top of page

အာရက္ခ-ဘင်္ဂလားနယ်စပ်ရှိ နယ်စပ်လုံခြုံရေးတာဝန်ထမ်းဆောင်နေကြသော AAတပ်ဖွဲ့ဝင်များနှင့် နယ်စပ်လုံခြုံရေးစခန်းတစ်ခုအားအစ္စလာမ်မစ်အစွန်းရောက်စစ်သွေးကြွ အကြမ်းဖက်လက်နက်ကိုင်အဖွဲ့ဝင်များ ချောင်းမြောင်းပစ်ခတ်

ree

အာရက္ခ-ဘင်္ဂလာနယ်စပ်ရှိ နယ်စပ်လုံခြုံရေးတာဝန်ထမ်းဆောင်နေကြသော အာရက္ခတပ်တော် တပ်ဖွဲ့ဝင်များ နှင့် မိမိတို့၏နယ်စပ်လုံခြုံရေးစခန်းတစ်ခုအား အစ္စလာမ်မစ်အစွန်းရောက် စစ်သွေးကြွ အကြမ်းဖက် လက်နက်ကိုင်အဖွဲ့ဝင်များသည် ဘင်္ဂလာဘက်အခြမ်းမှ အလစ်အငိုက်ချောင်းမြောင်း ပစ်ခတ်ပြီး ဘင်္ဂလာဘက်အခြမ်းသို့ ဆုတ်ခွာထွက်ပြေး

 

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ (၁၅) ရက်

 

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ (၁၃) ရက်၊ နံနက် (၆) နာရီ (၃၀) မိနစ်အချိန်၌ အာရက္ခတပ်တော် ထိန်းချုပ် ထားသည့် အာရက္ခ-ဘင်္ဂလာနယ်စပ်ရှိ မောင်တောခရိုင်၊ အထက်ကျီးကျွန်း၊ နယ်စပ်မှတ်တိုင် (၂၀/၂၁) အကြားရှိ နယ်စပ်လုံခြုံရေးစခန်းတစ်ခုအား အင်အား (၁၀) ဦးခန့်ပါ အစ္စလာမ်မစ်အစွန်းရောက် စစ်သွေးကြွ အကြမ်းဖက် လက်နက်ကိုင်အဖွဲ့ဝင်များသည် ဘင်္ဂလာဖက်ခြမ်းမှ ဖြတ်ကျော်ဝင်ရောက်ပြီး လက်နက်ငယ်အပါအဝင်၊ 40 MM (79) ဖြင့် မိနစ်အနည်းငယ်ကြာ အလစ်အငိုက်ချောင်းမြောင်းပစ်ခတ် တိုက်ခိုက်ခဲ့သည်။

 

မိမိတို့ တပ်ဖွဲ့ဝင်များမှ ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့မှုကြောင့် အဆိုပါ စစ်သွေးကြွ အကြမ်းဖက် လက်နက်ကိုင်အဖွဲ့သည် ဘင်္ဂလာဘက်ခြမ်းရှိ BGB နယ်ခြား‌စောင့်စခန်းတစ်ခုအနီးသို့ ဆုတ်ခွာထွက်ပြေးသွားခဲ့ကြသည်။

 

ARSA ၊ RSO ၊ အစ္စလာမ်မစ်အစွန်းရောက် စစ်သွေးကြွ အကြမ်းဖက် လက်နက်ကိုင်အဖွဲ့ဝင်များ၏ ယခုကဲ့သို့ အလစ်အငိုက်တိုက်ခိုက်ခြင်းအပါအဝင် အရပ်သားပြည်သူလူထုများကို ချုံခိုတိုက်ခိုက်ခြင်း၊ သတ်ဖြတ်ခြင်း၊ ပြန်ပေးဆွဲခြင်း၊ ငွေညှစ်ခြင်းတို့ကို ပြုလုပ်နေခဲ့သည်မှာ ကြိမ်ဖန်များစွာရှိခဲ့ပြီးဖြစ်ပါသည်။

 

မိမိတို့ အာရက္ခနယ်စပ်ရှိ နေရာများသို့ ဘင်္ဂလာဘက်ခြမ်းမှ ယခုကဲ့သို့ ဖြတ်ကျော်ဝင်ရောက်ကာ အလစ်အငိုက်၊ ချောင်းမြောင်း တိုက်ခိုက်သောလုပ်ရပ်များမှာ အကျင့်ပျက် BGB တပ်မှူးများ မှ မသိကျိုးကျွန်ပြုကာ အကြမ်းဖက်သမားများကို အားပေးအားမြှောက်ပြုနေသကဲ့သို့ ဖြစ်နေသောကြောင့် နယ်စပ် တည်ငြိမ်ရေးကို များစွာအနှောင့်အယှက်ဖြစ်စေပါသည်။ ထို့အပြင် မိမိတို့အကြားတွင်ရှိနှင့်ပြီးသား နှင့် တည်ဆောက်နေကြသော ယုံကြည်မှုများကို ဆုတ်ယုတ်စေကာ မလိုလားအပ်သော နောက်ဆက်တွဲများဖြစ်ပေါ်လာမည်ကို စိုးရိမ်မိပါသည်။

 

သတင်းနှင့်ပြန်ကြားရေး

အာရက္ခတပ်တော်

Recent Posts

See All
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ (၁၂) ရက်နေ့ လေကြောင်းတိုက်ခိုက်မှု နောက်ဆုံးရသတင်း

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ (၁၃) ရက်၊ မနက် (၀၀) နာရီ (၁၈/၂၀) မိနစ် (တနည်းအားဖြင့်) ဒီဇင်ဘာလ(၁၂) ရက် ညဉ့် အချိန်တို့တွင် ပုဏ္ဏားကျွန်းမြို့နယ်အတွင်းရှိ ရွာအချို့ ( ရွာအမည်စုံစမ်းဆဲ) အား ဖက်ဆစ် အကြမ်းဖက် စစ်ရ

 
 
 

Comments


  • Telegram-White
  • YouTube
  • Vkontakte
  • Twitter

Copyright © 2020 Arakan Army

bottom of page