top of page

၂၀၁၉ ခုနှစ် သြဂုတ်လ (၂၈)ရက်၊ရှမ်းပြည်မြောက်ပိုင်းနှင့်ရခိုင်ဒေသအတွင်းဖြစ်ပွားခဲ့သောတိုက်ပွဲသတင်းများ

ရွမ္းေျမာက္ေဒသႏွင့္ ရခိုင္ေဒသအတြင္း ျမန္မာစစ္တပ္ႏွင့္မိမိတို႔အၾကားတိုက္ပြဲမ်ားမွာဆက္လက္ျပင္းထန္

ေနခဲ့သည္။

(၁) နမ့္ဖတ္ကာ ႏွင့္ ရင္ကြဲေတာင္ အၾကားတြင္ နံနက္(၀၆:၀၀) နာရီတြင္လည္းေကာင္း၊

(၂) ၾသဂုတ္(၂၈) ရက္၊နံနက္ (၀၆း၂၀)နာရီမွ (၀၇း၀၀)နာရီအထိလားရိႈးၿမိဳ႕နယ္၊"နမ့္ေပါင္ရြာ "အနီးတြင္ျမန္မာစစ္တပ္၏ခလရ (၂၉၁) ႏွင့္လည္းေကာင္း၊

(၃) နံနက္ (၀၇း၃၀)နာရီတြင္ ေက်ာက္မဲၿမိဳ႕နယ္ "ပါလိုင္ရြာ"အထက္ဖက္တြင္ ျမန္မာစစ္တပ္၏တပ္မ (၉၉) ႏွင့္လည္းေကာင္း၊

(၄) ေန႔လည္ (၁၀း၄၅) နာရီမွ (၁၁း၄၅)နာရီအခိ်န္အထိ ကြတ္ခိုင္ၿမိဳ႕နယ္၊"လံုစိန္ရြာ(ေနာင္ေဆြရြာ"အနီး တြင္ ျမန္မာစစ္တပ္ ခလရ(၄၅)ႏွင့္လည္းေကာင္း

(၅)ေန႔လည္ (၁၂း၁၀) နာရီမွ (၁၂း၂၅)နာရီအထိ ကြတ္ခိုင္ၿမိဳ႕နယ္ ခလရ (၄၅) ႏွင့္လည္းေကာင္း၊

(၆) ေန႔လည္ (၁၃း၁၀)နာရီမွ(၁၃း၃၈)နာရီအထိ ကြတ္ခိုင္ၿမိဳ႕နယ္၊မန္ပိန္းရြာ အနီးတြင္လည္းေကာင္း၊

(၇) ညေန (၁၇း၀၀)နာရီမွ (၁၇း၃၅)နာရီအထိ ကြတ္ခိုင္ၿမိဳ႕နယ္၊နမ့္ကြတ္ရြာအနီးတြင္လည္းေကာင္း

(၈) ညေန (၁၇း၂၀)နာရီမွ (၁၈း၃၀)နာရီအထိ ကြတ္ခိုင္ၿမိဳ႕နယ္ နမ့္ပါခီ်းရြာႏွင့္ ခန္းေမာက္ရြာၾကားတြင္ လည္းေကာင္း

(၉) ည (၁၈:၄၅) နာရီမွ (၁၉:၁၅) နာရီအခိ်န္အထိ ကြတ္ခိုင္ၿမိဳ႕နယ္၊ နမ့္ပါခီ်းရြာ ႏွင့္ ကုန္းဆာရြာ အၾကားတြင္လည္းေကာင္း

ေနရာ(၉) ေနရာ၌တိုက္ပြဲမ်ားအသီးသီးျဖစ္ပြားခဲ့သည္။

"၂၀၁၉ ခုႏွစ္၊ ၾသဂုတ္(၂၈) ရက္ ရခိုင္ျပည္တိုက္ပြဲသတင္းမ်ား"

ၾသဂုတ္(၂၈) ေန႔သည္ ယခုႏွစ္အတြင္းရခိုင္ေဒသအတြင္း၌ျဖစ္ပြားခဲ့ေသာတိုက္ပြဲမ်ားထဲတြင္ အျပင္းထန္ဆံုးေန႔ရက္မ်ားထဲမွ တစ္ရက္ဟုေျပာ၍ရေလာက္သည္အထိ တိုက္ပြဲမ်ားသည္ ေျမာက္ဦး၊ဘူးသီးေတာင္၊ မင္းျပားၿမိဳ႕နယ္မ်ား၌တစ္ရက္လံုးနီးပါးေတာက္ေလွ်ာက္ျဖစ္ပြားခဲ့သည္။

