top of page

လကၠာေက်းရြာ အတြင္းမွ အိမ္ေပါင္း(၂၀၀) ေက်ာ္အား ျမန္မာ့တပ္မေတာ္မွ မီးရိႈ႕ဖ်က္ဆီးသည့္သတင္း






ရခိုင္ျပည္၊ေျမာက္ဦးၿမိဳ႕နယ္၊လကၠာရြာအတြင္းသို႔ ျမန္မာ့တပ္မေတာ္မွ လက္နက္ႀကီးမ်ားျဖင့္ပစ္ခတ္ တိုက္ခိုက္ၿပီးေနာက္ လူေနအိမ္(၂၀၀) ေက်ာ္အားမီးရိႈ႕ဖ်က္ဆီးခဲ့ၿပီး ရကၡိဳင့္တပ္ေတာ္မွ ျပဳလုပ္သည္ဟု စြပ္စြဲေျပာဆိုခ်က္ႏွင့္ ပတ္သက္၍ ဟုတ္မွန္မႈမရွိေၾကာင္းျငင္းဆိုခ်က္ ႏွင့္ ျဖစ္စဥ္ျဖစ္ရပ္မွန္အား ရွင္းလင္းခ်က္


၂၀၂၀ ျပည့္ႏွစ္၊ ေမလ(၁၉) ရက္


ျမန္မာ့တပ္မေတာ္၏ တပ္မ(၄၄) လက္ေအာက္ခံ ဘီးလင္းအေျခစိုက္ ၊ခလရ(၈) တပ္ရင္း၏ အင္အား(၁၀၀) ခန္႔ပါစစ္ေၾကာင္းသည္ ရခိုင္ျပည္၊ ေျမာက္ဦးၿမိဳ႕နယ္၊ လကၠာရြာေတာင္ဖက္၊မီတာ(၄၀၀) ခန္႔အကြာအေဝးရွိမိမိတို႔ ရကၡိဳင့္တပ္ေတာ္တပ္ဖြဲ႕ဝင္မ်ားရွိရာသို႔ဝင္ေရာက္တိုက္ခိုက္လာေသာေၾကာင့္ ၂၀၂၀ ျပည့္ႏွစ္၊ ေမလ(၁၆) ရက္ေန႔၊ ေန႔လည္(၁) နာရီ(၄၀) မိနစ္တြင္ မိနစ္အနည္းငယ္ျကာထိေတြ႕မႈျဖစ္ပြားခဲ့သည္။ မိမိတို႔အေနျဖင့္တိုက္ပြဲမျဖစ္ပြားလိုေသာေၾကာင့္ ယခင္ရွိသည့္ေနရာမွ ေနာက္သို႔အနည္းငယ္ဆုတ္ခဲ့သည္။ ထို႔ေၾကာင့္ တိုက္ပြဲဆက္လက္ျဖစ္ပြားခဲ့ျခင္းမရွိေတာ့ပါ။



တိုက္ပြဲဆက္လက္မျဖစ္ပြားေသာ္လည္း ခလရ(၈) တပ္ရင္းသည္ အဆိုပါထိေတြ႕မႈျဖစ္ပြားခဲ့သည့္ေနရာမွ လကၠာရြာအတြင္းသို႔လက္နက္ႀကီးမ်ားျဖင့္တမင္တကာလူမိ်ဳးေရးအမုန္းတရားမ်ားျဖင့္ရည္ရြယ္ပစ္ခတ္တိုက္ခိုက္ခဲ့သည္။ ထို႔ေၾကာင့္ လကၠာရြာအတြင္းမွ လူေနအိမ္အခိ်ဳ႕မွာ လက္နက္ႀကီးထိမွန္မႈေၾကာင့္မီးေလာင္ပ်က္စီးခဲ့သည္။ ထို႔အျပင္ ခလရ(၈) တပ္ရင္းမွ တပ္ဖြဲ႕ဝင္မ်ားသည္ ရြာသူ၊ရြာသားမ်ားမရွိေတာ့သည့္ လကၠာရြာအတြင္းဝင္ေရာက္ၿပီး အျခားေသာလူေနအိမ္အခိ်ဳ႕အားထပ္မံမီးရိႈ႕ခဲ့သည္။ ဘုန္းႀကီးေက်ာင္း၊စာသင္ေက်ာင္း၊ စပါးကီ်မ်ား၊ ပရိေဘာဂအသုံးအေဆာင္မ်ားအပါအဝင္လူေနအိမ္(၂၀၀) ေက်ာ္မွာမီးရိႈ႕ဖ်က္ဆီးခံခဲ့ရသည္။ ကာလတန္ဖိုးအားျဖင့္ ျမန္မာေငြက်ပ္ ခန္႔မွန္း သိန္းေပါင္း(၁၅၀၀၀)ေက်ာ္ဖ်က္ဆီးခံခဲ့ရျခင္းျဖစ္သည္။


