ့သကဲ့သို့ စက်တင်ဘာလ(၂) ရက်နေ့တွင်လည်း တိုက်ပွဲများရှိခဲ့သည်။


မြန်မာစစ်တပ်သည် မိမိတို့အား လက်ဦးမှုရယူကာ ထိုးစစ်ဆင်တိုက်ခိုက်ခြင်း၊ ရဟတ်ယာဉ်များဖြင့် လာရောက်တိုက်ခိုက်ခြင်း၊ လက်နက်ကြီးများဖြင့် ရမ်းသန်းပစ်ခတ်ခြင်းများကိုပြုလုပ်လျှက်ရှိသည်။


မိမိတို့အနေဖြင့် မြန်မာစစ်တပ်၏အဆိုပါတိုက်ခိုက်မှုများကို မိမိကိုယ်မိမိခုခံကာကွယ်သောအားဖြင့်မလွဲမရှောင်သာခုခံကာကွယ်ရခြင်းကြောင့် တိုက်ပွဲများဆက်လက်ရှိနေခဲ့သည်။

၂၀၁၉ ခုနှစ် စက်တင်ဘာလ (၂)ရက်နေ့ ညနေ (၁၆း၁၂)နာရီမှ (၁ရးဝ၀)နာရီအထိ မြန်မာစစ်တပ်သည် ရဟတ်ယာဉ် (၃)စီးဖြင့် (၄)ကြိမ်တိုင်တိုင်မိမိတို့ညီနောင်မဟာမိတ်တပ်ဖွဲ့များရှိရာ တပ်စခန်းများကိုလာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့သည်။


ဤကဲ့သို့ရဟတ်ယာဉ်(၃) စီးပေါ်မှ လှည့်ပတ်ပစ်ခတ်တိုက်ခိုက်ခြင်းကြောင့် ကွတ်ခိုင်မြို့ ဟွေခုတ်ကျေးရွာ၊ပန်ဆေးရွာ၊လွယ်ဆိုင်တောင်ဘုရား နှင့် ၎င်းပတ်ဝန်းကျင်ကျေးရွာများအနီးတွင် ကျရောက်ပေါက်ကွဲခဲ့သည်။


ထို့အတူမြန်မာစစ်တပ်၊ခလရ (၄၅)တပ်စခန်းမှတေ၍လည်း ဟွေခုတ်ကျေးရွာ၊ပန်ဆေးရွာ၊လွယ်ဆိုင်တောင်ဘုရား ဘက်သို့ လက်နက်ကြီးများဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့သည်။


ထို့ကြောင့်"ဟွေခုတ်ကျေးရွာ"လူနေအိမ်အချို့အပါအဝင် ဘုန်းကြီးကျောင်းအား မြန်မာစစ်တပ်ဖက်မှပစ်လိုက်သောလက်နက်ကြီးကျည်ထိမှန်ခဲ့သည်။ အသေးစိပ်အချက်အလက် များကိုလောလောဆယ်မသိရသေးပါ။ သိရှိရပါက ဆက်လက်တင်ပေးသွားပါမည်။


ရခိုင်ဒေသအတွင်း၌လည်း မြောက်ဦးမြို့နယ်၊ ကျောက်တော်မြို့နယ်အတွင်း၌ တိုက်ပွဲများရှိခဲ့သည်။ ရန်သူသည်မိမိတို့ရှိရာနေရာသို့ကျူးကျော်ဝင်ရောက်လာသောကြောင့်တိုက်ပွဲဖြစ်ပွားရခြင်းဖြစ်သည်။


အခြားသောတိုက်ပွဲများနှင့် နောက်ဆက်တွဲ တိုက်ပွဲသတင်းများအား အချိန်နှင့်တပြေးညီတင်ပေးသွားပါမည်။


ညီ​နောင်​မဟာမိတ်​ (၃) ဖွဲ့

MNTJP/MNDAA, PSLF/TNLA, ULA/AA

333 views
bottom of page