top of page

အာရက္ခဒေသအတွင်း တိုက်ပွဲသတင်းများ



ree


ree


ree


ree


ree


ree


ree


ree


ree


ree

အာရက္ခဒေသအတွင်း တိုက်ပွဲသတင်းများ


၂၀၂၄ ခုနှစ်၊ ဇူလိုင်လ (၁၁) ရက်


အာရက္ခဒေသအတွင်းမှ စစ်ကောင်စီ၏ လက်ကျန်တပ်စခန်းများကို အာရက္ခတပ်တော်မှ တစ်ခုပြီး တစ်ခု ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိသည်။ ယခုရက်များ၌ အဓိကတိုက်ပွဲဖြစ်ပွားလျက်ရှိသော နေရာများထဲမှ သံတွဲမြို့နယ်နှင့် မောင်တောမြို့နယ်အတွင်းမှ စစ်ကောင်စီ၏ တပ်စခန်း (၂) ခုကို ထပ်မံသိမ်းဆည်းရမိခဲ့သည်။


သံတွဲမြို့နယ်အတွင်း၌ စစ်ကောင်စီ၏ သံတွဲအခြေစိုက်တပ်ရင်းများထဲမှ လက်ကျန်စခန်းတစ်ခုဖြစ်သော ခလရ (၅၅) တပ်ရင်းအား ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိရာ ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ (၉) ရက်၊ နံနက် (၉) နာရီ (၄၅) မိနစ်အချိန်တွင် အဆိုပါတပ်ရင်းအား အာရက္ခတပ်တော်မှ အပြီးသတ်သိမ်းပိုက်နိုင်ခဲ့သည်။ ရန်သူ့ စစ်အသုံးအဆောင်ပစ္စည်း၊ လက်နက်ခဲယမ်းအများအပြားကို သိမ်းဆည်းရမိခဲ့သည်။


သံတွဲအခြေစိုက်တပ်ရင်းတစ်ခုဖြစ်သော ခမရ (၅၆၆) အား ဇွန်လ (၂၇) ရက်၊ ညနေ (၅) နာရီ (၃၀) မိနစ်တွင် အလုံးစုံသိမ်းပိုက်ပြီးသည့်နောက်တွင် ထွက်ပြေးလွတ်မြောက်နေသောရန်သူများ၊ စစ်ကူလာပေးသော ရန်သူများနှင့် သံတွဲမြို့ထဲမှ လက်ကျန် ရန်သူများသည် သံတွဲမြို့နှင့် သံတွဲမြို့အနီး ပတ်ဝန်းကျင်မှ ခုခံစစ် များကိုဆင်နွှဲရန် ပြင်ဆင်နေသောကြောင့် သံတွဲမြို့တစ်ခုလုံးအား အပြီးသတ်သိမ်းပိုက်ရယူနိုင်မည့် ထိုးစစ် များကို ဆက်လက်ဆင်နွှဲရအုံးမည်ဖြစ်သည်။


မောင်တောဒေသအတွင်း၌ စစ်ကောင်စီ၏ နောက်ဆုံးလက်ကျန်စခန်းတစ်ခုဖြစ်သော နခခ (၅) မြို့သူကြီး စခန်းအားမိမိတို့မှ ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိသည်။ စစ်ကောင်စီဘက်မှလည်း မောင်တောမြို့ အား မဆုံးရှုံးရရေးအတွက် မောင်တောမြို့တွင်းမှနေ၍ ခုခံစစ်စခန်းများသဖွယ်ပြင်ဆင်ပြီး ခုခံစစ်ဆင်နွှဲရန် ပြင်ဆင်လျက်ရှိသည်။ တစ်ပြိုင်နက်တည်းတွင် မိမိတို့မှလည်း မောင်တောမြို့အား ဝိုင်းရံပိတ်ဆို့ထားပြီး မောင်တောတစ်မြို့လုံးကို သိမ်းပိုက်ရယူနိုင်ရေးအတွက် ထိုးစစ်များကို ဆက်လက်ပြုလုပ်လျက်ရှိသည်။


မောင်တော၊ နခခ (၅) ၏ အနီးပတ်ဝန်းကျင်စခန်းတစ်ခုဖြစ်သော မကျည်းချောင်း (မကျီးချောင်း) နယ်ခြား စောင့်တပ်စခန်းအား ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ (၁၁) ရက်၊ နံနက် (၉) နာရီ (၀၄) မိနစ်တွင် ရန်သူ့အလောင်း၊ လက်နက်ခဲယမ်း၊ စစ်အသုံးအဆောင်ပစ္စည်း အများအပြားနှင့်အတူ သိမ်းဆည်းရမိခဲ့သကဲ့သို့ သုံ့ပန်းအချို့ကို လက်ရဖမ်းဆီးရမိခဲ့သည်။ အဆိုပါ မကျည်းချောင်း စခန်းတွင် ရန်သူ၏ စစ်တွေ၊ ဒကစ လက်အောက်ခံ ခလရ (၂၆၃) တပ်ရင်းနှင့် အခြားစစ်စခန်းအချို့မှ ထွက်ပြေးလာကြသော စစ်ကောင်စီတပ်ဖွဲ့ဝင်များ၊ နယ်ခြားစောင့်ရဲများ ပါဝင်သည်။ ရန်သူအချို့ (ခန့်မှန်း ၃၀ ဦးခန့်) သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်အခြမ်းသို့ စစ်လှေအချို့ဖြင့် ထွက်ပြေးသွားသည်ကိုတွေ့ရှိရသည်။


သတင်းနှင့်ပြန်ကြားရေး

အာရက္ခတပ်တော်

4 Comments


Kyaw Htet
Kyaw Htet
Jul 12, 2024

ကြိုးပလိုက်ဖိ့ ပြည်သူတိလေ့ ဒုက္ခဆင်းရဲက အရင်လွတ်ကတ်ဖိ့။

Like

Htet Myet
Htet Myet
Jul 11, 2024

Go straight HEROs

Like

Aung Naing soe
Aung Naing soe
Jul 11, 2024

ဝမ်သာရေ

Like

U Tun Thein
U Tun Thein
Jul 11, 2024

ဝမ်းသာဘာရေ

Like
  • Telegram-White
  • YouTube
  • Vkontakte
  • Twitter

Copyright © 2020 Arakan Army

bottom of page