top of page

၂၀၁၉ ခုနှစ်၊ မေလ(၁) ရက်နေ့ တိုက်ပွဲသတင်း

မေလ(၁) ရက် နေ့တွင် အင်အား (၁၀၀) ကျော်ရှိသော မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်တော်တို့သည် ဘူးသီးတောင်မြို့နယ်၊"စံဂိုးတောင်ရွာ"နှင့်"နွားရုံတောင်ရွာ"အကြားတွင်ထိတွေ့မှုဖြစ်ပွားခဲ့သည်။


မြန်မာ့တပ်မတော်သည်နွားရုံတောင်ရွာမှရွာသားများကိုပေါ်တာဆွဲလာသည့်အပြင်လူသားဒိုင်းကာအဖြစ်ရှေ့ဆုံးမှခေါ်တင်ပြီး မိမိတို့လှုပ်ရှားစစ်ကြောင်းရှိရာသို့ဝင်ရောက်လာခဲ့သည်။


မိမိတို့အနေဖြင့်ရန်သူအားလက်ဦးမှုရယူကာတိုက်ခိုက်လျှင်ရပါသော်လည်းအရပ်သားများထိခိုက်မည်ကိုတွက်ချက်သောကြောင့်၎င်းရန်သူ့စစ်ကြောင်းအားလွှတ်ပေးလိုက်သည်။ ထို့နောက်အရပ်သားများမပါသည့် ၎င်းတို့စစ်ကြောင်း၏နောက်ပိုင်းအားဝင်ရောက်တိုက်ခိုက်ခဲ့သည်။ မိနစ်(၂၀) ခန့်ပစ်ခတ်တိုက်ခိုက်မှုအတွင်း ရန်သူ့ဖက်မှ (၄) ဦးသေဆုံးကာ (၅) ဦးခန့်ဒဏ်ရာရရှိခဲ့သည်။


မေလ(၁) ရက်နေ့၊ ညနေ(၅) နာရီ(၁၅) မိနစ်တွင် ပုဏ္ဏားကျွန်းမြို့နယ်၊"ယိုးငူရွာ"နှင့်"ကျောက်ဆိပ်ရွာ" အကြားတွင် အင်အား(၁၅၀) ခန့်ပါသော ရန်သူ့စစ်ကြောင်းထဲမှ ကုန်တင်ကားဖြင့်လိုက်ပါလာသော ယာဉ်တန်းအားကြားဖြတ်ဝင်ရောက်တိုက်ခိုက်ခဲ့သည်။ အင်အား(၁၅၀) ထဲမှ ရန်သူအချို့သည် ဝန်မပါသည့်ကုန်တင်ကား(၂)စီးအားပေါ်တာဆွဲပြီးလိုက်ပါလာခဲ့သောကြောင့်မိမိတို့လှုပ်ရှားစစ်ကြောင်းအနေဖြင့် ဟန့်တားတိုက်ခိုက်ရခြင်းဖြစ်သည်။ ရန်သူ့အထိအခိုက်အကျအဆုံးကိုမူမသိရခဲ့ပါ။


"တပြိုင်နက်တည်းတွင်အရပ်သားကားများအနေဖြင့်တိုက်ပွဲဖြစ်ပွားနေသည့်နေရာနှင့်အနီးအနားများတွင်ဗမာစစ်သားများကိုတင်ဆောင်သွားလာခြင်းများကိုအထူးရှောင်ကြဉ်ကြရန် ထပ်မံအသိပေးအပ်ပါသည်။"

(မိဘပြည်သူများသို့လေးစားစွာဖြင့်အသိပေးခြင်း)


ရက္ခိုင့်တပ်တော်

သတင်းနှင့်ပြန်ကြားရေး



753 views
bottom of page