အာရက္ခပြည်၊ ကျောက်တော်မြို့နယ်၊ သရက်တပင်ကျေးရွာရှိ ကိုယ်ပိုင်အထက်တန်း စာသင်ကျောင်းများအား ဖက်ဆစ် အကြမ်းဖက် စစ်ကော်မရှင်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရ/သေဆုံးသူများ နောက်ဆက်တွဲသတင်း
- ULA / AA
- 3 days ago
- 1 min read

အာရက္ခပြည်၊ ကျောက်တော်မြို့နယ်၊ သရက်တပင်ကျေးရွာရှိ ကိုယ်ပိုင်အထက်တန်း စာသင်ကျောင်းများအား ဖက်ဆစ် အကြမ်းဖက် စစ်ကော်မရှင်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရ/သေဆုံးသူများ နောက်ဆက်တွဲသတင်း
၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ (၁၃) ရက်
ယမန်နေ့ ကျောက်တော်၊ သရက်တပင်ဖြစ်ရပ်၏ နောက်ဆက်တွဲ အနေဖြင့် လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့မှုကြောင့် ထိခိုက် ဒဏ်ရာရသူများထဲမှ ပြင်းထန်ဒဏ်ရာရရှိခဲ့ပြီး ဆေးကုသမှုခံယူနေသူ Grade 11 ကျောင်းသား မောင်အောင်ငြိမ်းဖြိုး အသက် (၁၇) နှစ်မှာ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ (၁၃) ရက်နေ့ နံနက် ၀၀ : ၂၀ နာရီအချိန်တွင် ပြင်းထန်ဒဏ်ရာဖြင့် အသက် ဆုံးပါးခဲ့ရသည်။
ဖက်ဆစ် အကြမ်းဖက် စစ်ကော်မရှင်၏ ယမန်နေ့ အကြမ်းဖက်လေကြောင်း တိုက်ခိုက်မှုဖြစ်စဉ်အတွင်း အေးချမ်းစွာ ပညာ သင်ယူဆည်းပူးနေကြသော အပြစ်မဲ့ ကျောင်းသူ ကျောင်းသားများထဲမှ သေဆုံးသူ အရေအတွက်မှာ စုစုပေါင်း (၂၀) အထိ ရှိသွားပြီဖြစ်သည်။
သတင်းနှင့်ပြန်ကြားရေး
အာရက္ခတပ်တော်

ဓာတ်ပုံ - ဖက်ဆစ် အကြမ်းဖက် စစ်ကော်မရှင်၏ လေကြောင်းတိုက်ခိုက်ခံရမှု ဒဏ်ရာကြောင့် ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ (၁၃) ရက်နေ့ နံနက် ၀၀ : ၂၀ နာရီအချိန်တွင် ဆေးကုသမှုခံယူနေစဉ်အတွင်း သေဆုံးသွားခဲ့သည့် Grade 11 ကျောင်းသား မောင်အောင်ငြိမ်းဖြိုး အသက် (၁၇) နှစ်
Comments