top of page

ရကၡိဳင့္တပ္ေတာ္အေပၚကိ်ဳးေၾကာင္းဆီေလ်ာ္မႈမရွိသည့္တစ္ဖက္သတ္စြပ္စြဲေရးသားခ်က္မ်ားအားတုန္႔ျပန္ခ်က္





ျမန္မာအစိုးရပိုင္သတင္းစာမ်ား၊ ႏိုင္ငံေတာ္သမၼတ႐ုံးတို႔မွ ၂၀၂၀ ျပည့္ႏွစ္၊ ဇြန္လ (၁) ရက္ေန႔ရက္စြဲျဖင့္ထုတ္ျပန္ထားေသာ မိမိတို႔ ရကၡိဳင့္တပ္ေတာ္အေပၚ အေျခအျမစ္မရွိသည့္စြပ္စြဲေရးသားခ်က္မ်ားႏွင့္ပတ္သက္၍ တုံ႔ျပန္ခ်က္


၂၀၂၀ ျပည့္ႏွစ္၊ ဇြန္လ(၂) ရက္


အစိုးရသက္တမ္းကုန္ဆုံးေတာ့မည့္ NLD ဦးေဆာင္ေသာ ျမန္မာအစိုးရသည္ မိမိတို႔ ULA/AA အား ႏိုင္ငံေရးအက်ပ္အတည္းမ်ားျဖစ္ေစရန္၊ ႏိုင္ငံတကာအျမင္တြင္ အထင္အျမင္လြဲမွားေစရန္၊ အၾကမ္းဖက္ အဖြဲ႕အစည္းအျဖစ္ပုံေဖာ္ရန္အတြက္ က်ိဳးေၾကာင္းဆီေလ်ာ္မႈမရွိသည့္ အမ်ိဳးမ်ိဳးေသာ စြပ္စြဲခ်က္မ်ား၊ လုပ္ႀကံဖန္တီးေရးသားခ်က္မ်ားျဖင့္ စြပ္စြဲေျပာဆိုျခင္း၊ ေရးသားျခင္းမ်ားကို ပိုမိုျပဳလုပ္လွ်က္ရွိသည္။


၂၀၂၀ ျပည့္ႏွစ္၊ ေမလတစ္လလုံးတြင္ ျမန္မာအစိုးရ ႏွင့္ ျမန္မာ့တပ္မေတာ္တို႔မွ မိမိတို႔အဖြဲ႕အစည္းအေပၚ က်ိဳးေၾကာင္းဆီေလ်ာ္မႈမရွိေသာ တစ္ဖက္သတ္စြပ္စြဲခ်က္မ်ားျဖင့္ အႀကိမ္ႀကိမ္စြပ္စြဲခဲ့သည္။ ထို႔အတူ ဇြန္လ (၁) ရက္ေန႔စြဲျဖင့္လည္း မိမိတို႔အဖြဲ႕အစည္းအား အၾကမ္းဖက္အဖြဲ႕အစည္း၊ မူးယစ္ေဆးဝါးမ်ားႏွင့္ ဆက္စပ္ေနသည္ဟု တစ္ဖက္သတ္ ထပ္မံစြပ္စြဲေရးသားထားသည္ကိုေတြ႕ရွိရပါသည္။ ျမန္မာအစိုးရႏွင့္ ျမန္မာ့တပ္မေတာ္တို႔မွ မိမိတို႔အဖြဲ႕အစည္းအား ေအာက္တန္းက်ေသာ ႏိုင္ငံေရးထိုးႏွက္ခ်က္မ်ားျဖင့္ ပူးေပါင္းတိုက္ခိုက္လ်က္ရွိသည္။


အျခားတစ္ဖက္တြင္ ျမန္မာႏိုင္ငံ၏မည္သည့္ေနရာ၌မဆို ျမန္မာ့တပ္မေတာ္၊ ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕တို႔သည္ မူးယစ္ေဆးဝါးမ်ား ဖမ္းဆီးရမိပါက မိမိတို႔အဖြဲ႕အစည္းအား ရည္႐ြယ္ခ်က္ရွိရွိျဖင့္ တစ္ဖက္သတ္ စြပ္စြဲေျပာဆိုေနသည္မွာ ကာလအတန္ၾကာခဲ့ၿပီးျဖစ္သည္။ ၂၀၂၀ ျပည့္ႏွစ္၊ ေဖေဖာ္ဝါရီလ (၂၈) ရက္ ႏွင့္ မတ္လ (၃) ရက္ေန႔၌ စံခ်ိန္တင္မူးယစ္ေဆးဝါးမ်ားကို ေကာင္းခါးျပည္သူ႔စစ္ပိုင္ေနရာ၌ ဖမ္းဆီးရမိသည္ကို မိမိတို႔အဖြဲ႕အစည္းႏွင့္ ဆက္စပ္သည္ဟု စြပ္စြဲခဲ့ဖူးသည့္သာဓကရွိခဲ့သည္။


