top of page

၂၀၁၉ ခုနှစ်၊ မေလ (၁၆/၁၇)ရက်၊ရခိုင်ပြည်တိုက်ပွဲသတင်းများ

မေလ(၁၆) ရက်နေ့၊ ညနေ(၇) နာရီခန့်အချိန်တွင် ကျောက်တော်မြို့နယ်၊ ရွက်ညိုးတောင်ရွာ၊အနောက်မြောက်ဖက်၊ ဆောင်းဒူချောင်းဖြတ်တံတား အနီး၌ဗမာစစ်တပ်၏ အင်အား(၉၀) ခန့်ပါသောစစ်ကြောင်းအားဖြတ်တောက်တိုက်ခိုက်ခဲ့သည်။ ဤကဲ့သို့ဖြတ်တောက်တိုက်ခိုက်မှုကြောင့်ရန်သူ့ဖက်မှ (၁၃) ဦးသေဆုံးကာ (၈)ဦးဒဏ်ရာရရှိခဲ့သည်။ မိမိတို့အနေဖြင့် အချိန်တိုတိုအတွင်း ရန်သူအားထိထိရောက်ရောက်တိုက်ခိုက်နိုင်ခဲ့သည်။ ရန်သူသည် လျှပ်တပြက်အတိုက်ခံရပြီးနောက် လက်နက်ကြီး၊လက်နက်ငယ်များကို နေရာအနှံ့ရမ်းသန်းပစ်ခတ်တိုက်ခိုက်ခဲ့သည်။

မေလ(၁၇) ရက်၊နံနက်(၉) နာရီ(၄၅) မိနစ်တွင်၊ ပလက်ဝမြို့နယ်၊ပလက်ဝမြို့အနောက်ဖက်(၅.၂) ကီလိုမီတာအကွာအဝေးရှိ "ခဝဲကားလမ်း" ဝဲယာတလျှောက်၌ တပ်မ(၁၁) လက်အောက်ခံ အင်းတိုင်အခြေစိုက်၊ ခမရ(၂၁၂) စစ်ကြောင်းအား ရက္ခိုင့်တပ်တော်၊ကွန်မန်ဒိုများမှ ဝင်ရောက်တိုက်ခိုက်ခဲ့သည်။ တစ်နာရီသုံးဆယ်မိနစ်နီးပါးတိုက်ခိုက်မှုအတွင်း ဗိုလ်ကြီး-အောင်မိုးမြင့် (ကြည်း-၅၉၈၉၅) ၊ တပ်ကြပ်ကြီး(၂) ဦးအပါအဝင် စုစုပေါင်း(၁၀) ဦးအားသုတ်သင်ရှင်းလင်းနိုင်ခဲ့သည့်အပြင် ရန်သူ့ဖက်မှဒဏ်ရာရသူ(၁၀) ဦးခန့်အထိထပ်မံရှိခဲ့သည်။ မိမိတို့ဖက်မှ     လက်နက်ငယ် ကျည်ထိမှန်သူတစ်ဦးမှလွဲ၍ ကြီးကြီးမားမားထိခိုက်ဒဏ်ရာရမှုမရှိခဲ့ပါ။

ခဝဲကားလမ်းအနီးတိုက်ပွဲအတွင်းမှ အောက်ပါပစ္စည်းများကိုသိမ်းဆည်းရမိခဲ့သည်။

(၁) BA (100) - (၁) လက်

(၂) ၆၀ မမ - (၁) လက်

(၃) ၆၀ မမ - ဗုံးသီး (၂၀) လုံး

(၄) ပစ္စတို(၁) လက် နှင့် ၎င်း၏ကျည် (၄) တောင့်

(၅) MA-1 (၁) လက်

(၆) MA-2 (၁) လက်

(၇) MA-3 (၂) လက်

(၈) MA ကျည် (၂၈၇၈) တောင့်

(၉) ကျည်ဘောက် (၂၀) ဘောက်

(၁၀) ကျည်ဘောက်အဝိုင်း (၃) ခု

(၁၁) လက်ပစ်ဗုံး (၆) လုံး

(၁၂) MG-42 ကျည်ဆံ-(၁၂၀) တောင့်

(၁၃) 79 ဗုံးသီး (၂၅) လုံး

(၁၄) မိုင်းငယ် (၁၂) လုံး

(၁၅) မိုင်းရှာစူး (၁) ချောင်း

(၁၆) မိုင်းကက် (၁၁) ခု

(၁၇) RT စက် (၆) လုံး

(၁၈)EY (၁၂) လုံး

(၁၉) RPG-7 ဗုံးသီး (၃) လုံး

(၂၀) RPG-7 ပို့ကျည် (၃) ခု

(၂၁) ဖုန်း (၁) လုံး

(၂၂) မြေပုံ (၁) ချပ်

(၂၃) လက်ထိပ်(၁) ခု

(၂၄)တပ်မ(၁၁) ဘက်တံဆိပ်ပါ ရန်သူ့ယူနီဖောင်း (၆) စုံ

(၂၅) ဆေးဝါးပစ္စည်းအချို့

(၂၆) ရုံးသုံးစာရွက်စာတမ်း (၁) ထုပ်

တို့ကိုသိမ်းဆည်းရမိခဲ့သည်။


သတင်းနှင့်ပြန်ကြားရေး

ရက္ခိုင့်တပ်တော်

၂၀၁၉ ခုနှစ်၊ မေလ (၁၇) ရက်နေ့၊ ညနေ ( ၆ ) ( ၅၂) မိနစ်တွင်ရေးတင်ပါသည်။


ree

ree

ree

ree


ree



Comments


  • Telegram-White
  • YouTube
  • Vkontakte
  • Twitter

Copyright © 2020 Arakan Army

bottom of page