top of page

ပလက်ဝမြို့နယ်၊ ကြောင်ချောင်းကျေးရွာအား ဖက်ဆစ် အကြမ်းဖက် စစ်ကော်မရှင်မှ လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့မှုနှင့် ပတ်သက်၍ သတင်းထုတ်ပြန်ချက်

  • Mar 30
  • 1 min read


















ပလက်ဝမြို့နယ်၊ ကြောင်ချောင်းကျေးရွာအား ဖက်ဆစ် အကြမ်းဖက် စစ်ကော်မရှင်မှ လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့မှုနှင့် ပတ်သက်၍ သတင်းထုတ်ပြန်ချက်

 

၂၀၂၆ ခုနှစ်၊ မတ်လ (၃၀) ရက်

 

၂၀၂၆ ခုနှစ်၊ မတ်လ (၂၉) ရက်နေ့၊ ညနေ (၄) နာရီ (၀၅) မိနစ်အချိန်တွင် ဖက်ဆစ် အကြမ်းဖက် စစ်ရှုံး စစ်ကော်မရှင်တပ်သည် ပလက်ဝမြို့နယ်အတွင်းရှိ "ကြောင်ချောင်းကျေးရွာ" အား ဂျက်ဖိုက်တာ (၂) စီး ဖြင့် ဗုံးကြဲတိုက်ခိုက်မှု သုံးကြိမ်၊ ရော့ကတ်ဖြင့် တိုက်ခိုက်မှုနှစ်ကြိမ် ပြုလုပ်ခဲ့သည်။ အဆိုပါကျေးရွာအနီး မည်သည့်တိုက်ပွဲမှလည်းမရှိဘဲသူရဲဘောကြောင်စွာ လာရောက်ဗုံးကြဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

 

ဖက်ဆစ် အကြမ်းဖက် စစ်ရှုံးစစ်ကော်မရှင်၏ အဆိုပါ ဗုံးကြဲတိုက်ခိုက်ခဲ့မှုကြောင့် ကြောင်ချောင်းကျေးရွာမှ  အသက် (၁၆) နှစ်အောက် ကလေး (၄) ဦးအပါအဝင် အပြစ်မဲ့အရပ်သားပြည်သူ စုစုပေါင်း (၇) ဦးသေဆုံးခဲ့ရပြီး နောက်ထပ် ကလေးငယ် ၂ ဦးအပါအဝင် (၄) ဦးလည်း ဒဏ်ရာရရှိခဲ့ကာ လူနေအိမ်များလည်း မီးလောင် ပျက်စီးဆုံးရှုံးခဲ့ရသည်။ သေဆုံးခဲ့ရသော သူများ၏ မိသားစု၊ ဆွေမျိုးများနှင့် ထပ်တူဝမ်းနည်းရပါကြောင်း ဖော်ပြအပ်ပါသည်။

 

နိုင်ငံတစ်ဝန်း၌ စစ်ရှုံးနေသော ဖက်ဆစ် အကြမ်းဖက် စစ်ကော်မရှင်သည် အာရက္ခတပ်တော်နှင့် ရင်ဆိုင်တိုက်ပွဲများအတွင်း အကျအဆုံးအထိအခိုက်များစွာနှင့် ရင်ဆိုင်ရသည့်အခါတိုင်း စစ်ဘက်နှင့် လုံးဝမသက်ဆိုင်သော၊ စစ်ရေးပစ်မှတ်မဟုတ်သည့် အပြစ်မဲ့အရပ်သားပြည်သူများနေထိုင်ရာ ရပ်ရွာများအား ပစ်မှတ်ထား၍ ရည်ရွယ်ချက်ရှိရှိ လူမဆန်စွာ  လေကြောင်းမှ အလစ်ချောင်း ဗုံးကြဲတိုက်ခိုက်သည့် လုပ်ရပ်မျိုးကို ပြုလုပ်ကာ စစ်ရာဇဝတ်မှုများကို လက်ရဲဇက်ရဲ ကျူးလွန်လျက်ရှိသည်။

 

အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရအနေဖြင့် စစ်ကော်မရှင်၏ အကြမ်းဖက်တိုက်ခိုက်ခံရမှုအတွင်း သေဆုံး၊ ဒဏ်ရာ ရရှိခဲ့ကြသော ကြောင်ချောင်းရွာသူ၊ ရွာသားများအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကိစ္စရပ်များကို ဆက်လက် လုပ်ဆောင်လျက်ရှိပါသည်။

 

ဓာတ်ပုံ - ၂၀၂၆ ခုနှစ်၊ မတ်လ (၂၉) ရက်နေ့၊ ညနေ (၄) နာရီ (၅) မိနစ်အချိန်တွင် ပလက်ဝမြို့နယ်၊ ကြောင်ချောင်းကျေးရွာအား ဖက်ဆစ် အကြမ်းဖက် စစ်ရှုံးစစ်ကော်မရှင်မှ ဂျက်ဖိုက်တာ (၂) စီးဖြင့် လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့မှုကြောင့် ထိခိုက်ဒဏ်ရာရရှိ သွားသူများနှင့် သေဆုံးသွားသည့် အပြစ်မဲ့ပြည်သူများ

 

သတင်းနှင့်ပြန်ကြားရေး

အာရက္ခတပ်တော်


Comments


  • Telegram-White
  • YouTube
  • Vkontakte
  • Twitter

Copyright © 2020 Arakan Army

bottom of page