top of page

ဖက်ဆစ် အကြမ်းဖက် စကမမှ အာရက္ခပြည်၊ မင်းပြားနှင့် ကျောက်တော်မြို့နယ်အတွင်းရှိ ကျေးရွာအချို့နှင့် အကျဉ်းထောင်အချို့ကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုအား နှစ်ကြိမ်တိုင် ယမန်နေ့တစ်ရက်တည်းအတွင်း ပြုလုပ်

  • 2 hours ago
  • 1 min read


ဖက်ဆစ် အကြမ်းဖက် စစ်ကော်မရှင်တပ်မှ အာရက္ခပြည်၊ မင်းပြားနှင့် ကျောက်တော်မြို့နယ်အတွင်းရှိ ကျေးရွာအချို့နှင့် အကျဉ်းထောင်အချို့ကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုအား နှစ်ကြိမ်တိုင် ယမန်နေ့တစ်ရက်တည်းအတွင်း ပြုလုပ်


၂၀၂၆ ခုနှစ်၊ မေလ (၈) ရက်နေ့


အာရက္ခပြည်၊ မင်းပြားမြို့နယ်၊ ကျောက်ခုတ်ကျေးရွာ အရှေ့တောင်ဖက်ရှိ ကင်းမွန်ချောင်းဂျိုင်နှင့် ၎င်းအနီးပတ်ဝန်းကျင်ရှိကျေးရွာများအတွင်းသို့ ၂၀၂၆ ခုနှစ်၊ မေလ (၇) ရက်၊ နေ့လည် (၂) နာရီ (၁၅) မိနစ်အချိန်ခန့်တွင် ဖက်ဆစ်အကြမ်းဖက် စစ်ကော်မရှင်တပ်မှ ဂျက်ဖိုက်တာ (၂) စီး၊ Y-12 (၁) စီးဖြင့် အဆိုပါနေရာများအား မိနစ် (၄၀) ခန့်ကြာသည်အထိ တရစပ်မရပ်မနားဗုံးကြဲတိုက်ခိုက်ခဲ့မှုကြောင့် အရပ်သား ပြည်သူတချို့ သေဆုံး၊ ဒဏ်ရာရမှုများရှိခဲ့သကဲ့သို့ လူနေအဆောက်အအုံတချို့ ပျက်စီးမှု၊ ကျွဲ၊ နွား၊ တိရစ္ဆာန် တချို့ သေဆုံးမှု၊ ဗုံးစထိမှန်မှုတို့ရှိခဲ့သည်။


ထို့အတူ ယမန်နေ့တစ်ရက်တည်းတွင်ပင် ဖက်ဆစ် အကြမ်းဖက် စစ်ကော်မရှင်တပ်သည် ကျောက်တော် မြို့နယ်၊ သုံးခွအနီးပတ်ဝန်းကျင်သို့လည်း ဂျက်ဖိုက်တာ (၄) စီးဖြင့် ည (၁၀) နာရီခန့်မှ (၁၀) နာရီ (၂၅) မိနစ်အထိ ပေါင် (၅၀၀) ဗုံး ၈ လုံးဖြင့် လာရောက် ပစ်ခတ်တိုက်ခိုက်ခဲ့သည့်အပြင် (၁၀) နာရီ (၂၈) မိနစ်တွင်လည်း Y-12 ထောက်ပိုလေယာဉ် (၂) စီးမှ Cluster Boomb အမျိုးအစား (၂၄) လုံးခန့်လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့သည်။


အဆိုပါ ဗုံးကြဲတိုက်ခိုက်မှုဖြစ်စဉ်ကြောင့် ၎င်းအနီးအရပ်သားပြည်သူ (၁) ဦး၊ အကျဉ်းထောင်ဆေးဝန်ထမ်း (၁) ဦး၊ ကလေး (၁) ဦး သေဆုံးခဲ့ပြီး ပြင်းထန်နှင့်အလတ်စားဒဏ်ရာရသူ (၁၀) ဦးခန့်လည်းရှိခဲ့သည်။


ထို့အပြင် ကျောက်တော်မြို့နယ်၊ ပြိုင်းချောင်းကျေးရွာမှ အရပ်သား တစ်ဦး ပိုင်ဆိုင်သော နွား (၇) ကောင်လည်း ဤဗုံးကြဲတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့သည်။ 


သတင်းနှင့်ပြန်ကြားရေး

အာရက္ခတပ်တော်

 


Recent Posts

See All

Comments


  • Telegram-White
  • YouTube
  • Vkontakte
  • Twitter

Copyright © 2020 Arakan Army

bottom of page