(၁)ျသဂုတ္(၂၈)ရက္၊ မနက္(၀၄:၀၀) မွ (၀၇:၀၀) အထိ ေျမာက္ဦးၿမိဳ႕နယ္၊ ထိပ္ဝျပင္ရြာအေရွ႕ဖက္၊ေပါက္ပင္ကြင္းရြာအနီးရွိ၊ “လင္းေႁမြေတာင္"တြင္ အင္အား(၂၀၀) ခန္႔ရွိရန္သူ႔စစ္ေၾကာင္းအားတိုက္ခိုက္ခဲ့သည္။ ယခုေနရာ၌ ရန္သူသည္ လက္နက္ႀကီးစခန္းအျဖစ္အသံုးျပဳကာမိမိတို႔အား ေတာက္ေလွ်ာက္တိုက္ခိုက္ေနေသာေနရာျဖစ္သည့္အျပင္တိုက္ပြဲျဖစ္ပြားျခင္းမရွိဘဲလက္နက္ႀကီးမ်ားျဖင့္ ၿမိဳ႕၊ရြာမ်ားႏွင့္ျပည္သူလူထုကိုဦးတည္ပစ္မွတ္ထားတိုက္ခိုက္ေနခဲ့ေသာေၾကာင့္ ယခုကဲ့သို႔တိုက္ခိုက္ရျခင္းျဖစ္သည္။

ျမန္မာစစ္တပ္သည္ လက္နက္ႀကီးစခန္းမ်ားအျဖစ္ ၿမိဳ႕ရြာအနီးပတ္ဝန္းက်င္မ်ား၌လည္းေကာင္း၊ ဘုန္းႀကီးေက်ာင္း၊ ဘုရား၊ေက်ာင္းကန္ေနရာမ်ားမွေန၍လည္းေကာင္း လက္နက္ႀကီးမ်ားျဖင့္ ပစ္ခတ္တိုက္ခိုက္ေနခဲ့သည္မွာကာလအတန္ၾကာခဲ့ၿပီးျဖစ္သည္။ဤသည္မွာ ျပည္သူလူထုကိုျပန္ေပးဆြဲထားျခင္းႏွင့္တူၿပီးလူထုကိုအကာအကြယ္ယူၿပီးတိုက္ခိုက္ေနျခင္းပင္ျဖစ္သည္။

သံုးနာရီေက်ာ္ၾကာတိုက္ခိုက္မႈအတြင္း ျမန္မာစစ္တပ္ဖက္မွ အနည္းဆံုး(၂၀)ဦးခန္႔ေသဆံုးၿပီးမိမိတို႔ဖက္မွ အထိအခိုက္အက်အဆံုးအနည္းဆံုးျဖင့္ "လင္းေႁမြေတာင္" ရွိရန္သူ႔စခန္းအားအထိနာေအာင္တိုက္ခိုက္ႏိုင္ခဲ့သည္။မိမိတို႔ဖက္မွလည္း စစ္သည္ေတာ္(၂) ဦးအသက္ေပးဆပ္စြန္႔လႊတ္ခဲ့ရၿပီးဒဏ္ရာရသူအခိ်ဳ႕ရွိခဲ့သည္။ (ေနာက္ပိုင္းသိရွိရေသာသတင္းမ်ားအရ ေသဆံုး (၃၀) အထက္ရွိခဲ့သည္)

(၂)ထို႔အျပင္ ေက်ာက္ေတာ္၊ စကခ(၉) ႏွင့္ " ေဒါင္းေတာ္႐ိုးရြာ" အနီးရွိ ျမန္မာစစ္တပ္၏အျခားေသာလက္ နက္ႀကီးစခန္းအခိ်ဳ႕ကိုတၿပိဳင္နက္တည္းဝင္ေရာက္တိုက္ခိုက္ခဲ့သည္။

