top of page

ရက္ခိုင်ပြည် တိုက်ပွဲသတင်းများ


ree


ree


ree


ree


ree


ree

ရက္ခိုင်ပြည် တိုက်ပွဲသတင်းများ


၂၀၂၄ ခုနှစ်၊ မတ်လ (၂၆) ရက်


ရက္ခိုင့်တပ်တော်သည် ရက္ခိုင်ဒေသတွင်းရှိ ရန်သူ့လက်ကျန်စစ်စခန်းများကို တစ်ရက်မျှ ရပ်နားခြင်းမရှိဘဲ တစ်ခုပြီးတစ်ခု ဆက်လက် ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိသည်။


အဆိုပါရန်သူ့လက်ကျန်စခန်းများထဲမှ ဘူးသီးတောင်အခြေစိုက် စကခ (၁၅) လက်အောက်ခံ၊ ခမရ (၅၅၂) တပ်ရင်းအား ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၄) ရက်နေ့၊ နံနက် (၈) နာရီ ( ၃၅) မိနစ်အချိန်၌ စတင်ထိုးစစ်ဆင် တိုက်ခိုက်ခဲ့သည်။ ခမရ (၅၅၂) စခန်းအား ရန်သူ၏ ကြည်း၊ လေ အပြင်းအထန်ခုခံကာကွယ်မှုကြားထဲမှ ရက်ပေါင်း (၃၂) ရက်အကြာ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီးသည့်နောက် မတ်လ (၂၅) ရက်နေ့၊ နေ့လယ် (၁၂) နာရီအချိန်တွင် အဆိုပါစခန်းတစ်ခုလုံးအား အပြီးသတ်သိမ်းပိုက်ရယူနိုင်ခဲ့သည်။


လက်နက်ခဲယမ်း၊ ရန်သူ့အလောင်းများနှင့်အတူ လက်နက်ချအညံ့ခံသောရန်သူအချို့ကို လက်ရဖမ်းဆီး မိခဲ့သည်။ ထို့အတူ ထွက်ပြေးလွတ်မြောက်နေသေးသည့် ရန်သူ့တပ်ဖွဲ့ဝင်များကိုလည်း မိမိတို့မှ လိုက်လံဖမ်းဆီးလျက်ရှိသည်။


မိမိတို့အနေဖြင့် လက်နက်ချအညံ့ခံသောသူများကို ကောင်းမွန်စွာစောင့်ရှောက်ထားသည်။ လက်ရှိအချိန်တွင် ရက္ခိုင်၊ ပလက်ဝ ဒေသများမှ လက်နက်ချအညံ့ခံသော (စစ်ဘက်+တပ်မိသားစု) အရေအတွက် မှာ ထောင်ချီ၍ ရှိထားပြီးဖြစ်သည်။


ထို့အတူ ရက္ခိုင့်တပ်တော်မှ တစ်လနီးပါး ဝိုင်းရံပိတ်ဆိုထားနိုင်ခဲ့ပြီးနောက် အတိုင်းအတာတစ်ခုထိ သိမ်းပိုက်ရယူထားပြီဖြစ်သော ရက္ခိုင်ပြည်၊ မောင်တောမြို့ရှိ ကြိမ်ချောင်းနယ်ခြားစောင့်စခန်းကိုလည်း အပြီးသတ်ရယူနိုင်ရေးအတွက် ထိုးစစ်ကို ဆက်လက်အရှိန်အဟုန်မြှင့်လျက်ရှိသည်။


ရက္ခိုင့်တပ်တော်သည် ရက္ခိုင်ဒေသအတွင်း ရန်သူ့စခန်းပေါင်းများစွာကို ဝိုင်းရံပိတ်ဆို့ ဖြတ်တောက် ထားသည်မှာ လပေါင်းမျာစွာကြာခဲ့ပြီဖြစ်သည်။ ထိုအထဲမှ အကြမ်းဖက်စစ်ရှုံးစစ်ကောင်စီ၏ တပ်စခန်း/ရဲကင်းစခန်းများစွာထဲမှ တစ်ခုဖြစ်သော ရက္ခိုင်ပြည်၊ မောင်တောမြို့ရှိ တမန်းသား ရဲကင်းစခန်းအား ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီးနောက် ၂၀၂၄ ခုနှစ်၊ မတ်လ (၂၅) ရက်နေ့တွင် အဆိုပါစခန်းမှ အင်အား (၁၀၀) ခန့် ပါဝင်သောတပ်ဖွဲ့ဝင်များသည် ရက္ခိုင့်တပ်တော်၏ ထိုးစစ်ဆင်တိုက်ခိုက်မှုကို အလူးအလဲခံခဲ့ရပြီး နောက်တွင် ရက္ခိုင့်တပ်တော်ထံ လက်နက်ချခဲ့သည်။


ရန်သူ့ စစ်အသုံးအဆောင်၊ လက်နက်ခဲယမ်း အမြောက်အမြားကို သိမ်းဆည်းရမိခဲ့သည်။


တစ်ပြိုင်နက်တည်းတွင် စစ်ကောင်စီ၏ အခြားသောစခန်းများကိုလည်း ရက္ခိုင့်တပ်တော်မှ ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိသည်။

 

(ဓာတ်ပုံ-မောင်တောမြို့နယ်၊ တမန်းသားရဲကင်းစခန်းမှ ရက္ခိုင့်တပ်တော်ထံ လက်နက်ချအညံ့ခံခဲ့သော စစ်ကောင်စီတပ်ဖွဲ့ဝင်များအား ရက္ခိုင့်တပ်တော်မှ နိုင်ငံတကာစစ်သုံ့ပန်းဥပဒေနှင့်အညီ ကောင်းမွန်စွာ ထိန်းသိမ်းထားစဉ်)


သတင်းနှင့်ပြန်ကြားရေး

ရက္ခိုင့်တပ်တော်

Recent Posts

See All
🚨 #Breakingnews

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ (၁၂) ရက် ၊ ည (၉) နာရီခန့်မှစတင်ပြီး ဖက်ဆစ် အကြမ်းဖက် စစ်ကောင်စီသည် လေကြောင်းမှ Cluster ဗုံးအပါအဝင် ရော့ကတ်များဖြင့်တိုက်ခိုက်ခြင်းများကို ပြုလုပ်လျက်ရှိသည်။   (၁) ပုဏ္ဏားကျွန်းမြ

 
 
 

Comments


  • Telegram-White
  • YouTube
  • Vkontakte
  • Twitter

Copyright © 2020 Arakan Army

bottom of page