top of page

၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ (၂၂/၂၃) ရက်နေ့၊ရခိုင်ပြည်တိုက်ပွဲသတင်းများ

Updated: Sep 24, 2019

အောက်ပါတိုက်ပွဲများမှာ မြန်မာစစ်တပ်ဖက်မှ မိမိတို့တပ်ရှိရာနေရာသို့ ထိုးစစ်ဆင်တိုက်ခိုက်လာသောကြောင့် ဖြစ်ပွားခဲ့ရသောတိုက်ပွဲ၊ နှစ်ဖက်ရုတ်ချည်းထိတွေ့၍ဖြစ်ပွားခဲ့သောတိုက်ပွဲ၊ အပြန်အလှန်ပစ်ခတ်တိုက်ခိုက်သောတိုက်ပွဲများဖြစ်သည်။တနည်း မြန်မာစစ်တပ်ဖက်မှ တစ်ဖက်သတ်-အပစ်ရပ်-သက်တမ်းတိုးခြင်းအား ရပ်တန့်ပြီးနောက်ရခိုင်ဒေသအတွင်းဆက်လက်ဖြစ်ပွားခဲ့သောတိုက်ပွဲများဖြစ်သည်။

စက်တင်ဘာလ(၂၂) ရက်၊ နံနက်(၁၁) နာရီ(၁၅) မိနစ်မှ နေ့လည် (၁၂) နာရီ(၃၀) မိနစ်အထိ (၁) နာရီ(၁၅) မိနစ်အကြာထိတွေ့တိုက်ခိုက်မှုသည်ဘူးသီးတောင်မြို့နယ်၊ဥယျာဉ်သာရွာအနီး ၌ဖြစ်ပွားခဲ့သည်။ (အပြန်အလှန်ပစ်ခတ်တိုက်ခိုက်သောတိုက်ပွဲ)

စက်တင်ဘာလ(၂၂) ရက်၊ မင်းပြားမြို့နယ်၊ ကျော်ကရွာအရှေ့မြောက်ဖက်၊(၅) ကီလိုမီတာအကွာအဝေးရှိတောင်တန်းပေါ်တွင် ဆယ့်ငါးမိနစ်ခန့်ထိတွေ့မှုထပ်မံဖြစ်ပွားခဲ့သည်။ ဤနေရာသည်ယခင်ရက်များတွင်တိုက်ပွဲများပြင်းထန်ခဲ့သောနေရာလည်းဖြစ်သည်။( နှစ်ဖက်ရုတ်ချည်းထိတွေ့၍ဖြစ်ပွားခဲ့သောတိုက်ပွဲ)

မြန်မာစစ်တပ်သည် ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ(၂၁) ရက်နေ့မှစတင်ပြီး လက်နက်ကြီးများဖြင့် ရခိုင်ဒေသအတွင်း ညအချိန်မတော် နေရာအနှံ့ရမ်းသန်းပစ်ခတ်တိုက်ခိုက်နေခဲ့သည်။ဤကဲ့သို့ မိမိတို့အားပစ်ခတ်တိုက်ခိုက်နေသော လက်နက်ကြီးစခန်းများထဲမှ မြေပုံမြို့နယ်၊ တောင်ကြီးရွာအရှေ့မြောက်(၁.၅) ကီလိုမီတာအကွာအဝေး၌ရှိသော မြန်မာစစ်တပ်၏ နပခ လက်အောက်ခံ၊ ခမရ(၃၇၃) တပ်ရင်း၏ ယာယီလက်နက်ကြီးစခန်းအားရက္ခိုင့်တပ်တော်၊ ကွန်မန်ဒိုများမှ စက်တင်ဘာလ(၂၂) ရက်၊ ညနေ(၄) နာရီခန့်တွင်ဟန့်တားတိုက်ခိုက်ခဲ့သည်။

( အမှားပြင်ဆင်ချက်။ ။ မူလက, အမြောက်တပ်,အမတ (၃၇၃) အား ခမရ (၃၇၃) ဟု မှားယွင်းဖော်ပြထားသည်ကို ပြန်လည်ပြင်ဆင်ထားပါသည်။


သုံးနာရီနီးပါးကြာတိုက်ခိုက်မှုအပြီးတွင်မြန်မာစစ်တပ်၏ ယာယီလက်နက်ကြီးစခန်းအားသိမ်းပိုက်နိုင်ခဲ့သည်။ မိမိတို့ကွန်မန်ဒိုများမှအထိအခိုက်၊အကျအဆုံးအနည်းဆုံးဖြင့် ထိရောက်စွာတိုက်ခိုက်နိုင်ခဲ့သည်။

ရန်သူ့အလောင်း(၁၀) လောင်းအပါအဝင် စစ်အသုံးအဆောင်ပစ္စည်းများ၊ လက်နက်ခဲယမ်းများပါဝင်သော ခြင်းတောင်း(၁၈) လုံးကိုသိမ်းဆည်းရမိခဲ့သည်။

၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ(၂၃) ရက်၊ နံနက်(၁၁) နာရီ(၃၀) မိနစ်ခန့်တွင်လည်း ဘူးသီးတောင်မြို့နယ်၊ ဥယျာဉ်သာရွာအရှေ့တောင်ဖက်၊တောင်တန်းပေါ်တွင် ဆယ့်ငါးမိနစ်ခန့်အပြန်အလှန်ပစ်ခတ်တိုက်ခိုက်မှုများရှိခဲ့သည်။

မြန်မာအစိုးရ၊ မြန်မာစစ်တပ်နှင့် မိမိတို့သည်နှစ်ဦးနှစ်ဖက်ပြေလည်မှုရရှိရန်ကြိုးစားအားထုတ်နေကြသော်လည်း မြေပြင်တွင်တိုက်ပွဲများဆက်လက်ရှိနေဆဲပင်ဖြစ်သည်။ သို့သော်လည်း မိမိတို့အနေဖြင့် တွေ့ဆုံဆွေးနွေးပြီးအဖြေရှာနိုင်မှသာလျှင်လက်ရှိပဋိပက္ခများပြေလည်နိုင်မည်ဟုယုံကြည်ပါသည်။

မြန်မာစစ်တပ်၏ တစ်ဖက်သတ်-အဖြတ်လိုက်-အပစ်ရပ်-သက်တမ်းထပ်တိုးခြင်းမရှိသော်လည်း မြန်မာစစ်တပ်၏ စစ်ရေးလူပ်ရှားမှုနှင့် ရက္ခိုင့်တပ်တော်အပေါ် ထိုးစစ်ဆင်တိုက်ခိုက်နေမှုများမှာဆက်လက်ရှိနေဆဲပင်ဖြစ်သည်။ ရခိုင်ဒေသသာမက တအာင်း၊ကိုးကန့်ဒေသများ၌လည်း၎င်းတို့၏ စစ်ဆင်ရေးမှာမရပ်မနားဆက်လက်ဆောင်ရွက်နေဆဲပင်ဖြစ်သည်။

မြန်မာစစ်တပ်၏ တစ်ဖက်သတ်-အပစ်ရပ်ခြင်း/ မရပ်ခြင်းမှာ ၎င်းတို့၏ စစ်ဆင်ရေးနှင့် သက်ဆိုင်ခြင်းမရှိဟုပြော၍ရသည်။ ထို့အတူမြန်မာစစ်တပ်ဖက်မှမိမိတို့ညီနောင်မဟာမိတ်များအပေါ် တစ်ဖက်သတ်ထိုးစစ်ဆင်နေမှုများရှိနေသမျှကာလပတ်လုံးမိမိတို့၏ဒေသများ၌တိုက်ပွဲများရှိနေအုံးမည်ဖြစ်သည်။

မိမိတို့အနေဖြင့် တိုက်ပွဲများမဖြစ်ပွားလိုသော်လည်း မြန်မာစစ်တပ်၏ စစ်ဆင်ရေးလူပ်ရှားမှုများကြောင့်ရှောင်လွဲ၍ မရနိုင်သောတိုက်ပွဲများမှာ မိမိတို့ဒေသများ၌နေ့စဉ်ရက်ဆက် ဖြစ်ပွားနေဆဲပင်ဖြစ်သည်။ ထို့အတူမိမိတို့ညီနောင်မဟာမိတ်များအနေဖြင့် ထုတ်ပြန်ထားသည့်အတိုင်း တစ်ဖွဲ့ချင်းအနေဖြင့် မိမိကိုယ်မိမိခုခံကာကွယ်စစ်ကိုသော်လည်း၊ အစုအစည်းဖြင့် ဟန်ချက်ညီခုခံကာကွယ်စစ်ကိုသော်လည်းကောင်း ဆက်လက်ခုခံကာကွယ်သွားမည်။

သတင်းနှင့်ပြန်ကြားရေး ရက္ခိုင့်တပ်တော် ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ(၂၃) ရက်နေ့ရေးတင်ပါသည်။


ree


ree



Recent Posts

See All
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ (၁၂) ရက်နေ့ လေကြောင်းတိုက်ခိုက်မှု နောက်ဆုံးရသတင်း

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ (၁၃) ရက်၊ မနက် (၀၀) နာရီ (၁၈/၂၀) မိနစ် (တနည်းအားဖြင့်) ဒီဇင်ဘာလ(၁၂) ရက် ညဉ့် အချိန်တို့တွင် ပုဏ္ဏားကျွန်းမြို့နယ်အတွင်းရှိ ရွာအချို့ ( ရွာအမည်စုံစမ်းဆဲ) အား ဖက်ဆစ် အကြမ်းဖက် စစ်ရ

 
 
 
🚨 #Breakingnews

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ (၁၂) ရက် ၊ ည (၉) နာရီခန့်မှစတင်ပြီး ဖက်ဆစ် အကြမ်းဖက် စစ်ကောင်စီသည် လေကြောင်းမှ Cluster ဗုံးအပါအဝင် ရော့ကတ်များဖြင့်တိုက်ခိုက်ခြင်းများကို ပြုလုပ်လျက်ရှိသည်။   (၁) ပုဏ္ဏားကျွန်းမြ

 
 
 

Comments


  • Telegram-White
  • YouTube
  • Vkontakte
  • Twitter

Copyright © 2020 Arakan Army

bottom of page