top of page

အမ်းမြို့နယ်၊ ဒါးလက်ချောင်းဒေသ စစ်သုံ့ပန်းအကျဉ်းစခန်းအား ဖက်ဆစ်အကြမ်းဖက် စစ်ကော်မရှင်၏ လေကြောင်းတိုက်ခိုက်မှုဖြစ်စဉ်အတွင်း စစ်သုံ့ပန်း (၁၁၆)ဦးသေဆုံးကာ (၃၂) ဦးဒဏ်ရာရ၊ အရပ်သားသုံ့ပန်းအချို့ သေဆုံးဒဏ်ရာရ

  • 8 hours ago
  • 1 min read

အာရက္ခပြည်၊ အမ်းမြို့နယ်၊ ဒါးလက်ချောင်းဒေသ စစ်သုံ့ပန်းအကျဉ်းစခန်းအား ဖက်ဆစ်အကြမ်းဖက် စစ်ကော်မရှင်၏ လေကြောင်းတိုက်ခိုက်မှုဖြစ်စဉ်အတွင်း စစ်သုံ့ပန်း (၁၁၆) ဦး သေဆုံးပြီး (၃၂) ဦး ဒဏ်ရာရရှိကာ အရပ်သားသုံ့ပန်းအချို့လည်း သေဆုံးဒဏ်ရာရ

 

၂၀၂၆ ခုနှစ်၊ မတ်လ (၁၁) ရက်

 

၂၀၂၆ ခုနှစ်၊ မတ်လ (၈) ရက်နေ့၊ နံနက် (၁၁) နာရီ (၂) မိနစ်မှ မွန်းလွဲ (၂) နာရီ (၂၈) မိနစ် အချိန်အထိ ဖက်ဆစ် အကြမ်းဖက် စစ်ကော်မရှင်တပ်သည် ဂျက်ဖိုက်တာ (၄) စီး နှင့် Y-12 (၄) စီးတို့ဖြင့် အာရက္ခပြည်၊ အမ်းမြို့နယ်၊ ဒါးလက်ချောင်းဒေသရှိ  စစ်သုံ့ပန်းအကျဉ်းစခန်းအား သုံးနာရီခွဲခန့်ကြာမြင့်သော လေကြောင်းဗုံးကြဲတိုက်ခိုက်မှုမျိုးကို မရပ်မနား ဆက်တိုက်ပြုလုပ်ခဲ့ သည်။

 

အကြမ်းဖက် စစ်ကော်မရှင်တပ်၏ လူမဆန်စွာ လေကြောင်းတိုက်ခိုက်မှုကြောင့် လတ်တလောစာရင်းအရ စစ်သုံပန်း (၁၁၆) ဦး သေဆုံးခဲ့ပြီး (၃၂) ဦး ဒဏ်ရာရရှိခဲ့သည်။ ထို့အပြင် ပြင်းထန်၊ အလတ်စား၊ အသေးစားဒဏ်ရာရရှိသူများ မြောက်မြားစွာ ရှိနေသေးသည်။ အရပ်သားများထဲမှ ပြစ်ဒဏ်ကျခံရသူအချို့လည်း ဤဖြစ်စဉ်အတွင်း သေဆုံး၊ ဒဏ်ရာရရှိခဲ့သည်။

 

ဤဖြစ်စဉ်သည် အာရက္ခဒေသအတွင်း ဖက်ဆစ် အကြမ်းဖက် စစ်ကော်မရှင်တပ်၏ လေကြောင်းမှ အကြမ်းဖက် တိုက်ခိုက်မှု ဖြစ်စဉ်အတွင်း စစ်သုံ့ပန်း (စစ်ကော်မရှင်တပ်ဖွဲ့ဝင်များ) အသေအပျောက် အများဆုံးဖြစ်စဉ်ဖြစ်ပြီး စစ်ဘက်အရာရှိကြီးများစွာလည်း ပွဲချင်းပြီးသေဆုံးခဲ့ကြသည်။

 

စစ်သုံ့ပန်းအလောင်းအချို့မှာ မည်သူမည်ဝါမှန်း စစ်ဆေးရန်ခက်ခဲခြင်း၊ ခန္ဓာအစများ တစ်စမှမရရှိသော ပျောက်ဆုံးအလောင်းများလည်း ရှိနေသေးသောကြောင့် အသေးစိတ် အချက်အလက်များကို စစ်ဆေးပြီးသည့်အချိန်တွင် ဆက်လက်တင်ပြပေးသွားပါမည်။

 

သတင်းနှင့်ပြန်ကြားရေး

အာရက္ခတပ်တော်


Comments


  • Telegram-White
  • YouTube
  • Vkontakte
  • Twitter

Copyright © 2020 Arakan Army

bottom of page