top of page

အခြေခံစားသောက်ကုန်ပစ္စည်းများဝယ်၍ပြန်လာသော အရပ်သားကားတစ်စီးအား ARSA မူဆလင်အကြမ်းဖက်တပ်ဖွဲ့များမှ အကြမ်းဖက် ပစ်ခတ်တိုက်ခိုက်မှုကြောင့် အရပ်သားအမျိုးသမီး (၁) ဦးသေ (၄) ဦး ဒဏ်ရာရ


ree


ree


ree


ree


ree


ree


ree


ree


အခြေခံစားသောက်ကုန်ပစ္စည်းများဝယ်၍ပြန်လာသော အရပ်သားကားတစ်စီးအား ARSA မူဆလင်အကြမ်းဖက်လက်နက်ကိုင်တပ်ဖွဲ့များမှ လမ်းတစ်လျှောက် အဆင့်ဆင့်အကြမ်းဖက် ပစ်ခတ်တိုက်ခိုက်မှုကြောင့် အရပ်သားအမျိုးသမီး (၁) ဦးသေဆုံးခဲ့ပြီး (၄) ဦး ဒဏ်ရာရရှိ

 

၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ (၇) ရက်

 

၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ (၆) ရက် ၊ ညနေ (၄) နာရီ (၁၅) မိနစ်အချိန်တွင် မောင်တောမြို့၊ တောင်ပြိုမှ အခြေခံစားသောက်ကုန်ပစ္စည်းများဝယ်၍ ပြန်လာသော ကားမောင်းသူ နှင့် အရပ်သား (၆) ဦးပါ တေဘာကားတစ်စီးအား ARSA မူဆလင်အကြမ်းဖက် လက်နက်ကိုင်တပ်ဖွဲ့များမှ လမ်းတစ်လျှောက် အဆင့်ဆင့် ခြုံခိုပစ်ခတ်တိုက်ခိုက်ခဲ့သည်။

 

ထိုသို့အကြမ်းဖက်ပစ်ခတ်တိုက်ခိုက်မှုကြောင့် မောင်တောမြို့၊ အောင်မင်္ဂလာကျေးရွာမှ အသက် (၃၈) နှစ်အရွယ် ဒေါ်ဆန်းဆန်းဦးမှာ ဝဲဖက်နားထင်အား ကျည်ထိမှန်၍ သေဆုံးခဲ့ရပြီး အခြား (၄) ဦးမှာလည်း လက်နက်ငယ်ဒဏ်ရာများရရှိခဲ့ကြသည်။ လောလောဆယ်တွင် ဝမ်းဗိုက်တွင် ပြင်းထန် ဒဏ်ရာ ရရှိသူ (၁) ဦး နှင့် ဦးခေါင်းတွင် ပြင်းထန်ဒဏ်ရာရရှိသူ (၁) ဦးတိုအား အာရက္ခပြည်သူ့ကျန်းမာရေးဌာနမှ ဆေးကုသပေးလျက်ရှိသည်။

 

တစ်ပြိုင်နက်တည်းတွင် အပြစ်မဲ့အရပ်သားပြည်သူများအား အကြမ်းဖက်ပစ်ခတ်တိုက်ခိုက်သွားခဲ့သော ARSA မူဆလင် အကြမ်းဖက်လက်နက်ကိုင်တပ်ဖွဲ့ဝင်များအား အာရက္ခတပ်တော်မှ လိုက်လံရှင်းလင်းလျက်ရှိသည်။

 

သတင်းနှင့်ပြန်ကြားရေး

အာရက္ခတပ်တော်

 

Recent Posts

See All
🚨 #Breakingnews

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ (၁၂) ရက် ၊ ည (၉) နာရီခန့်မှစတင်ပြီး ဖက်ဆစ် အကြမ်းဖက် စစ်ကောင်စီသည် လေကြောင်းမှ Cluster ဗုံးအပါအဝင် ရော့ကတ်များဖြင့်တိုက်ခိုက်ခြင်းများကို ပြုလုပ်လျက်ရှိသည်။   (၁) ပုဏ္ဏားကျွန်းမြ

 
 
 

Comments


  • Telegram-White
  • YouTube
  • Vkontakte
  • Twitter

Copyright © 2020 Arakan Army

bottom of page