top of page
၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ(၁၇)ရက် ရခိုင်ပြည်တိုက်ပွဲသတင်းများ
၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ(၁၇) ရက်၊ နံနက်(၈) နာရီ(၁၅)မိနစ်၊အချိန်မှစတင်ပြီး နယ်ချဲ့မြန်မာစစ်တပ်(Burmese Army) သည် မနေ့က တိုက်ပွဲဖြစ်ပွားခဲ့သောနေရာဖြစ်သော ပုဏ္ဏားကျွန်းမြို့နယ်၊ အောင်မကျော်ရွာမြောက်ဖက်(၂) ကီလိုမီတာအကွာအဝေးခန့်ရှိ ရက္ခိုင့်တပ်တော်၏စစ်ကြောင်းတစ်ခုအားထိုးစစ်ဆင်တိုက်ခိုက်မှုကိုစတင်ပြုလုပ်ခဲ့သည်။
ပလက်ဝမြို့နယ်၊ နယ်စပ်မှတ်တိုင်(၇၁) ၏ အနောက်မြောက်(၁.၃) ကီလိုမီတာအကွာအဝေးရှိ ပွိုင့် (၈၂၅) ကုန်းရှိ နယ်ချဲ့ဗမာတပ်အား ရက္ခိုင့်တပ်တော်၊လှုပ်ရှားစစ်ကြောင်းမှ အခြေအနေ၏လိုအပ်ချက်အရမိနစ်အနည်းငယ်ခန့် သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့သည်။
Unicode
၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ(၁၇) ရက်၊ နံနက်(၈) နာရီ(၁၅)မိနစ်၊အချိန်မှစတင်ပြီး နယ်ခဲျ့မြန်မာစစ်တပ်(Burmese Army) သည် မနေ့က တိုက်ပွဲဖြစ်ပွားခဲ့သောနေရာဖြစ်သော ပုဏ္ဏားကျွန်းမြို့နယ်၊ အောင်မကျော်ရွာမြောက်ဖက်(၂) ကီလိုမီတာအကွာအဝေးခန့်ရှိ ရက္ခိုင့်တပ်တော်၏စစ်ကြောင်းတစ်ခုအားထိုးစစ်ဆင်တိုက်ခိုက်မှုကိုစတင်ပြုလုပ်ခဲ့သည်။
မြန်မာစစ်တပ်( Burmese Army) သည် လက်နက်ကြီး/လက်နက်ငယ်များဖြင့် တစ်နေ့လုံးနီးပါးတောက်လျှောက်ပစ်ခတ်တိုက်ခိုက်ခဲ့သည့်အပြင် နေ့လည်(၁၂) နာရီ(၃၅) မိနစ်မှ နေ့လည်(၁) နာရီကျော်အထိ နာရီဝက်ခန့် ရဟတ်ယာဉ်(၂) စီးဖြင့်လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ ယနေ့တိုက်ပွဲသည် ပစ်လိုက်/နားလိုက်ဖြင့် ညနေ(၆) နာရီကျော်အထိရှိခဲ့သည်။ ရန်သူ့ဖက်မှအထိအခိုက်အကျအဆုံးကိုမသိရပါ။
၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ(၁၇) ရက်၊ နံနက်(၇) နာရီ(၅၂) မိနစ်တွင်လည်း ရသေ့တောင်မြို့နယ်၊"အာကာတောင်ရွာ" နှင့်"ရက်ခုန်းတိုင်ရွာ" အကြားတွင် နယ်ခဲျ့မြန်မာစစ်တပ် ( Burmese Army) နှင့် ရက္ခိုင့်တပ်တော်၊လှုပ်ရှားစစ်ကြောင်းတို့မိနစ်အနည်းငယ်ကြာရင်ဆိုင်တိုက်ပွဲဖြစ်ပွားခဲ့သည်။ ရန်သူသည်အထိနာသွားပြီးနောက်ဆုတ်သွားခဲ့သောကြောင့်တိုက်ပွဲများဆက်လက်မဖြစ်ပွားဘဲရပ်တန့်နေခဲ့သည်။
ပလက်ဝမြို့နယ်၊ နယ်စပ်မှတ်တိုင်(၇၁) ၏ အနောက်မြောက်(၁.၃) ကီလိုမီတာအကွာအဝေးရှိ ပွိုင့် (၈၂၅) ကုန်းရှိ နယ်ခဲျ့ဗမာတပ်အား ရက္ခိုင့်တပ်တော်၊လှုပ်ရှားစစ်ကြောင်းမှ အခြေအနေ၏လိုအပ်ချက်အရမိနစ်အနည်းငယ်ခန့် သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့သည်။
မြောက်ဦးမြို့နယ်၊ တိမ်ညိုပတ်ဝန်းကျင်ရှိ နယ်ခဲျ့ဗမာစစ်တပ်( Burmese Army) ၏ထောက်ပို့စခန်းတစ်ခုအား ရက္ခိုင့်တပ်တော်မှ သိမ်းပိုက်နိုင်ခဲ့သည်။ လက်နက်ခဲယမ်း၊ စစ်အသုံးပစ္စည်းများ၊ စာရွက်စာတမ်းများ၊ ရိက္ခာများကိုသိမ်းဆည်းရမိခဲ့သည်။( အသေးစိပ် သတင်းကိုနောက်နေ့တွင် ထပ်၍တင်ပေးပါမည်)
သတင်းနှင့်ပြန်ကြားရေး
ရက္ခိုင့်တပ်တော်
508 views
bottom of page