ေကာင္းခါးျပည္သူ႔စစ္အပါအဝင္ ျမန္မာ့တပ္မေတာ္၏ လက္ေအာက္ခံျပည္သူ႔စစ္မ်ား၊ ျမန္မာ့တပ္မေတာ္၏ ထိန္းခ်ဳပ္ရာနယ္ေျမမ်ားအတြင္းမွ ထုတ္လုပ္ေနေသာ ေျမာက္ျမားစြာေသာ မူးယစ္ေဆးဝါးမ်ားကို ၎တို႔၏တပ္ဖြဲ႕ဝင္မ်ားကိုယ္တိုင္ သယ္ေဆာင္ျဖန႔္ျဖဴးေနေသာ သက္ေသအေထာက္အထားမ်ားစြာရွိခဲ့သည္မွာ ကမာၻသိပင္ျဖစ္သည္။


ထို႔အျပင္ ၎သန္းေပါင္းမ်ားစြာေသာ မူးယစ္ေဆးဝါးမ်ားကို အသုံးျပဳၿပီး ၎တို႔၏ ရန္ဖက္အဖြဲ႕အစည္းမ်ားအား လုပ္ဇာတ္အမ်ိဳးမ်ိဳးျဖင့္ ႏိုင္ငံေရးအရထိုးႏွက္တိုက္ခိုက္လ်က္ရွိၾကသည္။ ျမန္မာႏိုင္ငံ၌ ျပည့္သူ႔စစ္ဟူသည္ ျမန္မာ့တပ္မေတာ္၏လက္ေအာက္တြင္ရွိၿပီး ၎တို႔လက္သပ္ေမြးထားေသာ အဖြဲ႕အစည္းမ်ားသာျဖစ္သည္။ ထို႔ေၾကာင့္ ျပည္သူ႔စစ္နယ္ေျမမ်ား၌ ေတြ႕ရွိရသည့္ သန္းေပါင္းမ်ားစြာေသာမူးယစ္ေဆးဝါး၊ စိတ္ႂကြေဆးမ်ား၏ လက္သည္တရားခံ ႏွင့္ ပိုင္ရွင္အစစ္အမွန္မွာလည္း ျမန္မာ့တပ္မေတာ္သာျဖစ္သည္။


မည္သို႔မွ်ျငင္း၍မရႏိုင္ေသာ သက္ေသအေထာက္အထားမ်ားျဖင့္ လက္ပူးလက္ၾကပ္ေတြ႕ေနရသည္ကိုပင္ မိမိတို႔အဖြဲ႕အစည္းႏွင့္ ဆက္စပ္ေနသည္ဟုေျပာဆိုေနသည္မွာ မည္ေ႐ြ႕မည္မွ် အရွက္သိကၡာ ကင္းမဲ့ေနသည္ကို ေဖာ္ျပေနျခင္းပင္ျဖစ္သည္။ မိမိတို႔ႏွင့္ လားလားမွ်မသက္ဆိုင္ဘဲ မဆီမဆိုင္ အေျခအျမစ္မရွိဘဲ ထိုးႏွက္တိုက္ခိုက္ျခင္းသာျဖစ္သည္။



ျမန္မာ့တပ္မေတာ္ ႏွင့္ ျမန္မာအစိုးရတို႔သည္ ျမန္မာႏိုင္ငံအတြင္း၌ မူးယစ္ေဆးဝါးမ်ား ဖမ္းဆီးရမိသည့္အခါမ်ား၌ ရကၡိဳင့္တပ္ေတာ္အေပၚ လက္ညႇိဳးထိုးအျပစ္ပုံခ်သည့္ စြပ္စြဲခ်က္မ်ားျဖင့္စြပ္စြဲခဲ့သည္မွာ ႀကိမ္ဖန္မ်ားစြာရွိခဲ့ၿပီျဖစ္သည္။ မိမိတို႔အဖြဲ႕အစည္း အေနျဖင့္လည္း မိမိတို႔ႏွင့္ဆက္စပ္ပတ္သက္မႈမရွိေၾကာင္း အႀကိမ္ႀကိမ္ျငင္းဆိုခဲ့ၿပီးျဖစ္သည္။