(၃) ၾသဂုတ္လ(၂၈) ရက္၊ နံနက္(၀၇:၄၅) နာရီမွ (၁၀:၁၅) နာရီအခိ်န္အထိ ဘူးသီးေတာင္ၿမိဳ႕နယ္၊ ေခါင္းတိုက္(ကုုုလား) ရြာအနီးတြင္ ျမန္မာစစ္တပ္၏ အင္အား(၁၀၀) ေက်ာ္ပါစစ္ေၾကာင္းႏွင့္ထိေတြ႕တိုက္ပြဲျဖစ္ပြားခဲ့သည္။ (၂) နာရီ(၃၀) မိနစ္နီးပါးၾကာအျပန္အလွန္ပစ္ခတ္တိုက္ခိုက္မႈအတြင္း ရန္သူ႔ဖက္မွမ်က္ျမင္(၁၃) ဦးက်ဆံုးၿပီးဒဏ္ရာရသူအမ်ားအျပားရွိခဲ့ၿပီး တပ္ရင္းမႉး(သို႔မဟုတ္) ဒုရင္းမႉးအဆင့္ရွိသူတစ္ဦး က်ဆံုး(သို႔မဟုတ္) ဒဏ္ရာရရွိသြားေၾကာင္းသိရွိရသည္။

(၄) ၾသဂုတ္(၂၈)ရက္၊(၀၈:၀၀) နာရီအခိ်န္တြင္လည္း ဘူးသီးေတာင္ၿမိဳ႕နယ္၊ ၾကာညိဳျပင္ရြာႏွင့္ကင္းေတာင္ရြာအၾကားတြင္ မိနစ္အနည္းငယ္ၾကာထိေတြ႕တိုက္ခိုက္မႈျဖစ္ပြားခဲ့သည္။

(၅) ၾသဂုတ္(၂၈) ရက္၊ (၁၀:၄၀) နာရီခန္႔တြင္ ရန္သူသည္ မိမိတို႔ရွိရာေနရာျဖစ္ေသာ မင္းျပားၿမိဳ႕နယ္၊ ပန္းေျမာင္းရြာအေရွ႕ေျမာက္ဖက္(၃.၁) ကီလိုမီတာအကြာအေဝးရွိရာေနရာသို႔ထိုးစစ္ဆင္တိုက္ခိုက္လာေသာေၾကာင့္ တိုက္ပြဲျဖစ္ပြားခဲ့သည္။ ရန္သူသည္ နံနက္(၈:၂၀) မွစတင္ၿပီးေနရာ(၄) ေနရာမွေန၍လက္နက္ ႀကီးမ်ားျဖင့္ေတာက္ေလွ်ာက္ပစ္ခတ္တိုက္ခိုက္ခဲ့ၿပီး (၁၀:၄၀) နာရီမွစတင္ထိုးစစ္ဆင္တိုက္ခို္က္ခဲ့ျခင္းျဖစ္ သည္။ သို႔ေသာ္လည္း နာရီဝက္ခန္႔အၾကာသာထိုးစစ္ဆင္တိုက္ခိုက္ခဲ့သည္။ ထို႔ေနာက္ ေန႔လည္(၁၄:၀၀) နာရီအခိ်န္အထိ လက္နက္ႀကီးမ်ားျဖင့္ဆက္လက္ပစ္ခတ္တိုက္ခိုက္ေနခဲ့သည္။

မိမိတို႔မွတ္တမ္းမ်ားအရ ရန္သူ၏လက္နက္ႀကီး(၄) ေနရာမွပစ္ခတ္တိုက္ခိုက္သည့္အႀကိမ္အေရအတြက္ (၅၀၀) ငါးရာေက်ာ္အထိရွိခဲ့သည္။

(၆) ၾသဂုတ္(၂၈) ရက္၊ ည(၂၁:၀၀) နာရီအခိ်န္တြင္လည္း မင္းျပားၿမိဳ႕နယ္၊ ေရႊက်င္ရြာေျမာက္ဖက္(၁) ကီလိုမီတာအကြာအေဝးတြင္လည္း ရန္သူသည္မိမိတို႔ရွိရာေနရာသို႔ဝင္ေရာက္လာေသာေၾကာင့္ မိနစ္(၂၀) ခန္႔တိုက္ပြဲျဖစ္ပြားခဲ့သည္။

(၇) ၾသဂုတ္(၂၈) ရက္၊ ည(၁၉:၀၀) နာရီအခိ်န္တြင္လည္း ေျမာက္ဦးၿမိဳ႕နယ္၊ ေတာင္ဦးရြာ အနီးတြင္တိုက္ပြဲျဖစ္ပြားခဲ့သည္။( တိုက္ပြဲေနာက္ဆက္တြဲသတင္းမ်ားကို ေနာက္ေန႔တြင္ ဆက္လက္တင္ေပးသြားပါမည္)

