top of page

သတင်းထုတ်ပြန်ချက်

  • Jun 26, 2022
  • 1 min read

Updated: Jul 1, 2022

ULA/AA ခေါ်ယူစီစစ်နီသည့် ရသေ့တောင်မြို့နယ်မှ ဌာနဆိုင်ရာဝန်ထမ်း (၁) ယောက်နန့် အရပ်သား (၁) ယောက်ကို ကောင်းမွန်စွာ ပြန်လွှတ်ပီးလိုက်ပြီးဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်

၂၀၂၂ ခုနှစ်၊ ဂျုန်လ (၂၆) ရက်


၂၀၂၂ ခုနှစ်၊ ဂျုန်လ (၂၄) ရက်နိတွင် ရသေ့တောင်မြို့နယ်၊ ကူတောင်ကျေးရွာမှ မသင်္ကာ၍ စစ်ဆီးမိန်းမြန်ရန် ခေါ်ယူခသော စစ်ကောင်စီ၏ ရခိုင်ပြည်၊ စက်မှုကြီးကြပ်စစ်ဆီးရီးဦးစီးဌာနမှ အရာဟိ SAE ဦးဆန်းလင်းအောင် (၄၅) နှစ် နန့် ရသေ့တောင်မြို့က ကျူသျှင်ဆရာ ဦးဇော်ဟိန်းထွန်း (၃၈) နှစ်ရို့ နှစ်ယောက်ကို မိမိရို့ ULA/AA မှ ဒေနိ ဂျုန်လ (၂၆) ရက်နိ၌ ကောင်းမွန်စွာ ပြန်လည်လွှတ်ပီး လိုက်ပြီးဖြစ်ပါသည်။


ဦးဆန်းလင်းအောင်၏ နိုင်ငံသားစိစစ်ရီးကဒ် နီရပ်လိပ်စာတွင် အမတ (အမြောက်တပ်) ဟု ဖော်ပြထားပြီး၊ ၎င်းဖခင်၏ညီဖြစ်သူမှာ စစ်တွေအခြီစိုက် စစ်ကောင်စီတပ် အမတ (၃၇၃) အမြောက်တပ်၌ တာဝန်ထမ်း ဆောင်နီသူဖြစ်ကာ ရက္ခိုင်ဘာသာစကားလေ့ ကျွမ်းကျွမ်းကျင်ကျင် မပြောတတ်သည့်အတွက် မိမိရို့ AA တပ်ဖွဲ့ဝင်များမှ မသင်္ကာ၍ မိန်းမြန်းစီစစ်ရန် ခေါ်ယူခခြင်းဖြစ်ပါသည်။


မိမိရို့မှ စီစစ်ချက်အရ ဦးဆန်းလင်းအောင်နန့် ဦးဇော်ဟိန်းထွန်ရို့ နှစ်ယောက်မှာ စစ်ဖက်ဆိုင်ရာနန့် ပတ်သက်မှုမဟိသည့်အတွက် ဒေနိ ဂျုန်လ (၂၆) ရက်နိ ညဇာ (၃) နာရီ အချိန်တွင် ရသေ့တောင်မြို့နယ်၊ မူစဲကျွန်း၊ ငလပြားကူးတို့ဆိပ်ကမ်းသို့ ကောင်းမွန်စွာ ပြန်လည်ပို့ဆောင်ကာ လွှတ်ပီးလိုက်ပြီးဖြစ်ကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။


AA Info Desk

26/6/2022




Comments


  • Telegram-White
  • YouTube
  • Vkontakte
  • Twitter

Copyright © 2020 Arakan Army

bottom of page