ယခုလည္း ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕ထုတ္ျပန္ခ်က္ကို ကိုးကား၍ ျမန္မာအစိုးရ၏သတင္းစာမ်ားႏွင့္ ႏိုင္ငံေတာ္သမၼတ႐ုံးတို႔၏ ထုတ္ျပန္ခ်က္တြင္ စြပ္စြဲေရးသားခ်က္မ်ားမွာ မိမိတို႔ႏွင့္ သက္ဆိုင္ျခင္းမရွိပါေၾကာင္း ျပတ္သားစြာျငင္းလိုက္သည့္အျပင္ ျပင္းထန္စြာရႈတ္ခ်လိုက္သည္။ ထို႔အတူ ၎တို႔၏ ထုတ္ျပန္ခ်က္သည္ ယုတၱိမတန္ေသာ ေအာက္တန္းက်သည့္ ႏိုင္ငံေရးတိုက္ခိုက္မႈမ်ိဳးသာျဖစ္သည္။


သတင္းႏွင့္ျပန္ၾကားေရး

ရကၡိဳင့္တပ္ေတာ္



မြန်မာအစိုးရပိုင်သတင်းစာများ၊ နိုင်ငံတော်သမ္မတရုံးတို့မှ ၂၀၂၀ ပြည့်နှစ်၊ ဇွန်လ (၁) ရက်နေ့ရက်စွဲဖြင့်ထုတ်ပြန်ထားသော မိမိတို့ ရက္ခိုင့်တပ်တော်အပေါ် အခြေအမြစ်မရှိသည့်စွပ်စွဲရေးသားချက်များနှင့်ပတ်သက်၍ တုံ့ပြန်ချက်


၂၀၂၀ ပြည့်နှစ်၊ ဇွန်လ(၂) ရက်


အစိုးရသက်တမ်းကုန်ဆုံးတော့မည့် NLD ဦးဆောင်သော မြန်မာအစိုးရသည် မိမိတို့ ULA/AA အား နိုင်ငံရေးအကျပ်အတည်းများဖြစ်စေရန်၊ နိုင်ငံတကာအမြင်တွင် အထင်အမြင်လွဲမှားစေရန်၊ အကြမ်းဖက် အဖွဲ့အစည်းအဖြစ်ပုံဖော်ရန်အတွက် ကျိုးကြောင်းဆီလျော်မှုမရှိသည့် အမျိုးမျိုးသော စွပ်စွဲချက်များ၊ လုပ်ကြံဖန်တီးရေးသားချက်များဖြင့် စွပ်စွဲပြောဆိုခြင်း၊ ရေးသားခြင်းများကို ပိုမိုပြုလုပ်လျှက်ရှိသည်။


၂၀၂၀ ပြည့်နှစ်၊ မေလတစ်လလုံးတွင် မြန်မာအစိုးရ နှင့် မြန်မာ့တပ်မတော်တို့မှ မိမိတို့အဖွဲ့အစည်းအပေါ် ကျိုးကြောင်းဆီလျော်မှုမရှိသော တစ်ဖက်သတ်စွပ်စွဲချက်များဖြင့် အကြိမ်ကြိမ်စွပ်စွဲခဲ့သည်။ ထို့အတူ ဇွန်လ (၁) ရက်နေ့စွဲဖြင့်လည်း မိမိတို့အဖွဲ့အစည်းအား အကြမ်းဖက်အဖွဲ့အစည်း၊ မူးယစ်ဆေးဝါးများနှင့် ဆက်စပ်နေသည်ဟု တစ်ဖက်သတ် ထပ်မံစွပ်စွဲရေးသားထားသည်ကိုတွေ့ရှိရပါသည်။ မြန်မာအစိုးရနှင့် မြန်မာ့တပ်မတော်တို့မှ မိမိတို့အဖွဲ့အစည်းအား အောက်တန်းကျသော နိုင်ငံရေးထိုးနှက်ချက်များဖြင့် ပူးပေါင်းတိုက်ခိုက်လျက်ရှိသည်။


အခြားတစ်ဖက်တွင် မြန်မာနိုင်ငံ၏မည်သည့်နေရာ၌မဆို မြန်မာ့တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့သည် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိပါက မိမိတို့အဖွဲ့အစည်းအား ရည်ရွယ်ချက်ရှိရှိဖြင့် တစ်ဖက်သတ် စွပ်စွဲပြောဆိုနေသည်မှာ ကာလအတန်ကြာခဲ့ပြီးဖြစ်သည်။ ၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ (၂၈) ရက် နှင့် မတ်လ (၃) ရက်နေ့၌ စံချိန်တင်မူးယစ်ဆေးဝါးများကို ကောင်းခါးပြည်သူ့စစ်ပိုင်နေရာ၌ ဖမ်းဆီးရမိသည်ကို မိမိတို့အဖွဲ့အစည်းနှင့် ဆက်စပ်သည်ဟု စွပ်စွဲခဲ့ဖူးသည့်သာဓကရှိခဲ့သည်။