ယေန႔တိုက္ပြဲျဖစ္ပြားခဲ့သည့္ေနရာ(၇) ေနရာ၌ ရန္သူ႔ဖက္မွ အနည္းဆံုးက်ဆံုးသူ(၅၀) ဦးခန္႔ရွိခဲ့ၿပီးဒဏ္ရာရသူမ်ားလည္းထပ္မံရွိခဲ့သည္။ မိမိတို႔ဖက္မွလည္း ဒဏ္ရာရသူအခိ်ဳ႕ရွိခဲ့သည္။အသက္ေပးဆပ္စြန္႔လႊတ္သူအခိ်ဳ႕ရွိခဲ့သည္။

ယခုရက္မ်ားအတြင္း ရခိုင္လူထုကို ဦးတည္ပစ္မွတ္ထားကာျမန္မာစစ္တပ္ဖက္မွ လက္နက္ႀကီးမ်ားျဖင့္ပစ္ခတ္တိုက္ခိုက္ျခင္းမ်ားကိုခပ္စိပ္စိပ္ျပဳလုပ္လာေနခဲ့သည္။ ၾသဂုတ္(၂၄) တြင္ ရခိုင္၊ရွမ္းေျမာက္ေဒသအတြင္း၌ ျမန္မာစစ္တပ္၏ လက္နက္ႀကီးမ်ားျဖင့္ပစ္ခတ္တိုက္ခိုက္မႈေၾကာင့္ ေက်ာင္းသား/ေက်ာင္းသူ အရပ္သားမ်ားေသဆံုးခဲ့ၾကရသည္။

ဤကဲ့သို႔ လက္နက္ႀကီးမ်ားျဖင့္ပစ္ခတ္တိုက္ခိုက္ေနေသာတပ္ရင္းမ်ား၊ ရခိုင္ၿမိဳ႕၊ရြာမ်ားကို ျပန္ေပးဆြဲထားျခင္းႏွင့္တူၿပီး လူထုကိုအကာအကြယ္ယူကာတိုက္ခိုက္ေနေသာ လက္နက္ႀကီးစခန္းမ်ားကို မတိုက္ခိုက္ရန္ သတိ္ေပးထုတ္ျပန္ျခင္း၊ တိုက္႐ိုက္တမိဳ်း-သြယ္ဝိုက္တဖံု သတိေပးေသာ္လည္း လိုက္နာျခင္းမရွိသည့္အျပင္အတင့္ရဲကာ ထပ္မံ၍တိုက္ခိုက္လာေနေသာေၾကာင့္ ရကၡိဳင့္တပ္ေတာ္၊ကြန္မန္ဒိုမ်ားမွ မလြဲမေရွာင္သာသတိေပးသည့္အေနျဖင့္ဝင္ေရာက္တိုက္ခိုက္ခဲ့ျခင္းျဖစ္သည္။

ေနာက္ဆက္တြဲ တိုက္ပြဲသတင္းမ်ားအား အခိ်န္ႏွင့္တေျပးညီတင္ေပးသြားပါမည္။

ညီ​ေနာင္​မဟာမိတ္​ (၃) ဖြဲ႔ MNTJP/MNDAA, PSLF/TNLA, ULA/AA



Unicode



ရှမ်းမြောက်ဒေသနှင့် ရခိုင်ဒေသအတွင်း မြန်မာစစ်တပ်နှင့်မိမိတို့အကြားတိုက်ပွဲများမှာဆက်လက်ပြင်းထန်နေခဲ့သည်။


(၁) နမ့်ဖတ်ကာ နှင့် ရင်ကွဲတောင် အကြားတွင် နံနက်(၀၆:၀၀) နာရီတွင်လည်းကောင်း၊


(၂) သြဂုတ်(၂၈) ရက်၊နံနက် (၀၆း၂၀)နာရီမှ (ဝရးဝ၀)နာရီအထိလားရှိုးမြို့နယ်၊"နမ့်ပေါင်ရွာ "အနီးတွင်မြန်မာစစ်တပ်၏ခလရ (၂၉၁) နှင့်လည်းကောင်း၊


(၃) နံနက် (ဝရး၃၀)နာရီတွင် ကျောက်မဲမြို့နယ် "ပါလိုင်ရွာ"အထက်ဖက်တွင် မြန်မာစစ်တပ်၏တပ်မ (၉၉) နှင့်လည်းကောင်း၊


