top of page

၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ(၅) ရက် ရခိုင်ပြည်တိုက်ပွဲသတင်းများ


ree

ရခိုင်ပြည်၊ဘူးသီးတောင်မြို့နယ် ၊"စေတောင်ရွာ"အရှေ့မြောက်ဖက် တောစပ်တွင်၊နိုဝင်ဘာလ(၅) ရက်၊ (ညဉ့်)နံနက် (၂) နာရီ(၃၀) မိနစ်၌ မြန်မာစစ်တပ်သည် မိမိတို့ရှိရာနေရာသို့ ကျူးကျော်ဝင်ရောက်လာသောကြောင့် မိနစ်အနည်းငယ်ကြာထိတွေ့မှုဖြစ်ပွားခဲ့သည်။ ရန်သူသည်နောက်ပြန်ဆုတ်သွား၍ ထပ်မံတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ရပ်တန့်သွားခဲ့သည်။

ဘူးသီးတောင်မြို့နယ်၊ သရက်ပြင်ရွာအနီးတွင်လည်း နံနက်(၇) နာရီ(၄၀) မိနစ်တွင် နာရီဝက်ခန့်နှစ်ဖက်ရင်ဆိုင်တိုက်ပွဲဖြစ်ပွားခဲ့သည်။ ရန်သူ့ဖက်မှ (၁) ဦးသေဆုံးခဲ့ပြီး (၂) ဦးဒဏ်ရာရရှိခဲ့သည်။ မိမိတို့ဖက်မှ အလတ်စားဒဏ်ရာရရှိသူတစ်ဦးရှိခဲ့သည်။

ပလက်ဝမြို့နယ်၊"တုံးဝရွာ"အနောက်တောင်ဖက် (၂.၂) ကီလိုမီတာအကွာအဝေးရှိတောင်တန်းတွင်လည်း နံနက်(၁၀) နာရီ(၃၀) မိနစ်မှစ၍တိုက်ပွဲများပြင်းထန်ခဲ့သည်။ မြန်မာစစ်တပ်ဖက်မှ အထိအခိုက်၊အကျအဆုံးများသောကြောင့်ညနေ(၄) နာရီ(၄၅) မိနစ်တွင် ရဟတ်ယာဉ်(၂) စီးဖြင့် မိနစ်(၂၀) ခန့်လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့သည်။ ရန်သူ့ဖက်မှ မျက်မြင်(၅) ဦးနှင့်ဒဏ်ရာရသူအများအပြားထပ်မံရှိခဲ့သည်။

ကျောက်တော်မြို့နယ်၊ မီးကျောင်းတက်ရွာ အရှေ့ဖက်(၁.၃) ကီလိုမီတာအကွာအဝေးတွင်လည်း မြန်မာစစ်တပ်ဖက်မှ မိမိတို့ရှိရာနေရာသို့ဝင်ရောက်လာသောကြောင့် နေ့လည်(၁၁) နာရီမှ စတင်ပြီးတိုက်ပွဲများပြင်းထန်ခဲ့သည်။

ယခုတိုက်ပွဲသတင်းများမှာ ညနေ(၆) နာရီအထိရရှိထားသောသတင်းသာဖြစ်သည်။ တိုက်ပွဲနောက်ဆက်တွဲများရှိပါကဆက်လက်တင်ပေးပါမည်။

သတင်းနှင့်ပြန်ကြားရေး ရက္ခိုင့်တပ်တော်

Recent Posts

See All
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ (၁၂) ရက်နေ့ လေကြောင်းတိုက်ခိုက်မှု နောက်ဆုံးရသတင်း

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ (၁၃) ရက်၊ မနက် (၀၀) နာရီ (၁၈/၂၀) မိနစ် (တနည်းအားဖြင့်) ဒီဇင်ဘာလ(၁၂) ရက် ညဉ့် အချိန်တို့တွင် ပုဏ္ဏားကျွန်းမြို့နယ်အတွင်းရှိ ရွာအချို့ ( ရွာအမည်စုံစမ်းဆဲ) အား ဖက်ဆစ် အကြမ်းဖက် စစ်ရ

 
 
 
🚨 #Breakingnews

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ (၁၂) ရက် ၊ ည (၉) နာရီခန့်မှစတင်ပြီး ဖက်ဆစ် အကြမ်းဖက် စစ်ကောင်စီသည် လေကြောင်းမှ Cluster ဗုံးအပါအဝင် ရော့ကတ်များဖြင့်တိုက်ခိုက်ခြင်းများကို ပြုလုပ်လျက်ရှိသည်။   (၁) ပုဏ္ဏားကျွန်းမြ

 
 
 

Comments


  • Telegram-White
  • YouTube
  • Vkontakte
  • Twitter

Copyright © 2020 Arakan Army

bottom of page