ကောင်းခါးပြည်သူ့စစ်အပါအဝင် မြန်မာ့တပ်မတော်၏ လက်အောက်ခံပြည်သူ့စစ်များ၊ မြန်မာ့တပ်မတော်၏ ထိန်းချုပ်ရာနယ်မြေများအတွင်းမှ ထုတ်လုပ်နေသော မြောက်မြားစွာသော မူးယစ်ဆေးဝါးများကို ၎င်းတို့၏တပ်ဖွဲ့ဝင်များကိုယ်တိုင် သယ်ဆောင်ဖြန့်ဖြူးနေသော သက်သေအထောက်အထားများစွာရှိခဲ့သည်မှာ ကမ္ဘာသိပင်ဖြစ်သည်။


ထို့အပြင် ၎င်းသန်းပေါင်းများစွာသော မူးယစ်ဆေးဝါးများကို အသုံးပြုပြီး ၎င်းတို့၏ ရန်ဖက်အဖွဲ့အစည်းများအား လုပ်ဇာတ်အမျိုးမျိုးဖြင့် နိုင်ငံရေးအရထိုးနှက်တိုက်ခိုက်လျက်ရှိကြသည်။ မြန်မာနိုင်ငံ၌ ပြည့်သူ့စစ်ဟူသည် မြန်မာ့တပ်မတော်၏လက်အောက်တွင်ရှိပြီး ၎င်းတို့လက်သပ်မွေးထားသော အဖွဲ့အစည်းများသာဖြစ်သည်။ ထို့ကြောင့် ပြည်သူ့စစ်နယ်မြေများ၌ တွေ့ရှိရသည့် သန်းပေါင်းများစွာသောမူးယစ်ဆေးဝါး၊ စိတ်ကြွဆေးများ၏ လက်သည်တရားခံ နှင့် ပိုင်ရှင်အစစ်အမှန်မှာလည်း မြန်မာ့တပ်မတော်သာဖြစ်သည်။


မည်သို့မျှငြင်း၍မရနိုင်သော သက်သေအထောက်အထားများဖြင့် လက်ပူးလက်ကြပ်တွေ့နေရသည်ကိုပင် မိမိတို့အဖွဲ့အစည်းနှင့် ဆက်စပ်နေသည်ဟုပြောဆိုနေသည်မှာ မည်ရွေ့မည်မျှ အရှက်သိက္ခာ ကင်းမဲ့နေသည်ကို ဖော်ပြနေခြင်းပင်ဖြစ်သည်။ မိမိတို့နှင့် လားလားမျှမသက်ဆိုင်ဘဲ မဆီမဆိုင် အခြေအမြစ်မရှိဘဲ ထိုးနှက်တိုက်ခိုက်ခြင်းသာဖြစ်သည်။



မြန်မာ့တပ်မတော် နှင့် မြန်မာအစိုးရတို့သည် မြန်မာနိုင်ငံအတွင်း၌ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိသည့်အခါများ၌ ရက္ခိုင့်တပ်တော်အပေါ် လက်ညှိုးထိုးအပြစ်ပုံချသည့် စွပ်စွဲချက်များဖြင့်စွပ်စွဲခဲ့သည်မှာ ကြိမ်ဖန်များစွာရှိခဲ့ပြီဖြစ်သည်။ မိမိတို့အဖွဲ့အစည်း အနေဖြင့်လည်း မိမိတို့နှင့်ဆက်စပ်ပတ်သက်မှုမရှိကြောင်း အကြိမ်ကြိမ်ငြင်းဆိုခဲ့ပြီးဖြစ်သည်။


ယခုလည်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ထုတ်ပြန်ချက်ကို ကိုးကား၍ မြန်မာအစိုးရ၏သတင်းစာများနှင့် နိုင်ငံတော်သမ္မတရုံးတို့၏ ထုတ်ပြန်ချက်တွင် စွပ်စွဲရေးသားချက်များမှာ မိမိတို့နှင့် သက်ဆိုင်ခြင်းမရှိပါကြောင်း ပြတ်သားစွာငြင်းလိုက်သည့်အပြင် ပြင်းထန်စွာရှုတ်ချလိုက်သည်။ ထို့အတူ ၎င်းတို့၏ ထုတ်ပြန်ချက်သည် ယုတ္တိမတန်သော အောက်တန်းကျသည့် နိုင်ငံရေးတိုက်ခိုက်မှုမျိုးသာဖြစ်သည်။


သတင်းနှင့်ပြန်ကြားရေး

ရက္ခိုင့်တပ်တော်

631 views
bottom of page