ထို႔အျပင္ ခလရ(၈) သည္ စြန္႔လႊတ္မိုင္း၊ တိုက္မိုင္းမ်ားကို လကၠာေက်းရြာအတြင္းေထာင္ထားခဲ့သည္။







လကၠာေက်းရြာသည္ အိမ္ေျခ(၂၇၈) ေဆာင္ရွိၿပီး ျမန္မာ့တပ္မေတာ္၏ ဖမ္းဆီးသတ္ျဖတ္မႈဒဏ္ကိုေၾကာက္လန္႔၍ ရြာလံုးကြ်တ္တိမ္းေရွာင္ထြက္ေျပးေနၾကရသည့္ရြာတစ္ရြာျဖစ္သည္။ ဤကဲ့သို႔ ရြာလံုးကြ်တ္တိမ္းေရွာင္ေနရသည္မွာ တစ္ႏွစ္ေက်ာ္ၾကာခဲ့ၿပီျဖစ္သည္။ ၂၀၁၉ ခုႏွစ္၊ ဧၿပီလအတြင္း လကၠာရြာသား (၂၇) ဦးအား ရကၡိဳင့္တပ္ေတာ္ႏွင့္ ဆက္စပ္ပတ္သက္သည္ဟူေသာသံယျဖင့္ဖမ္းဆီးစစ္ေဆးေနစဥ္အတြင္းရြာသား(၃) ဦးမွာ ျမန္မာ့တပ္မေတာ္၏ သတ္ျဖတ္ျခင္းကိုခံခဲ့ရသည္။ အဆိုပါအျပစ္မဲ့ရြာသူ၊ရြာသား(၃) ဦးေသဆံုးၿပီး အခိ်ဳ႕မွာ ျမန္မာ့တပ္မေတာ္၏႐ိုက္ႏွက္စစ္ေဆးဒဏ္ေၾကာင့္ ကိုယ္လက္အဂၤါ၊ စိတ္ပိုင္းဆိုင္ရာတို႔မွာ ထိခိုက္ပ်က္စီးေနဆဲျဖစ္သည္။ လကၠာရြာသားမ်ားေသဆံုးျခင္းႏွင့္ပတ္သက္၍တရားမွ်တမႈမရရွိသည့္အျပင္အမွန္တရားမ်ားမွာ ေဖ်ာက္ဖ်က္ခံေနရဆဲျဖစ္သည္။


ျမန္မာ့တပ္မေတာ္သည္ ၎တို႔က်ဴးလြန္သည့္ စစ္ရာဇဝတ္မႈမ်ားကို မိမိတို႔အဖြဲ႕အစည္းမွ ျပဳလုပ္ခဲ့သည္ဟု တစ္ဖက္သတ္စြပ္စြဲေျပာဆိုေနရံုသာမက ျမန္မာ့တပ္မေတာ္ပိုင္သတင္းမီဒီယာမ်ား ႏွင့္ ျမန္မာ့တပ္မေတာ္၏ေက်ာေထာက္ေနာက္ခံသတင္းမီဒီယာမ်ား၌ အဆိုပါ လကၠာရြာကိစၥႏွင့္ပတ္သက္၍ မဟုတ္မမွန္ေသာသတင္းကိုေရးသားေနၾကသည္။ ဤသည္မွာ ၎တို႔က်ဴးလြန္သည့္ျပစ္မႈကိုတစ္ဖက္အဖြဲ႕အစည္းအား အျပစ္ပံုခ်ရန္ႀကိဳးစားသည့္လုပ္ရပ္သာျဖစ္သည္။


