top of page

၂၀၁၉ ခုႏွစ္၊ နိုဝင္ဘာလ(၁၉) ရက္၊ ရခိုင္ျပည္တိုက္ပြဲသတင္းမ်ား

Updated: Nov 20, 2019

ree

၂၀၁၉ ခုႏွစ္၊ ႏိုဝင္ဘာလ(၁၉) ရက္၊ေန႔လည္ (၁) နာရီခန္႔မွပလက္ဝၿမိဳ႕နယ္၊ ပကာဝရြာ၊အေနာက္ေတာင္ဖက္(၃.၇)ကီလိုမီတာ (သို႔မဟုတ္) ကာမေခ်ာင္း(ေဒသအေခၚ-ကာရမေခ်ာင္း)အေနာက္ဖက္ရွိေတာင္တန္းေပၚတြင္ မိမိတို႔ရွိရာေနရာသို႔က်ဴးေက်ာ္ဝင္ေရာက္လာေသာ နယ္ခ်ဲ႕စစ္ရာဇဝတ္တပ္(ျမန္မာ့တပ္မေတာ္) ၏တပ္မ(၇၇) လက္ေအာက္ခံ၊ေမွာ္ဘီအေျခစိုက္၊ ခမရ(၃၁၃)တပ္ရင္းအားရကၡိဳင့္တပ္ေတာ္၊လႈပ္ရွားစစ္ေၾကာင္းမွ အေကာင္းဆံုးတိုက္ခိုက္ႏိုင္ခဲ့သည္။

ေန႔လည္(၁) နာရီခန္႔မွ ေန႔လည္(၁) နာရီ(၃၀) မိနစ္ခန္႔အထိ တိုက္ပြဲျဖစ္ပြားခဲ့ၿပီး ရန္သူ(၉) ဦးအားသုတ္သင္ရွင္းလင္းႏိုင္ခဲ့သည္။ လက္နက္ခ်အည့ံခံေသာဗိုလ္(၁) ဦး၊ အရာခံဗိုလ္(၁) ဦးအပါအဝင္ သံု႔ပန္းစုစုေပါင္း(၁၃)ဦးကိုလည္းလက္ရအရွင္ဖမ္းဆီးရမိခဲ့ၿပီး ေသနတ္(၁၄) လက္(အၾကမ္းအားျဖင့္)အပါအဝင္လက္နက္ခဲယမ္းအခ်ိဳ႕ကိုလည္းသိမ္းဆည္းရမိခဲ့သည္။ (အေသးစိပ္သတင္းအား ထပ္မံတင္ေပးသြားပါမည္)

ကစဥ့္ကလ်ားထြက္ေျပးေနသည့္ရန္သူအားရကၡိဳင့္တပ္ေတာ္မွလိုက္လံေခ်မႈန္းတိုက္ခိုက္ရာ ညေန(၅) နာရီ(၁၅) မိနစ္တြင္ နာရီဝက္ခန္႔ထပ္မံတိုက္ပြဲျဖစ္ပြားခဲ့သည္။ အထိအခိုက္အက်အဆံုးကိုမသိရေသးပါ။

၂၀၁၉ ခုႏွစ္၊ နိုဝင္ဘာလ(၁၉) ရက္၊ နံနက္(၁၁) နာရီ(၂၅) မိနစ္တြင္ ေျမပံုၿမိဳ႕နယ္၊ "အင္ၾကင္းရြာ" ႏွင့္"ဟင္းခေရာ္ရြာ" အၾကားတြင္ စစ္လက္နက္ႏွင့္ လူအင္အားျဖည့္တင္းေနေသာ စစ္ကား(၁၁) စီးပါစစ္ယာဥ္တန္းအား ရကၡိဳင့္တပ္ေတာ္မွ ျဖတ္ေတာက္တိုက္ခိုက္ခဲ့သည္။ ရန္သူ႔ဖက္မွ ထိခိုက္က်ဆံုးသူ(၁၀) ဦးအထက္ရွိခဲ့သည္။

ရန္သူသည္ တိုက္ပြဲမျဖစ္ပြားမီကတည္းကပင္ ရြာသာယာရြာေျမာက္ဖက္၊ (၆) ကီလိုမီတာအကြာအေဝးပတ္ဝန္းက်င္ႏွင့္ ေယာေခ်ာင္းတေလွ်ာက္အား ရဟတ္ယာဥ္မ်ားျဖင့္လာေရာက္ဗံုးႀကဲတိုက္ခိုက္ခဲ့သည္။ ထို႔ေနာက္ရဟတ္ယာဥ္မ်ားျဖင့္ နံနက္(၁၁) နာရီ(၂၂) မိနစ္မွ ညေန(၅) နာရီ(၂၀) မိနစ္အတြင္း မိနစ္(၉၀) ခန္႔(ငါးႀကိမ္တိုင္တိုင္) တစ္စီးၿပီးတစ္စီးမရပ္မနားလာေရာက္ဗံုးႀကဲတိုက္ခိုက္ခဲ့သည္။

