အာရက္ခတပ်တော်၏ တိုက်ပွဲသတင်း
- ULA / AA
- 21 hours ago
- 1 min read
အာရက္ခတပ်တော်၏ တိုက်ပွဲသတင်း
၂၀၂၅ ခုနှစ်၊ ဩဂုတ်လ (၁၅) ရက်
အာရက္ခတပ်တော်အနေဖြင့် မိမိတို့၏ မျှော်မှန်းထားသော စစ်ရေးရည်မှန်းချက်များ အလုံးစုံ အထမြောက်စေရန်အတွက် ရန်သူနှင့်ရင်ဆိုင်ထားသောနေရာများ၌ ရပ်တန့်ခြင်းမရှိသေးသည့် တိုက်ပွဲများနှင့်အတူ အပြီးသတ်မြို့သိမ်းတိုက်ပွဲများအဖြစ် ကျန်ရှိနေသေးသော နေရာများ၊ ရက္ခိုင်ရိုးမတောင်တန်းတစ်လျှောက် ရန်သူ့ထိုးစစ်များကို ခုခံဆင်နွှဲလျက်ရှိသော နေရာများ ဖြစ်ကြသည့် ရက္ခိုင်-မကွေးတိုင်းအစပ်၊ ရက္ခိုင်-ပဲခူးတိုင်းအစပ်၊ ရက္ခိုင်- ဧရာဝတီတိုင်း အစပ်များနှင့် အာရက္ခတပ်တော် လှုပ်ရှား အခြေပြုရာ အခြားသောနေရာများ၌ ရှုံးနိမ့်နေသော စစ်ရှုံးဖက်ဆစ်စစ်ကောင်စီတပ်ဖွဲ့များနှင့် အာရက္ခတပ်တော်တို့အကြား တိုက်ပွဲများမှာ တစ်နှစ်နှင့် ကိုးလကျော်ကြာသည့်တိုင် ရပ်တန့်ခြင်းမရှိသေးဘဲ ယနေ့အထိ ဆက်လက်ဖြစ်ပွားလျက်ရှိသည်။
တိုက်ပွဲများအတွင်း ခုခံစစ်၊ ထိုးစစ်၊ လှုပ်ရှားစစ်၊ ရွေ့လျားစစ်များနှင့်အတူ ဟန်ချက်ညီ တိုက်ပွဲများမှတစ်ဆင့် မိမိတို့၏ စစ်ရေး ရည်မှန်းချက်များ အပြည့်အဝ အကောင်အထည်ဖော် တိုက်ပွဲများသည် အထက်ဖော်ပြပါနေရာများ၌ နေ့တိုင်း (သို့မဟုတ်) မကြာခဏ ဆက်လက်ရှိနေဆဲဖြစ်သည်။
ဤကဲ့သို့ မိမိတို့နှင့် ရင်ဆိုင်တိုက်ပွဲများ ဖြစ်ပွားနေသည့် နေရာများအနက်မှ မကွေးတိုင်းဒေသကြီး၊ င/ဖဲမြို့နယ်၊ စွန်တက် ကျေးရွာ၏ မြောက်ဘက် မီတာ (၃၀၀၀) ကျော်အကွာအဝေးတွင် မိမိတို့၏ အာရက္ခတပ်တော် တပ်ဖွဲ့များရှိရာသို့ စစ်ရှုံးဖက်ဆစ် အကြမ်းဖက်စစ်ကောင်စီ၏ တပ်မ (၉၉) လက်အောက်ခံတပ်များမှ ထိုးစစ်ဆင်တိုက်ခိုက်လာသောကြောင့် ၂၀၂၅ ခုနှစ်၊ ဩဂုတ် လ (၁၄) ရက်၊ နေ့လယ် (၂) နာရီ (၅၄) မိနစ်အချိန်မှစတင်ပြီး တိုက်ပွဲဖြစ်ပွားခဲ့သည်။
မိနစ် (၃၀) ခန့်ကြာတိုက်ပွဲအတွင်း စစ်ရှုံးဖက်ဆစ်အကြမ်းဖက်စစ်ကောင်စီ၏ အလောင်း (၂၀) ခန့်နှင့်အတူ စစ်အသုံးအ ဆောင် ပစ္စည်း၊ လက်နက်ခဲယမ်းအချို့ကို သိမ်းဆည်းရမိခဲ့သည်။
စစ်ရေး၊ နိုင်ငံရေး နှင့် နိုင်ငံတကာ စာမျက်နှာများတွင် အလူးအလဲ အထိနာနေသည့် စစ်ရှုံးဖက်ဆစ်စစ်ကောင်စီတပ်မှ ကစဉ့် ကလျား ဆုတ်ခွာထွက်ပြေးနေသော သူများကို အာရက္ခတပ်တော်မှ လိုက်လံချေမှုန်း တိုက်ခိုက်လျက်ရှိသည်။
တိုက်ပွဲနောက်ဆက်တွဲသတင်းများရှိပါက ဆက်လက်တင်ပေးသွားပါမည်။
သတင်းနှင့်ပြန်ကြားရေး
အာရက္ခတပ်တော်
Comments