ျမန္မာ့တပ္မေတာ္သည္ ရခိုင္၊ ပလက္ဝ ေဒသအတြင္း၌ ေက်းရြာႀကီးမ်ားကို ရဟတ္ယာဥ္၊ဂ်က္တိုက္ေလယာဥ္မ်ားျဖင့္ဗံုးႀကဲတိုက္ခိုက္ျခင္း၊ လက္နက္ႀကီးမ်ားျဖင့္ ပစ္ခတ္တိုက္ခိုက္ျခင္း၊ ရြာလံုးကြ်တ္မီးရိႈ႕ျခင္းမ်ားကို အႀကိမ္ႀကိမ္ျပဳလုပ္ခဲ့ေသာ္လည္း ၎တို႔က်ဴးလြန္ခဲ့ျခင္းမဟုတ္ဟုသာ အႀကိမ္တိုင္းျငင္းဆန္ခဲ့သည္။ လကၠာေက်းရြာအား ခလရ(၈) မွ မီးရိႈ႕ဖ်က္ဆီးခဲ့ျခင္းမွာလည္း ယခင္နည္းတူ လုပ္ေလ့လုပ္ထရွိေသာအလုပ္တစ္ခုကိုလုပ္ေဆာင္ျခင္းသာျဖစ္သည္။ ထို႔ေၾကာင့္ လကၠာရြာအား မီးရိႈ႕ခဲ့သည့္ တရားခံမွာ မိမိတို႔မဟုတ္ဘဲ ခလရ(၈) တပ္ရင္းသာျဖစ္ပါသည္။



ျမန္မာ့တပ္မေတာ္၏ ဖမ္းဆီးႏွိပ္စက္ျခင္း၊သတ္ျဖတ္ျခင္းအႏၲရာယ္အားေၾကာက္လန္႔၍ရြာလံုးကြ်တ္တိမ္းေရွာင္ေနၾက၍ ရြာသူရြာသားမ်ားမရွိသည့္ လကၠာေက်းရြာအတြင္းသို႔ျမန္မာ့တပ္မေတာ္၏ ဘီးလင္းအေျခစိုက္၊ ခလရ(၈) တပ္ရင္းမွ လက္နက္ႀကီးမ်ားျဖင့္ဦးစြာပစ္ခတ္တိုက္ခိုက္ၿပီးေနာက္ လူေနအိမ္အခိ်ဳ႕အားထပ္မံမီးရိႈ႕ဖ်က္ဆီးခဲ့ေသာလုပ္ရပ္အား ရခိုင္ျပည္သူလူထု ႏွင့္ ရကၡိဳင့္တပ္ေတာ္တို႔မွ မည္သည့္အခါတြင္မွ် ေမ႔ေပ်ာက္၍ ရလိမ့္မည္မဟုတ္ပါ။ ရကၡိဳင့္တပ္ေတာ္အေနျဖင့္ ရခိုင္ေက်းရြာမ်ားကို လူမိ်ဳးေရးအမုန္းတရားမ်ားျဖင့္ မီးရိႈ႕ဖ်က္ဆီးေနေသာ ျမန္မာ့တပ္မေတာ္၏ တပ္မ၊ တပ္ရင္းမ်ားကို လက္စားေခ်တံု႔ျပန္တိုက္ခိုက္သြားမည္။


သတင္းႏွင့္ ျပန္ၾကားေရး

ရကၡိဳင့္တပ္ေတာ္



ရခိုင်ပြည်၊မြောက်ဦးမြို့နယ်၊လက္ကာရွာအတွင်းသို့ မြန်မာ့တပ်မတော်မှ လက်နက်ကြီးများဖြင့်ပစ်ခတ် တိုက်ခိုက်ပြီးနောက် လူနေအိမ်(၂၀၀) ကျော်အားမီးရှို့ဖျက်ဆီးခဲ့ပြီး ရက္ခိုင့်တပ်တော်မှ ပြုလုပ်သည်ဟု စွပ်စွဲပြောဆိုချက်နှင့် ပတ်သက်၍ ဟုတ်မှန်မှုမရှိကြောင်းငြင်းဆိုချက် နှင့် ဖြစ်စဉ်ဖြစ်ရပ်မှန်အား ရှင်းလင်းချက်


