၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ (၂၄/၂၅) ရက်နေ့၊ရခိုင်ပြည်တိုက်ပွဲသတင်းများ
- ULA / AA
- Sep 26, 2019
- 1 min read
Updated: Sep 26, 2019
၂၀၁၉ ခုနှစ်၊စက်တင်ဘာလ(၂၄/၂၅) ရက်နေ့များတွင် ရခိုင်ပြည်၊ အမ်းမြို့နယ် နှင့် မြောက်ဦးမြို့နယ်များတွင် တိုက်ပွဲများဆက်လက်ရှိနေခဲ့သည်။
၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ(၂၄) ရက်နေ့တွင် အမ်းမြို့နယ်၊ ကမ်းထောင့်ကြီး၊ အရှေ့ဖက် (၃.၇) ကီလိုမီတာအကွာအဝေးရှိတောင်တန်းပေါ်တွင် မြန်မာစစ်တပ်ဖက်မှ မိမိတို့တပ်ဖွဲ့ရှိရာနေရာသို့ဝင်ရောက်လာသောကြောင့်တိုက်ပွဲဖြစ်ပွားခဲ့သည်။ နာရီဝက်ခန့်အပြန်အလှန်ပစ်ခတ်တိုက်ခိုက်ခဲ့ပြီးနောက် ရန်သူသည် ၎င်းတို့၏သေဆုံးသူအလောင်းများကိုယူပြီးနောက်ဆုတ်သွားခဲ့သည်။ ထို့နောက် လက်နက်ကြီးများဖြင့် အဝေးမှပစ်ခတ်တိုက်ခိုက်နေခဲ့သည်။ မိမိတို့တပ်ဖွဲ့ဝင်များ၏ပြောပြချက်အရ ရန်သူ့ဖက်မှမျက်မြင်(၈) ဦးခန့်သေဆုံးခဲ့ကြောင်းသိရှိရသည်။
၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ(၂၅) ရက်နေ့၊နေ့လည်(၁၂) နာရီခန့်အချိန်တွင် မြေပုံမြို့နယ်အတွင်း လွန်ခဲ့သောနေ့ရက်များ၌တိုက်ပွဲဖြစ်ပွားခဲ့သော နေရာနှင့် ၎င်းပတ်ဝန်းကျင်များကို မြန်မာစစ်တပ်ဖက်မှ ရဟတ်ယာဉ်(၂) စီးပေါ်မှ ဗုံး၊ရော့ကတ်များဖြင့်နှစ်ကြိမ်တိုင်လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ ထို့အတူလက်နက်ကြီးအကြိမ်အရေအတွက်(၂၀) ကျော်ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ ၂၀၁၉ ခုနှစ်၊စက်တင်ဘာလ(၂၅) ရက်နေတွင်မင်းပြားမြို့နယ်နှင့် မြောက်ဦးမြို့နယ်အတွင်းရှိ နေရာ(၃)နေရာ၌တိုက်ပွဲများအသီးသီးဖြစ်ပွားခဲ့သည်။
(၁) မြောက်ဦးမြို့နယ်၊ မောင်သာကုန်းရွာ၊ အရှေ့ဖက်၊ ကားလမ်းမအနီးတွင်လည်းကောင်း
(၂) မင်းပြားမြို့နယ်၊ကျော်ကရွာ၊ အနောက်ဖက်(၁.၄) ကီလိုမီတာအကွာအဝေးတွင်လည်းကောင်း
(၃)မင်းပြားမြို့နယ်၊ကျော်ကရွာ၊ အရှေ့မြောက်(၂.၃)ကီလိုမီတာအကွာအဝေးတွင်လည်းကောင်း ထိတွေ့တိုက်ခိုက်မှုများရှိခဲ့သည်။ လောလောဆယ်အသေးစိပ်တိုက်ပွဲအခြေအနေများကို မသိရှိရသေးပါ။ တိုက်ပွဲနောက်ဆက်တွဲများကို သိရှိရပါကဆက်လက်တင်ပေးသွားပါမည်။
မိမိတို့ရက္ခိုင့်တပ်တော် သတင်နှင့်ပြန်ကြားရေးဌာနတွင်မဖော်ပြရသေးသော လက်ကျန်တိုက်ပွဲ အဖြစ် စက်တင်ဘာလ(၂၃) ရက်နေ့တွင် ကျောက်တော်မြို့နယ်၊ တောင်ပေါက်ရွာ၊ အနောက်ဖက်ရှိကားလမ်းမအနီး၌ ညနေ(၃) နာရီ (၄၀) မိနစ်တွင် မိနစ်အနည်းငယ်ကြာထိတွေ့ဖြစ်ပွားခဲ့သောတိုက်ပွဲဖြစ်သည်။ အင်အား(၁၃၀) ကျော်ပါရန်သူ့စစ်ကြောင်း နှင့် မိနစ်အနည်းငယ်ကြာထိတွေ့မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ရန်သူ့ဖက်မှ ထိခိုက်ဒဏ်ရာရသူအချို့ရှိနိုင်သည်။
တအာင်းဒေသအတွင်း၌လည်း မြန်မာစစ်တပ်ဖက်မှ သံချပ်ကာများ၊ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်နေခဲ့သည်။
သတင်းနှင့် ပြန်ကြားရေး ရက္ခိုင့်တပ်တော် ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ(၂၅) ရက်နေ့ရေးတင်ပါသည်။








Comments