top of page

လူသားဒိုင်းကာအဖြစ် ဓါးစာခံပြုလုပ်ခံထားရသည့် ပေါက်တောဒေသခံ ၁၀၄ ဦးအား ဒုတိယအသုတ်အဖြစ် AA ထပ်မံကယ်ထုတ်



ree


စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ လူသားဒိုင်းကာနှင့် ဓါးစာခံအဖြစ် ပြန်ပေးဆွဲဖမ်းဆီးထားခြင်းခံရသော ပေါက်တော ဒေသခံ (၁၀၄) ဦးအား ဒုတိယအသုတ်အဖြစ် ထပ်မံကယ်ထုတ်နိုင်ခဲ့

 

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၂၃) ရက်

 

စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၁၆) ရက်နေ့တွင် ရဟန်းသံဃာများ၊ သက်ကြီးရွယ်အိုများ၊ ကိုယ်ဝန်ဆောင်အမျိုးသမီးများနှင့် ကလေးသူငယ်များပါဝင်သော ပေါက်တောမြို့ခံ များအား လူသားဒိုင်းကာနှင့် ဓါးစာခံများအဖြစ် ပြန်ပေးဆွဲ ဖမ်းဆီးထိန်းသိမ်းထားခဲ့သည်။ မြို့ခံ ပြည်သူများအား ပြန်ပေးဆွဲဖမ်းဆီးထားပြီး (၆) ရက်မြောက်နေ့ဖြစ်သော ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၂၁) ရက်နေ့တွင် ဓားစာခံများအားလုံးထဲမှ (၁၂၀) ဦးအား ရက္ခိုင့်တပ်တော်တပ်ဖွဲ့ဝင်များမှ ပထမအသုတ် အနေဖြင့် ကယ်ထုတ်နိုင်ခဲ့ပြီး လုံခြုံစိတ်ချရသော နေရာသို့ ပို့ဆောင်ပေးခဲ့ပြီးဖြစ်သည်။

 

ဆက်လက်၍ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၂၂) ရက်နေ့တွင်လည်း ရန်သူ့လက်ထဲ ဖမ်းဆီးခံထားရသော ဓါးစားခံများနှင့် မြို့တွင်းရှိ နေအိမ်တချို ၌ ပုန်းအောင်းနေကြသောသူများ စုစုပေါင်း (၁၀၄) ဦးကို ဒုတိယအသုတ်အနေဖြင့် ထပ်မံကယ်ထုတ်နိုင်ခဲ့ပြီး ၎င်းတိုအား လုံခြုံစိတ်ချရသောနေရာများသို့ ဆက်လက်ပို့ဆောင်လျက်ရှိသည်။

 

ဓားစာခံကယ်တင်ရေး၏ ပထမနေ့တွင် ရန်သူအခြေပြုထားသော နေရာ (၃) နေရာမှ ရန်သူ (၃၀) ကျော် အား ရှင်းလင်းနိုင်ခဲ့သည်။ ဒုတိယနေ့တွင်လည်း ပေါက်တောမြို့တွင်း နေရာ (၃) နေရာမှ ရန်သူ (၁၈) ဦး (မျက်မြင်) အား ထပ်မံရှင်းလင်းနိုင်ခဲ့ပြီး ရန်သူဘက်မှ (၁၈) ဦးခန့် ဒဏ်ရာရရှိခဲ့သည်။ တိုက်ပွဲအတွင်း ဒရုန်းစက်များအပါအဝင် ရန်သူ၏လက်နက်ခဲယမ်းနှင့် စစ်အသုံးအဆောင်ပစ္စည်းတချို့အား မိမိတို့မှ ထပ်မံသိမ်းဆည်းရရှိခဲ့သည်။

 

မိမိတို့တပ်ဖွဲ့ဝင်များသည် ပေါက်တောမြို့အတွင်း လူသားဒိုင်းကာအဖြစ် ပြန်ပေးဆွဲခံထားရကာ ကျန်ရှိနေသေးသော ဓါးစာခံများ အန္တရာယ်ကင်းစွာလွတ်မြောက်နိုင်ရေးအတွက် ဆက်လက် ကြိုးပမ်းနေပြီး တစ်ပြိုင်နက်တည်းတွင် ကျန်ရှိနေသေးသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား ဆက်လက် သုတ်သင် ရှင်းလင်းလျက်ရှိသည်။





Recent Posts

See All

1 Comment


phyoko konaing
phyoko konaing
Nov 23, 2023

လေးစားပါယေ အစ်ကိုကြီးရို့‌ေဘးကင်းကက်ပါဇီ💪

Like
  • Telegram-White
  • YouTube
  • Vkontakte
  • Twitter

Copyright © 2020 Arakan Army

bottom of page