၂၀၂၀ ပြည့်နှစ်၊ မေလ(၁၉) ရက်


မြန်မာ့တပ်မတော်၏ တပ်မ(၄၄) လက်အောက်ခံ ဘီးလင်းအခြေစိုက် ၊ခလရ(၈) တပ်ရင်း၏ အင်အား(၁၀၀) ခန့်ပါစစ်ကြောင်းသည် ရခိုင်ပြည်၊ မြောက်ဦးမြို့နယ်၊ လက္ကာရွာတောင်ဖက်၊မီတာ(၄၀၀) ခန့်အကွာအဝေးရှိမိမိတို့ ရက္ခိုင့်တပ်တော်တပ်ဖွဲ့ဝင်များရှိရာသို့ဝင်ရောက်တိုက်ခိုက်လာသောကြောင့် ၂၀၂၀ ပြည့်နှစ်၊ မေလ(၁၆) ရက်နေ့၊ နေ့လည်(၁) နာရီ(၄၀) မိနစ်တွင် မိနစ်အနည်းငယ်ကြာထိတွေ့မှုဖြစ်ပွားခဲ့သည်။ မိမိတို့အနေဖြင့်တိုက်ပွဲမဖြစ်ပွားလိုသောကြောင့် ယခင်ရှိသည့်နေရာမှ နောက်သို့အနည်းငယ်ဆုတ်ခဲ့သည်။ ထို့ကြောင့် တိုက်ပွဲဆက်လက်ဖြစ်ပွားခဲ့ခြင်းမရှိတော့ပါ။


တိုက်ပွဲဆက်လက်မဖြစ်ပွားသော်လည်း ခလရ(၈) တပ်ရင်းသည် အဆိုပါထိတွေ့မှုဖြစ်ပွားခဲ့သည့်နေရာမှ လက္ကာရွာအတွင်းသို့လက်နက်ကြီးများဖြင့်တမင်တကာလူမျိုးရေးအမုန်းတရားများဖြင့်ရည်ရွယ်ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ ထို့ကြောင့် လက္ကာရွာအတွင်းမှ လူနေအိမ်အချို့မှာ လက်နက်ကြီးထိမှန်မှုကြောင့်မီးလောင်ပျက်စီးခဲ့သည်။ ထို့အပြင် ခလရ(၈) တပ်ရင်းမှ တပ်ဖွဲ့ဝင်များသည် ရွာသူ၊ရွာသားများမရှိတော့သည့် လက္ကာရွာအတွင်းဝင်ရောက်ပြီး အခြားသောလူနေအိမ်အချို့အားထပ်မံမီးရှို့ခဲ့သည်။ ဘုန်းကြီးကျောင်း၊စာသင်ကျောင်း၊ စပါးကျီများ၊ ပရိဘောဂအသုံးအဆောင်များအပါအဝင်လူနေအိမ်(၂၀၀) ကျော်မှာမီးရှို့ဖျက်ဆီးခံခဲ့ရသည်။ ကာလတန်ဖိုးအားဖြင့် မြန်မာငွေကျပ် သိန်းပေါင်း(၁၅၀၀၀)ကျော်ဖျက်ဆီးခံခဲ့ရခြင်းဖြစ်သည်။


ထို့အပြင် ခလရ(၈) သည် စွန့်လွှတ်မိုင်း၊ တိုက်မိုင်းများကို လက္ကာကျေးရွာအတွင်းထောင်ထားခဲ့သည်။


လက္ကာကျေးရွာသည် အိမ်ခြေ(၂၇၈) ဆောင်ရှိပြီး မြန်မာ့တပ်မတော်၏ ဖမ်းဆီးသတ်ဖြတ်မှုဒဏ်ကိုကြောက်လန့်၍ ရွာလုံးကျွတ်တိမ်းရှောင်ထွက်ပြေးနေကြရသည့်ရွာတစ်ရွာဖြစ်သည်။ ဤကဲ့သို့ ရွာလုံးကျွတ်တိမ်းရှောင်နေရသည်မှာ တစ်နှစ်ကျော်ကြာခဲ့ပြီဖြစ်သည်။ ၂၀၁၉ ခုနှစ်၊ ဧပြီလအတွင်း လက္ကာရွာသား (၂၇) ဦးအား ရက္ခိုင့်တပ်တော်နှင့် ဆက်စပ်ပတ်သက်သည်ဟူသောသံယဖြင့်ဖမ်းဆီးစစ်ဆေးနေစဉ်အတွင်းရွာသား(၃) ဦးမှာ မြန်မာ့တပ်မတော်၏ သတ်ဖြတ်ခြင်းကိုခံခဲ့ရသည်။ အဆိုပါအပြစ်မဲ့ရွာသူ၊ရွာသား(၃) ဦးသေဆုံးပြီး အချို့မှာ မြန်မာ့တပ်မတော်၏ရိုက်နှက်စစ်ဆေးဒဏ်ကြောင့် ကိုယ်လက်အင်္ဂါ၊ စိတ်ပိုင်းဆိုင်ရာတို့မှာ ထိခိုက်ပျက်စီးနေဆဲဖြစ်သည်။ လက္ကာရွာသားများသေဆုံးခြင်းနှင့်ပတ်သက်၍တရားမျှတမှုမရရှိသည့်အပြင်အမှန်တရားများမှာ ဖျောက်ဖျက်ခံနေရဆဲဖြစ်သည်။


