top of page

၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ(၃၁)ရက် ရခိုင်ပြည်တိုက်ပွဲသတင်းများ



ree

၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ(၃၁) ရက်၊နံနက်(၆) နာရီ(၂၅) မိနစ်တွင်အမ်းမြို့နယ်၊ ကဇူးကိုင်းရွာအရှေ့တောင်ဖက်(၂.၂) ကီလိုမီတာအကွာအဝေးရှိ " အုန်းတည်းချောင်း"တံတားအနီးတွင် မြန်မာစစ်တပ်၏စစ်ကြောင်းတစ်ခုအား ရက္ခိုင့်တပ်တော်မှဟန့်တားတိုက်ခိုက်ခဲ့သည်။ အထိအခိုက်အကျအဆုံးမသိရပါ။

၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ(၃၁) ရက်၊နံနက်(၈)နာရီခန့်တွင် ပလက်ဝမြို့၏အရှေ့တောင်ဖက်(၆) ကီလိုမီတာအကွာအဝေး (သို့မဟုတ်) ကုလားတန်အရှေ့ဖက်၊ "စိမ့်စင်းဝရွာ" အနီးတွင်လည်း မြန်မာစစ်တပ်၏ခလရ(၂၈၉) စစ်ကြောင်းအားရက္ခိုင့်တပ်တော်မှ ဖြတ်တောက်တိုက်ခိုက်ခဲ့သည်။ ရန်သူ(၅) ဦးသေဆုံးခဲ့ပြီး ဒဏ်ရာရသူအချို့လည်းရှိခဲ့သည်။

၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ(၃၁) ရက်၊နံနက်(၈) နာရီ(၅၀) မိနစ်တွင် ရသေ့တောင်မြို့နယ်၊ ကျောက်တန်းရွာတောင်ဖက်၊ကားလမ်းမအနီးတွင်လည်း မြန်မာစစ်တပ်၏ အင်အား (၆၀) ခန့်ပါစစ်ကြောင်းတစ်ခုအား ဖြတ်တောက်တိုက်ခိုက်ခဲ့သည်။ ရန်သူ့ဖက်မှ ထိခိုက်+ကျဆုံး တစ်ဆယ်ကျော်အထိရှိခဲ့သည်။

၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ(၃၁) ရက်၊ နေ့လည်(၃) နာရီ(၄၈) မိနစ် အချိန်တွင်လည်း ဘူးသီးတောင်မြို့နယ်၊ ဥယျာဉ်သာရွာ နှင့် နွားရုံတောင်ရွာ အကြားတွင်တိုက်ပွဲဖြစ်ပွားခဲ့သည်။ တိုက်ပွဲသည် မပြင်းထန်ခဲ့သော်လည်း အပြန်အလှန်ကြိုကြားကြိုကြားပစ်ခတ်တိုက်ခိုက်နေခဲ့ကြသည်မှာ တစ်နာရီကျော်ကြာမြင့်ခဲ့သည်။

၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ တစ်လလုံးတွင် မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်တို့သည် ရင်ဆိုင်တိုက်ပွဲ၊ အပြန်အလှန်ထိုးစစ်၊ ဟန့်တားစစ်၊ ဖြတ်တောက်တိုက်ခိုက်ခြင်းအပါအဝင် ထိတွေ့တိုက်ခိုက်သည့်အကြိမ်အရေအတွက်မှာ မိမိတို့မှတ်တမ်းအရ (၉၃) ကြိမ်ရှိခဲ့သည်။ ရန်သူ့ဖက်မှ (ကျဆုံးသူ နှင့်ထိခိုက်ဒဏ်ရာရရှိသည့်အရေအတွက်)မှာ အနည်းဆုံး( ၁၈၂) ဦးအထိရှိခဲ့သည်။

သတင်းနှင့်ပြန်ကြားရေး ရက္ခိုင့်တပ်တော်

Recent Posts

See All
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ (၁၂) ရက်နေ့ လေကြောင်းတိုက်ခိုက်မှု နောက်ဆုံးရသတင်း

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ (၁၃) ရက်၊ မနက် (၀၀) နာရီ (၁၈/၂၀) မိနစ် (တနည်းအားဖြင့်) ဒီဇင်ဘာလ(၁၂) ရက် ညဉ့် အချိန်တို့တွင် ပုဏ္ဏားကျွန်းမြို့နယ်အတွင်းရှိ ရွာအချို့ ( ရွာအမည်စုံစမ်းဆဲ) အား ဖက်ဆစ် အကြမ်းဖက် စစ်ရ

 
 
 
🚨 #Breakingnews

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ (၁၂) ရက် ၊ ည (၉) နာရီခန့်မှစတင်ပြီး ဖက်ဆစ် အကြမ်းဖက် စစ်ကောင်စီသည် လေကြောင်းမှ Cluster ဗုံးအပါအဝင် ရော့ကတ်များဖြင့်တိုက်ခိုက်ခြင်းများကို ပြုလုပ်လျက်ရှိသည်။   (၁) ပုဏ္ဏားကျွန်းမြ

 
 
 

Comments


  • Telegram-White
  • YouTube
  • Vkontakte
  • Twitter

Copyright © 2020 Arakan Army

bottom of page