(၄) နေ့လည် (၁ဝး၄၅) နာရီမှ (၁၁း၄၅)နာရီအချိန်အထိ ကွတ်ခိုင်မြို့နယ်၊"လုံစိန်ရွာ(နောင်ဆွေရွာ"အနီး တွင် မြန်မာစစ်တပ် ခလရ(၄၅)နှင့်လည်းကောင်း


(၅)နေ့လည် (၁၂း၁၀) နာရီမှ (၁၂း၂၅)နာရီအထိ ကွတ်ခိုင်မြို့နယ် ခလရ (၄၅) နှင့်လည်းကောင်း၊


(၆) နေ့လည် (၁၃း၁၀)နာရီမှ(၁၃း၃၈)နာရီအထိ ကွတ်ခိုင်မြို့နယ်၊မန်ပိန်းရွာ အနီးတွင်လည်းကောင်း၊


(၇) ညနေ (၁ရးဝ၀)နာရီမှ (၁ရး၃၅)နာရီအထိ ကွတ်ခိုင်မြို့နယ်၊နမ့်ကွတ်ရွာအနီးတွင်လည်းကောင်း


(၈) ညနေ (၁ရး၂၀)နာရီမှ (၁၈း၃၀)နာရီအထိ ကွတ်ခိုင်မြို့နယ် နမ့်ပါချီးရွာနှင့် ခန်းမောက်ရွာကြားတွင် လည်းကောင်း


(၉) ည (၁၈:၄၅) နာရီမှ (၁၉:၁၅) နာရီအချိန်အထိ ကွတ်ခိုင်မြို့နယ်၊ နမ့်ပါချီးရွာ နှင့် ကုန်းဆာရွာ အကြားတွင်လည်းကောင်း


နေရာ(၉) နေရာ၌တိုက်ပွဲများအသီးသီးဖြစ်ပွားခဲ့သည်။


"၂၀၁၉ ခုနှစ်၊ သြဂုတ်(၂၈) ရက် ရခိုင်ပြည်တိုက်ပွဲသတင်းများ"


သြဂုတ်(၂၈) နေ့သည် ယခုနှစ်အတွင်းရခိုင်ဒေသအတွင်း၌ဖြစ်ပွားခဲ့သောတိုက်ပွဲများထဲတွင် အပြင်းထန်ဆုံးနေ့ရက်များထဲမှ တစ်ရက်ဟုပြော၍ရလောက်သည်အထိ တိုက်ပွဲများသည် မြောက်ဦး၊ဘူးသီးတောင်၊ မင်းပြားမြို့နယ်များ၌တစ်ရက်လုံးနီးပါးတောက်လျှောက်ဖြစ်ပွားခဲ့သည်။


(၁)သြဂုတ်(၂၈)ရက်၊ မနက်(၀၄:၀၀) မှ (၀၇:၀၀) အထိ မြောက်ဦးမြို့နယ်၊ ထိပ်ဝပြင်ရွာအရှေ့ဖက်၊ပေါက်ပင်ကွင်းရွာအနီးရှိ၊ “လင်းမြွေတောင်"တွင် အင်အား(၂၀၀) ခန့်ရှိရန်သူ့စစ်ကြောင်းအားတိုက်ခိုက်ခဲ့သည်။ ယခုနေရာ၌ ရန်သူသည် လက်နက်ကြီးစခန်းအဖြစ်အသုံးပြုကာမိမိတို့အား တောက်လျှောက်တိုက်ခိုက်နေသောနေရာဖြစ်သည့်အပြင်တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲလက်နက်ကြီးများဖြင့် မြို့၊ရွာများနှင့်ပြည်သူလူထုကိုဦးတည်ပစ်မှတ်ထားတိုက်ခိုက်နေခဲ့သောကြောင့် ယခုကဲ့သို့တိုက်ခိုက်ရခြင်းဖြစ်သည်။


မြန်မာစစ်တပ်သည် လက်နက်ကြီးစခန်းများအဖြစ် မြို့ရွာအနီးပတ်ဝန်းကျင်များ၌လည်းကောင်း၊ ဘုန်းကြီးကျောင်း၊ ဘုရား၊ကျောင်းကန်နေရာများမှနေ၍လည်းကောင်း လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်နေခဲ့သည်မှာကာလအတန်ကြာခဲ့ပြီးဖြစ်သည်။ဤသည်မှာ ပြည်သူလူထုကိုပြန်ပေးဆွဲထားခြင်းနှင့်တူပြီးလူထုကိုအကာအကွယ်ယူပြီးတိုက်ခိုက်နေခြင်းပင်ဖြစ်သည်။


