အာရက္ခပြည်၊ မြောက်ဦးမြို့၊ ဒိုင်းကျီရပ်ကွက်အား ဖက်ဆစ် အကြမ်းဖက် စစ်ကောင်စီ၏ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် ပြင်းထန်ဒဏ်ရာရပြီး ဆေးကုသမှုခံယူနေကြသောသူများထဲမှ (၂) ဦး ထပ်မံသေဆုံး
- ULA / AA
- Aug 28, 2025
- 1 min read

အာရက္ခပြည်၊ မြောက်ဦးမြို့၊ ဒိုင်းကျီရပ်ကွက်အား ဖက်ဆစ် အကြမ်းဖက် စစ်ကောင်စီ၏ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် ပြင်းထန်ဒဏ်ရာရပြီး ဆေးကုသမှုခံယူနေကြသောသူများထဲမှ (၂) ဦး ထပ်မံသေဆုံး
၂၀၂၅ ခုနှစ်၊ ဩဂုတ်လ (၂၇) ရက်
အာရက္ခပြည်၊ မြောက်ဦးမြို့၊ ဒိုင်းကျီရပ်ကွက်အား ဖက်ဆစ် အကြမ်းဖက် စစ်ကောင်စီ၏ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရပြီး ဆေးကုသမှုခံယူနေရသူများထဲမှ ပြင်းထန်ဒဏ်ရာရရှိခဲ့ကြသော ဒေါ်အေးစန္ဒာ အသက် (၃၂) နှစ် နှင့် မောင်အောင်အောင် အသက် (၄) နှစ် တို့ (၂) ဦးမှာ ဆေးကုသမှုခံယူနေစဉ်အတွင်း ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ (၂၆) ရက်နေ့၊ ညနေ (၄) နာရီခွဲခန့်အချိန်၌ ထပ်မံသေဆုံးခဲ့ရသည်။
၂၀၂၅ ခုနှစ်၊ ဩဂုတ်လ (၂၅) ရက်နေ့၊ ည (၁၁) နာရီ ( ၂၅) မိနစ်အချိန်ခန့်တွင် အာရက္ခပြည်၊ မြောက်ဦးမြို့၊ ဒိုင်းကျီရပ်ကွက်အား ဖက်ဆစ် အကြမ်းဖက်စစ်ကောင်စီမှ ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့မှုကြောင့် အလှူလုပ်ရန် ပြင်ဆင်နေကြသော မိသားစုဝင်များ နှင့် ၎င်းပတ်ဝန်းကျင်အနီးအနားမှ ကလေးငယ် (၅) ဦး အပါအဝင် အပြစ်မဲ့ အရပ်သားပြည်သူ (၁၂) ဦး သေဆုံးခဲ့ရပြီး (၂၀) ဦးမှာ ထိခိုက်ဒဏ်ရာများရရှိခဲ့သည်။ ဒဏ်ရာရရှိကြသောသူများ ဆေးကုသမှုခံယူနေစဉ်အတွင်း ဒေါ်အေးစန္ဒာ နှင့် မောင်အောင်အောင်တို့နှစ်ဦးမှာ ပြင်းထန်ဒဏ်ရာဖြင့် သေဆုံးခဲ့ရခြင်းဖြစ်သည်။
ဤ လေကြောင်းတိုက်ခိုက်မှုဖြစ်စဉ်အတွင်း ပွဲချင်းပြီး နှင့် ဆေးကုသမှုခံယူနေစဉ်အတွင်း အပါအဝင် စုစုပေါင်းသေဆုံးသူ (၁၄) ဦးအထိရှိသွားပြီဖြစ်သည်။
ဖက်ဆစ် အကြမ်းဖက် စစ်ကောင်စီသည် ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ (၂၅) ရက်နေ့ တစ်ရက်တည်း၌ပင် မြောက်ဦးမြို့၊ မင်းပြား နှင့် ပေါက်တောမြို့နယ်ရှိ အရပ်သားပြည်သူလူထုများရှိရာ ရပ်ကွက်များအတွင်းသို့ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သည်သာမက စစ်တွေအခြေစိုက် စစ်ကောင်စီ၏ တပ်ရင်းများမှလည်း ပုဏ္ဏားကျွန်းမြို့ ပြည်သူများနေထိုင်ရာ ရပ်ကွက်များသို့ လက်နက်ကြီး များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။
သတင်းနှင့်ပြန်ကြားရေး
အာရက္ခတပ်တော်







Comments