မြန်မာ့တပ်မတော်သည် ၎င်းတို့ကျူးလွန်သည့် စစ်ရာဇဝတ်မှုများကို မိမိတို့အဖွဲ့အစည်းမှ ပြုလုပ်ခဲ့သည်ဟု တစ်ဖက်သတ်စွပ်စွဲပြောဆိုနေရုံသာမက မြန်မာ့တပ်မတော်ပိုင်သတင်းမီဒီယာများ နှင့် မြန်မာ့တပ်မတော်၏ကျောထောက်နောက်ခံသတင်းမီဒီယာများ၌ အဆိုပါ လက္ကာရွာကိစ္စနှင့်ပတ်သက်၍ မဟုတ်မမှန်သောသတင်းကိုရေးသားနေကြသည်။ ဤသည်မှာ ၎င်းတို့ကျူးလွန်သည့်ပြစ်မှုကိုတစ်ဖက်အဖွဲ့အစည်းအား အပြစ်ပုံချရန်ကြိုးစားသည့်လုပ်ရပ်သာဖြစ်သည်။


မြန်မာ့တပ်မတော်သည် ရခိုင်၊ ပလက်ဝ ဒေသအတွင်း၌ ကျေးရွာကြီးများကို ရဟတ်ယာဉ်၊ဂျက်တိုက်လေယာဉ်များဖြင့်ဗုံးကြဲတိုက်ခိုက်ခြင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်း၊ ရွာလုံးကျွတ်မီးရှို့ခြင်းများကို အကြိမ်ကြိမ်ပြုလုပ်ခဲ့သော်လည်း ၎င်းတို့ကျူးလွန်ခဲ့ခြင်းမဟုတ်ဟုသာ အကြိမ်တိုင်းငြင်းဆန်ခဲ့သည်။ လက္ကာကျေးရွာအား ခလရ(၈) မှ မီးရှို့ဖျက်ဆီးခဲ့ခြင်းမှာလည်း ယခင်နည်းတူ လုပ်လေ့လုပ်ထရှိသောအလုပ်တစ်ခုကိုလုပ်ဆောင်ခြင်းသာဖြစ်သည်။ ထို့ကြောင့် လက္ကာရွာအား မီးရှို့ခဲ့သည့် တရားခံမှာ မိမိတို့မဟုတ်ဘဲ ခလရ(၈) တပ်ရင်းသာဖြစ်ပါသည်။



မြန်မာ့တပ်မတော်၏ ဖမ်းဆီးနှိပ်စက်ခြင်း၊သတ်ဖြတ်ခြင်းအန္တရာယ်အားကြောက်လန့်၍ရွာလုံးကျွတ်တိမ်းရှောင်နေကြ၍ ရွာသူရွာသားများမရှိသည့် လက္ကာကျေးရွာအတွင်းသို့မြန်မာ့တပ်မတော်၏ ဘီးလင်းအခြေစိုက်၊ ခလရ(၈) တပ်ရင်းမှ လက်နက်ကြီးများဖြင့်ဦးစွာပစ်ခတ်တိုက်ခိုက်ပြီးနောက် လူနေအိမ်အချို့အားထပ်မံမီးရှို့ဖျက်ဆီးခဲ့သောလုပ်ရပ်အား ရခိုင်ပြည်သူလူထု နှင့် ရက္ခိုင့်တပ်တော်တို့မှ မည်သည့်အခါတွင်မျှ မေ့ပျောက်၍ ရလိမ့်မည်မဟုတ်ပါ။ ရက္ခိုင့်တပ်တော်အနေဖြင့် ရခိုင်ကျေးရွာများကို လူမျိုးရေးအမုန်းတရားများဖြင့် မီးရှို့ဖျက်ဆီးနေသော မြန်မာ့တပ်မတော်၏ တပ်မ၊ တပ်ရင်းများကို လက်စားချေတုံ့ပြန်တိုက်ခိုက်သွားမည်။


သတင်းနှင့် ပြန်ကြားရေး

ရက္ခိုင့်တပ်တော်


449 views
bottom of page