သုံးနာရီကျော်ကြာတိုက်ခိုက်မှုအတွင်း မြန်မာစစ်တပ်ဖက်မှ အနည်းဆုံး(၂၀)ဦးခန့်သေဆုံးပြီးမိမိတို့ဖက်မှ အထိအခိုက်အကျအဆုံးအနည်းဆုံးဖြင့် "လင်းမြွေတောင်" ရှိရန်သူ့စခန်းအားအထိနာအောင်တိုက်ခိုက်နိုင်ခဲ့သည်။မိမိတို့ဖက်မှလည်း စစ်သည်တော်(၂) ဦးအသက်ပေးဆပ်စွန့်လွှတ်ခဲ့ရပြီးဒဏ်ရာရသူအချို့ရှိခဲ့သည်။ (နောက်ပိုင်းသိရှိရသောသတင်းများအရ သေဆုံး (၃၀) အထက်ရှိခဲ့သည်)


(၂)ထို့အပြင် ကျောက်တော်၊ စကခ(၉) နှင့် " ဒေါင်းတော်ရိုးရွာ" အနီးရှိ မြန်မာစစ်တပ်၏အခြားသောလက် နက်ကြီးစခန်းအချို့ကိုတပြိုင်နက်တည်းဝင်ရောက်တိုက်ခိုက်ခဲ့သည်။


(၃) သြဂုတ်လ(၂၈) ရက်၊ နံနက်(၀၇:၄၅) နာရီမှ (၁၀:၁၅) နာရီအချိန်အထိ ဘူးသီးတောင်မြို့နယ်၊ ခေါင်းတိုက်(ကုုုလား) ရွာအနီးတွင် မြန်မာစစ်တပ်၏ အင်အား(၁၀၀) ကျော်ပါစစ်ကြောင်းနှင့်ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့သည်။ (၂) နာရီ(၃၀) မိနစ်နီးပါးကြာအပြန်အလှန်ပစ်ခတ်တိုက်ခိုက်မှုအတွင်း ရန်သူ့ဖက်မှမျက်မြင်(၁၃) ဦးကျဆုံးပြီးဒဏ်ရာရသူအများအပြားရှိခဲ့ပြီး တပ်ရင်းမှူး(သို့မဟုတ်) ဒုရင်းမှူးအဆင့်ရှိသူတစ်ဦး ကျဆုံး(သို့မဟုတ်) ဒဏ်ရာရရှိသွားကြောင်းသိရှိရသည်။


(၄) သြဂုတ်(၂၈)ရက်၊(၀၈:၀၀) နာရီအချိန်တွင်လည်း ဘူးသီးတောင်မြို့နယ်၊ ကြာညိုပြင်ရွာနှင့်ကင်းတောင်ရွာအကြားတွင် မိနစ်အနည်းငယ်ကြာထိတွေ့တိုက်ခိုက်မှုဖြစ်ပွားခဲ့သည်။


(၅) သြဂုတ်(၂၈) ရက်၊ (၁၀:၄၀) နာရီခန့်တွင် ရန်သူသည် မိမိတို့ရှိရာနေရာဖြစ်သော မင်းပြားမြို့နယ်၊ ပန်းမြောင်းရွာအရှေ့မြောက်ဖက်(၃.၁) ကီလိုမီတာအကွာအဝေးရှိရာနေရာသို့ထိုးစစ်ဆင်တိုက်ခိုက်လာသောကြောင့် တိုက်ပွဲဖြစ်ပွားခဲ့သည်။ ရန်သူသည် နံနက်(၈:၂၀) မှစတင်ပြီးနေရာ(၄) နေရာမှနေ၍လက်နက် ကြီးများဖြင့်တောက်လျှောက်ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး (၁၀:၄၀) နာရီမှစတင်ထိုးစစ်ဆင်တိုက်ခို်က်ခဲ့ခြင်းဖြစ် သည်။ သို့သော်လည်း နာရီဝက်ခန့်အကြာသာထိုးစစ်ဆင်တိုက်ခိုက်ခဲ့သည်။ ထို့နောက် နေ့လည်(၁၄:၀၀) နာရီအချိန်အထိ လက်နက်ကြီးများဖြင့်ဆက်လက်ပစ်ခတ်တိုက်ခိုက်နေခဲ့သည်။


