top of page

DLEPS တပ်ဖွဲ့ဝင်များ၊ AA တပ်ဖွဲ့ဝင်များနှင့် ဒေသခံပြည်သူများစုပေါင်း၍ ပျောက်ဆုံးနေသော အရပ်သား (၄) ဦးအား ရှာဖွေလျက်ရှိ၊ ARSA, RSO အကြမ်းဖက်လက်နက်ကိုင်တပ်ဖွဲ့ များအား လိုက်လံရှင်းလင်းလျက်ရှိ


ree


ree


ree

အာရက္ခပြည်သူ့လုံခြုံရေး DLEPS တပ်ဖွဲ့ဝင်များ၊ အာရက္ခတပ်တော် တပ်ဖွဲ့ဝင်များနှင့်၊ ဒေသခံပြည်သူများ စုပေါင်း၍ ပျောက်ဆုံးနေသော အပြစ်မဲ့အရပ်သား (၄) ဦးအား ရှာဖွေလျက်ရှိပြီး ARSA , RSO မူဆလင်နက်ကိုင်တပ်ဖွဲ့များအား လိုက်လံရှင်းလင်းလျက်ရှိ

 

၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ (၇) ရက်

 

အာရက္ခဒေသ၊ မောင်တောမြို့နယ်၊ ကိုင်းကြီး မြိုရွာမှ ဦးဆိုင်ဝင်း (၄၅) နှစ်၊ ၎င်း၏သားများ ဖြစ်ကြသော မောင်လင်ကြီး (၁၅) နှစ်၊ မောင်အာမွန်း (၁၂) နှစ်နှင့် ၎င်း၏ တူဖြစ်သူ မောင်ဒီကော် (၁၄) နှစ်တို့သည်  ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ (၃၀) ရက်နေ့တွင် မေယုတောင်ခြေရင်း၌ရှိသော လက်ဝဲချောင်း(ဒေသအခေါ်) သို့ ငါးရှာရန်သွားရောက်စဉ်အတွင်း ARSA  မူဆလင်အကြမ်းဖက်လက်နက်ကိုင်များမှ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရှိရသောကြောင့် ရက္ခပြည်သူ့လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးဌာန (Department of Law Enforcement and Public Security- DLEPS) တပ်ဖွဲ့ဝင်များ၊ အာရက္ခတပ်တော် တပ်ဖွဲ့ဝင်များ နှင့် ဒေသခံပြည်သူများမှ စုပေါင်း၍ ပျောက်ဆုံးနေသောသူများကို ရှာဖွေလျက်ရှိပါသည်။

 

၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ (၆) ရက်နေ့၊ ညနေ (၃) နာရီ (၄၉) မိနစ်အချိန် တွင် ဘူးသီးတောင်မြို့နယ်၊ ရွှေထား(မူဆလင်) ရွာ၏ အနောက်ဘက် (၄.၉) ကီလိုမီတာ အကွာအဝေး၌ ARSA မူဆလင် အကြမ်းဖက် လက်နက်ကိုင်များ စခန်းချနေထိုင်နေသာ တပ်စခန်းတစ်ခုအား မိမိတို့မှ တိုက်ခိုက်ခဲ့ပြီး မီးရှို့ဖျက်ဆီးနိုင်ခဲ့သည်။

 

အဆိုပါ ARSA စခန်းအား သိမ်းပိုက်ရရှိခဲ့ပြီး လက်နက်ခဲယမ်း၊ စစ်အသုံးအဆောင်ပစ္စည်းအချို့နှင့် ၎င်းတို့ထောင်ထားခဲ့သော စွန့်လွှတ်မိုင်းအချို့တို့ကို သိမ်းဆည်းရမိခဲ့သည်။ မိမိတို့အနေဖြင့်လည်း ၎င်းစခန်းမှ ထွက်ပြေးလွတ်မြောက်နေသော ARSA တပ်ဖွဲ့ဝင်များကို ဆက်လက်၍ လိုက်လံရှင်းလင်းလျက်ရှိသည်။

 

အာရက္ခဒေသ၊ မောင်တောမြို့နယ်အတွင်း နယ်မြေလုံခြုံရေးအတွက် ကင်းလှည့်နေကြသော အာရက္ခတပ်တော်မှ တပ်ဖွဲဝင်များနှင့် RSO မူလဆင်အကြမ်းဖက်လက်နက်ကိုင်တပ်ဖွဲဝင်အချို့တို့သည် ယခင် ဖက်ဆစ်အကြမ်းဖက် စစ်ကောင်စီ၏ စခန်းဟောင်းဖြစ်ပြီး လက်ရှိအချိန်တွင်အာရက္ခတပ်တော်မှ သိမ်းပိုက်ရရှိထားသော "လိပ်ရစခန်း" အနီး၌ ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ (၆) ရက်၊ နေ့လယ် (၁၂) နာရီ (၅၅) မိနစ် အချိန်တွင် မိနစ်အနည်းငယ်ကြာ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့သည်။

 

RSO မူဆလင်အကြမ်းဖက်လက်နက်ကိုင်တပ်ဖွဲ့ဝင်များသည် လိပ်ရစခန်းအနီးတွင် စခန်းချနေထိုင်ခဲ့ကြပြီး မိမိတိုနှင့် မိနစ်အနည်းငယ်ခန့် ထိတွေ့တိုက်ပွဲဖြစ်ပွားပြီးနောက် ၎င်းတို့ထံမှ -

(၁) MA-2 (၁) လက်

(၂) G3 (၂) လက်

(၃) ကြောပိုးအိတ် (၁၂) လုံး နှင့် စစ်အသုံးအဆောင်ပစ္စည်းအချို့ကို သိမ်းဆည်းရမိခဲ့သည်။

 

ARSA ၊ RSO တို့ကိုင်ဆောင်ထားသော လက်နက်ခဲယမ်းအများစုမှာ ဖက်ဆစ်အကြမ်းဖက် စစ်ကောင်စီ၏ ကပစ စက်ရုံထုတ် လက်နက်များဖြစ်ပြီး စစ်ကောင်စီကိုယ်တိုင် တပ်ဆင်ပေးထားသော လက်နက်များ၊ နင်းမိုင်း၊ မြေမြှုပ်မိုင်း၊ စွန့်လွှတ်မိုင်းများဖြစ်ကြသည်။

 

ARSA, RSO မူလဆင်အကြမ်းဖက်လက်နက်ကိုင်တပ်ဖွဲ့များသည် ယခုရက်များအတွင်း အကြမ်းဖက်လုပ်ရပ်များကို ခပ်စိပ်စိပ်ပြုလုပ်လာသောကြောင့် မိဘပြည်သူများအနေဖြင့် အကြမ်းဖက်လုံခြုံရေးဆိုင်ရာ သတိအပြည့်ဖြင့်နေထိုင်ကြရန်၊ မသွားမဖြစ်သွားလာရမည့်ခရီးများတွင် လုံခြုံရေးသတိအပြည့်ဖြင့် စောင့်ကြည့်ကြရန် သတိပေးတိုက်တွန်းလိုက်ပါသည်။

 

သတင်းနှင့်ပြန်ကြားရေး

အာရက္ခတပ်တော်

Comments


  • Telegram-White
  • YouTube
  • Vkontakte
  • Twitter

Copyright © 2020 Arakan Army

bottom of page