top of page

သံတွဲမြို့နယ်အား ဖက်ဆစ် အကြမ်းဖက် စစ်ကော်မရှင်တပ်မှ ဂျက်ဖိုက်တာ (၄) စီးဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့၍ ကလေး (၂) ဦး အပါအဝင် အပြစ်မဲ့အရပ်သား (၄) ဦးပါသည့် မိသားစုတစ်စုလုံး သေဆုံးပြီး (၃) ဦး ထိခိုက်ဒဏ်ရာ

  • 2 hours ago
  • 1 min read


သံတွဲမြို့နယ်အား ဖက်ဆစ် အကြမ်းဖက် စစ်ကော်မရှင်တပ်မှ ဂျက်ဖိုက်တာ (၄) စီးဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့၍ ကလေး (၂) ဦး အပါအဝင် အပြစ်မဲ့အရပ်သား (၄) ဦးပါသည့် မိသားစုတစ်စုလုံး  သေဆုံးပြီး  (၃) ဦး ထိခိုက်ဒဏ်ရာရ

 

၂၀၂၆ ခုနှစ်၊ ဧပြီလ (၁) ရက်

 

၂၀၂၆ ခုနှစ်၊ ဧပြီလ (၁) ရက်နေ့၊ နေ့လယ် (၁၁) နာရီ (၁၁) မိနစ်မှ (၁၁) နာရီ (၄၅) မိနစ်အချိန်ထိ ဖက်ဆစ် အကြမ်းဖက် စစ်ရှုံး စစ်ကော်မရှင်တပ်သည် အာရက္ခပြည်၊ သံတွဲမြို့နယ်အား ဂျက်ဖိုက်တာ (၄) စီးဖြင့် လေကြောင်းမှ ပြင်းပြင်းထန်ထန်  ဗုံးကြဲ တိုက်ခိုက်မှုပြုလုပ်ခဲ့သည်။ ပင်လယ်ပြင်တွင် တပ်စွဲထားသော စစ်သင်္ဘောတစ်စီးမှလည်း လက်နက်ကြီးအချို့ကိုပါ တစ်ချိန်တည်း ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

 

ဖက်ဆစ် အကြမ်းဖက် စစ်ကော်မရှင်တပ်၏ ဤဗုံးကြဲတိုက်ခိုက်မှုသည် သံတွဲမြို့နယ်ရှိ ယခင်က ၎င်းတို့ တပ်စခန်းချနေထိုင် ခဲ့သော ခလရ (၅၅) စခန်းဟောင်းအနီးဝန်းကျင်သို့ ကျရောက်ပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး ထိုနေရာအနီးအနားဝန်းကျင်၌ စစ်ရှောင်နေကြသည့်ကလေး (၂) ဦးအပါအဝင် (၄) ဦးပါသော အပြစ်မဲ့အရပ်သား မိသားစုတစ်စုလုံးမှာ ပွဲချင်းပြီး သေဆုံးခဲ့ကြသည့်အပြင် နောက်ထပ်ကလေး (၂) ဦးနှင့် ကိုယ်ဝန်ဆောင် အမျိုးသမီး (၁) ဦးလည်း ထိခိုက်ဒဏ်ရာများရရှိခဲ့ကြသည်။

 

စစ်ကော်မရှင်တပ်၏ ကာကွယ်ရေးဦးစီးချုပ်အသစ် လက်ထက်တွင် မိသားစုလိုက် စစ်ရာဇဝတ်မှု ကျူးလွန်သတ်ဖြတ်ခံရသော ပထမဆုံးဖြစ်ရပ်ဖြစ်သည်။

 

ဖက်ဆစ် အကြမ်းဖက် စစ်ကော်မရှင်တပ်၏ ဤသို့ အပြစ်မဲ့အရပ်သားပြည်သူများအား ရည်ရွယ်ချက်ရှိရှိ ဦးတည်၍ လူမဆန်စွာ အကြမ်းဖက်တိုက်ခိုက်မှုကြောင့် သေဆုံးသွားခဲ့ကြရသူများ၏ မိသားစု၊ ဆွေမျိုးများနှင့်ထပ်တူ အာရက္ခပြည်သူ့ တော်လှန်ရေး အစိုးရအနေဖြင့် များစွာဝမ်းနည်းကြေကွဲရပြီး၊ ထိခိုက်ဒဏ်ရာရှိသွားသူများအားလည်း အရေးပေါ် ဆေးကုသပေးလျက်ရှိပါသည်။ 

 

ဖက်ဆစ် အကြမ်းဖက် စစ်ကော်မရှင်တပ်သည် ယခုရက်များအတွင်း အာရက္ခပြည်အား ဂျက်တိုက်လေယာဉ်သုံးစီး (သုံးစီး အထက်)နှင့် ကင်းထောက်လေယာဉ်များကို တပြိုင်တည်းသုံးကာ လေကြောင်းတိုက်ခိုက်မှုများကို ယခင်ကထက် ပိုမို သူရဲဘောကြောင်၊ အောက်တန်းကျစွာ ပြင်းပြင်းထန်ထန် ပြုလုပ်လာသောကြောင့် မိဘပြည်သူများအနေဖြင့် ဖက်ဆစ် အကြမ်းဖက် စစ်ကော်မရှင်တပ်၏ လေကြောင်းအန္တရာယ်ကို အထူးသတိရှိကြပါရန် ထပ်မံ၍ အလေးအနက် အသိပေးအပ်ပါသည်။

 

ဓာတ်ပုံ - ၂၀၂၆ ခုနှစ်၊ ဧပြီလ (၁) ရက်နေ့၊ နေ့လယ် (၁၁) နာရီ (၁၁) မိနစ်မှ (၁၁) နာရီ (၄၅) မိနစ်အချိန်ထိ အချိန်အတွင်း သံတွဲမြို့နယ်အား ဖက်ဆစ် အကြမ်းဖက် စစ်ရှုံးစစ်ကော်မရှင်မှ ဂျက်ဖိုက်တာ (၄) စီးဖြင့် လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့မှုကြောင့် ထိခိုက်ဒဏ်ရာရရှိသွားသူများနှင့် သေဆုံးသွားသည့် အပြစ်မဲ့ပြည်သူများ

 

သတင်းနှင့်ပြန်ကြားရေး

အာရက္ခတပ်တော်


Recent Posts

See All

Comments


  • Telegram-White
  • YouTube
  • Vkontakte
  • Twitter

Copyright © 2020 Arakan Army

bottom of page