မိမိတို့မှတ်တမ်းများအရ ရန်သူ၏လက်နက်ကြီး(၄) နေရာမှပစ်ခတ်တိုက်ခိုက်သည့်အကြိမ်အရေအတွက် (၅၀၀) ငါးရာကျော်အထိရှိခဲ့သည်။


(၆) သြဂုတ်(၂၈) ရက်၊ ည(၂၁:၀၀) နာရီအချိန်တွင်လည်း မင်းပြားမြို့နယ်၊ ရွှေကျင်ရွာမြောက်ဖက်(၁) ကီလိုမီတာအကွာအဝေးတွင်လည်း ရန်သူသည်မိမိတို့ရှိရာနေရာသို့ဝင်ရောက်လာသောကြောင့် မိနစ်(၂၀) ခန့်တိုက်ပွဲဖြစ်ပွားခဲ့သည်။


(၇) သြဂုတ်(၂၈) ရက်၊ ည(၁၉:၀၀) နာရီအချိန်တွင်လည်း မြောက်ဦးမြို့နယ်၊ တောင်ဦးရွာ အနီးတွင်တိုက်ပွဲဖြစ်ပွားခဲ့သည်။( တိုက်ပွဲနောက်ဆက်တွဲသတင်းများကို နောက်နေ့တွင် ဆက်လက်တင်ပေးသွားပါမည်)


ယနေ့တိုက်ပွဲဖြစ်ပွားခဲ့သည့်နေရာ(၇) နေရာ၌ ရန်သူ့ဖက်မှ အနည်းဆုံးကျဆုံးသူ(၅၀) ဦးခန့်ရှိခဲ့ပြီးဒဏ်ရာရသူများလည်းထပ်မံရှိခဲ့သည်။ မိမိတို့ဖက်မှလည်း ဒဏ်ရာရသူအချို့ရှိခဲ့သည်။အသက်ပေးဆပ်စွန့်လွှတ်သူအချို့ရှိခဲ့သည်။


ယခုရက်များအတွင်း ရခိုင်လူထုကို ဦးတည်ပစ်မှတ်ထားကာမြန်မာစစ်တပ်ဖက်မှ လက်နက်ကြီးများဖြင့်ပစ်ခတ်တိုက်ခိုက်ခြင်းများကိုခပ်စိပ်စိပ်ပြုလုပ်လာနေခဲ့သည်။ သြဂုတ်(၂၄) တွင် ရခိုင်၊ရှမ်းမြောက်ဒေသအတွင်း၌ မြန်မာစစ်တပ်၏ လက်နက်ကြီးများဖြင့်ပစ်ခတ်တိုက်ခိုက်မှုကြောင့် ကျောင်းသား/ကျောင်းသူ အရပ်သားများသေဆုံးခဲ့ကြရသည်။


ဤကဲ့သို့ လက်နက်ကြီးများဖြင့်ပစ်ခတ်တိုက်ခိုက်နေသောတပ်ရင်းများ၊ ရခိုင်မြို့၊ရွာများကို ပြန်ပေးဆွဲထားခြင်းနှင့်တူပြီး လူထုကိုအကာအကွယ်ယူကာတိုက်ခိုက်နေသော လက်နက်ကြီးစခန်းများကို မတိုက်ခိုက်ရန် သတိ်ပေးထုတ်ပြန်ခြင်း၊ တိုက်ရိုက်တမိုျး-သွယ်ဝိုက်တဖုံ သတိပေးသော်လည်း လိုက်နာခြင်းမရှိသည့်အပြင်အတင့်ရဲကာ ထပ်မံ၍တိုက်ခိုက်လာနေသောကြောင့် ရက္ခိုင့်တပ်တော်၊ကွန်မန်ဒိုများမှ မလွဲမရှောင်သာသတိပေးသည့်အနေဖြင့်ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။


နောက်ဆက်တွဲ တိုက်ပွဲသတင်းများအား အချိန်နှင့်တပြေးညီတင်ပေးသွားပါမည်။


ညီ​နောင်​မဟာမိတ်​ (၃) ဖွဲ့

MNTJP/MNDAA, PSLF/TNLA, ULA/AA

476 views
bottom of page