(၁၀) ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲကြေညာချက်
- ULA / AA
- 13 minutes ago
- 1 min read
၂၀၂၅ ခုနှစ်၊ ဩဂုတ်လ (၁) ရက်
ULA/AA ၏ (၁၀) ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲကို လာမည့် ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ (၁၁) ရက်၊ တနင်္လာနေ့ နံနက် (၁၀:၀၀) နာရီ အချိန်တွင် ပြုလုပ်သွားမည်ဖြစ်ပါသည်။ သတင်းစာ ရှင်းလင်းပွဲကို ယခင်အကြိမ်များအတိုင်း ရက္ခိုင်ဘာသာစကားဖြင့် ပြုလုပ်သွားမည်ဖြစ်ပါသည်။ သတင်းရယူလိုသော သတင်းထောက်များ အနေဖြင့် သတင်းစာရှင်းလင်းပွဲကို တက်ရောက်နိုင်ရန်အတွက် ဖော်ပြပါလင့်ခ် (https://forms.gle/ 9FkNHENUvZ9R1sMp9 ) မှတစ်ဆင့် ယခင်အကြိမ်များနည်းတူ စာရင်းသွင်းရန်လိုအပ်ပါသည်။ စာရင်းသွင်းထားသော သတင်းထောက်များကိုသာ တက်ရောက်သတင်းရယူခွင့်ပြုမည်ဖြစ်ပါသည်။ စာရင်းသွင်းထားသော သတင်းထောက်များကို သတင်းစာရှင်းလင်းပွဲ တက်ရောက်နိုင်ရန်အတွက် Email မှတစ်ဆင့် လိုအပ်သည့် အချက်အလက်များကို ပေးပို့သွားမည်ဖြစ်ပါသည်။
သတင်းထောက်များအနေဖြင့် မေးမြန်းလိုသော မေးခွန်းများကို ဩဂုတ်လ (၅) ရက်၊ အင်္ဂါနေ့ကို နောက်ဆုံးထား၍ ဖော်ပြပါ အီးမေးလ်လိပ်စာ press.ula.aa@protonmail.com မှတစ်ဆင့်ပေးပို့ကာ မေးမြန်းထားနိုင်ပါသည်။ သတ်မှတ်ရက်ကျော်လွန်ပြီးမှ ပေးပို့လာသော မေးခွန်းများကို ယခုသတင်းစာရှင်းလင်းပွဲတွင် လက်ခံဖြေ ကြားပေးမည်မဟုတ်သည့်အတွက် မေးခွန်းများကို ကြိုတင်ပြီး ပေးပို့ထားကြရန်လိုအပ်ပါသည်။ သတင်းထောက် တစ်ဦးကို မေးခွန်း (၂)ခုသာ လက်ခံသွားမည်ဖြစ်ပြီး ထပ်ဆင့်မေးခွန်းတစ်ခုကိုလည်း ခွင့်ပြုပေးသွားမည်ဖြစ်ပါသည်။ ယခုကဲ့သို့ မေးခွန်းအရေအတွက် ကန့်သတ်ထားရခြင်းမှာလည်း အခြားသတင်းထောက်များကို အချိန်ပေးနိုင်ရန်အတွက်ဖြစ်ပါသည်။
ULA/AA ၏ Telegram Channel ကိုလည်း ယခုဖော်ပြပါ လင့်ခ် (https://t.me/+zqAxBCBh34BkZjll ) မှ တစ်ဆင့် Subscribe လုပ်ထားရန်တိုက်တွန်းလိုပါသည်။ အဆိုပါ Telegram Channel မှတစ်ဆင့် ULA/AA ၏ သတင်းစာရှင်းလင်းပွဲနှင့်ပတ်သက်၍ တရားဝင်ထုတ်ပြန်ချက်များကို ထုတ်ပြန်သွားမည်ဖြစ်ပါသည်။
Telegram (https://t.me/+zqAxBCBh34BkZjll)
ULA/AA Press-Briefing Info
please kindly sent email to press.ula.aa@protonmail.com or press.ula.aa@gmail.com for press-briefing ques
Komentar