top of page

ရက္ခိုင့်တပ်တော်၏ တိုက်ပွဲသတင်းများ


ree


ရက္ခိုင့်တပ်တော်၏ တိုက်ပွဲသတင်းများ


၂၀၂၄ ခုနှစ်၊ မတ်လ (၄) ရက်


ရက္ခိုင့်တပ်တော်အနေဖြင့် အကြိမ်ကြိမ်ထုတ်ပြန်ပြီးသားဖြစ်သည့်အတိုင်း ရက္ခိုင်ဒေသ၌ လက်နက်ချအညံ့မခံသော အကြမ်းဖက်စစ်ကောင်စီ၏ တပ်စခန်းများကို သတ်မှတ်ထားသည့် စစ်ဆင်ရေးပစ်မှတ်များအတိုင်း တစ်ရက်မျှရပ်နားခြင်းမရှိဘဲ ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိသည်။

 

၂၀၂၄ ခုနှစ်၊ မတ်လ (၄) ရက်နေ့တွင် ပုဏ္ဏားကျွန်းမြို့ရှိ တစ်ခုတည်းသော လက်ကျန်တပ်ရင်းဖြစ်သည့် "ခမရ (၅၅၀)” အား ရက္ခိုင့်တပ်တော်မှ ယနေ့တွင် အကြမ်းဖက်စစ်ကောင်စီ၏ ကြည်း၊ ရေ၊ လေ တပ်များပေါင်းပြီး အပြင်းအထန်ခုခံနေသည့်ကြားက အာရက္ခစစ်သည်တော်တို့မှ ရဲရင့်ပြောင်မြောက်စွာဖြင့် အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ပြီဖြစ်ကာ ပုဏ္ဏားကျွန်းမြို့အားလည်း သိမ်းပိုက်နိုင်ခဲ့ပြီဖြစ်သည်။


ပုဏ္ဏားကျွန်းမြို့ အား လက်လွှတ်လိုက်ရသည့် အကြမ်းဖက်စစ်ကောင်စီသည် ရသေ့တောင်-ပုဏ္ဏာကျွန်းကားလမ်းမရှိ စေတီပြင်တံတားအား ညနေ (၄) နာရီ (၅၇) မိနစ်မှ (၅) နာရီ (၁၇) မိနစ်အချိန်အထိ ဂျက်တိုက်လေယာဉ် (၂) စီးဖြင့် (၁၂) ကြိမ်တိုင်တိုင် လာရောက်တိုက်ခိုက်ဖျက်စီးခဲ့သည်။


နောက်ဆက်တွဲ တိုက်ပွဲသတင်းများကို သိရှိရပါက ဆက်လက်တင်ပေးသွားပါမည်။


သတင်းနှင့်ပြန်ကြားရေး

ရက္ခိုင့်တပ်တော်

Comments


  • Telegram-White
  • YouTube
  • Vkontakte
  • Twitter

Copyright © 2020 Arakan Army

bottom of page