သတင္းႏွင့္ျပန္ၾကားေရး ရကၡိဳင့္တပ္ေတာ္



ree

၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ(၁၉) ရက်၊ ရခိုင်ပြည်တိုက်ပွဲသတင်းများ


၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ(၁၉) ရက်၊နေ့လည် (၁) နာရီခန့်မှပလက်ဝမြို့နယ်၊ ပကာဝရွာ၊အနောက်တောင်ဖက်(၃.၇)ကီလိုမီတာ (သို့မဟုတ်) ကာမချောင်း(ဒေသအခေါ်-ကာရမချောင်း)အနောက်ဖက်ရှိတောင်တန်းပေါ်တွင် မိမိတို့ရှိရာနေရာသို့ကျူးကျော်ဝင်ရောက်လာသော နယ်ချဲ့စစ်ရာဇဝတ်တပ်(မြန်မာ့တပ်မတော်) ၏တပ်မ(၇၇) လက်အောက်ခံ၊မှော်ဘီအခြေစိုက်၊ ခမရ(၃၁၃)တပ်ရင်းအားရက္ခိုင့်တပ်တော်၊လှုပ်ရှားစစ်ကြောင်းမှ အကောင်းဆုံးတိုက်ခိုက်နိုင်ခဲ့သည်။


နေ့လည်(၁) နာရီခန့်မှ နေ့လည်(၁) နာရီ(၃၀) မိနစ်ခန့်အထိ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ရန်သူ(၉) ဦးအားသုတ်သင်ရှင်းလင်းနိုင်ခဲ့သည်။ လက်နက်ချအည့ံခံသောဗိုလ်(၁) ဦး၊ အရာခံဗိုလ်(၁) ဦးအပါအဝင် သုံ့ပန်းစုစုပေါင်း(၁၃)ဦးကိုလည်းလက်ရဖမ်းဆီးရမိခဲ့ပြီး သေနတ်(၁၄) လက်(အကြမ်းအားဖြင့်)အပါအဝင်လက်နက်ခဲယမ်းအချို့ကိုလည်းသိမ်းဆည်းရမိခဲ့သည်။ (အသေးစိပ်သတင်းအား ထပ်မံတင်ပေးသွားပါမည်)


ကစဉ့်ကလျားထွက်ပြေးနေသည့်ရန်သူအားရက္ခိုင့်တပ်တော်မှလိုက်လံချေမှုန်းတိုက်ခိုက်ရာ ညနေ(၅) နာရီ(၁၅) မိနစ်တွင် နာရီဝက်ခန့်ထပ်မံတိုက်ပွဲဖြစ်ပွားခဲ့သည်။ အထိအခိုက်အကျအဆုံးကိုမသိရသေးပါ။


၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ(၁၉) ရက်၊ နံနက်(၁၁) နာရီ(၂၅) မိနစ်တွင် မြေပုံမြို့နယ်၊ "အင်ကြင်းရွာ" နှင့်"ဟင်းခရော်ရွာ" အကြားတွင် စစ်လက်နက်နှင့် လူအင်အားဖြည့်တင်းနေသော စစ်ကား(၁၁) စီးပါစစ်ယာဉ်တန်းအား ရက္ခိုင့်တပ်တော်မှ ဖြတ်တောက်တိုက်ခိုက်ခဲ့သည်။ ရန်သူ့ဖက်မှ ထိခိုက်ကျဆုံးသူ(၁၀) ဦးအထက်ရှိခဲ့သည်။


ရန်သူသည် တိုက်ပွဲမဖြစ်ပွားမီကတည်းကပင် ရွာသာယာရွာမြောက်ဖက်၊ (၆) ကီလိုမီတာအကွာအဝေးပတ်ဝန်းကျင်နှင့် ယောချောင်းတလျှောက်အား ရဟတ်ယာဉ်များဖြင့်လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့သည်။ ထို့နောက်ရဟတ်ယာဉ်များဖြင့် နံနက်(၁၁) နာရီ(၂၂) မိနစ်မှ ညနေ(၅) နာရီ(၂၀) မိနစ်အတွင်း မိနစ်(၉၀) ခန့်(ငါးကြိမ်တိုင်တိုင်) တစ်စီးပြီးတစ်စီးမရပ်မနားလာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့သည်။


သတင်းနှင့်ပြန်ကြားရေး

ရက္ခိုင့်တပ်တော်


Recent Posts

See All
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ (၁၂) ရက်နေ့ လေကြောင်းတိုက်ခိုက်မှု နောက်ဆုံးရသတင်း

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ (၁၃) ရက်၊ မနက် (၀၀) နာရီ (၁၈/၂၀) မိနစ် (တနည်းအားဖြင့်) ဒီဇင်ဘာလ(၁၂) ရက် ညဉ့် အချိန်တို့တွင် ပုဏ္ဏားကျွန်းမြို့နယ်အတွင်းရှိ ရွာအချို့ ( ရွာအမည်စုံစမ်းဆဲ) အား ဖက်ဆစ် အကြမ်းဖက် စစ်ရ

 
 
 

Comments


  • Telegram-White
  • YouTube
  • Vkontakte
  • Twitter

Copyright © 2020 Arakan Army

bottom of page