top of page

ရှမ်းမြောက်ဒေသ ၁၀၅မိုင်အနီးတဝိုက်ရှိဘုန်းတော်ကြီးကျောင်းများကိုAAမှစားနပ်ရိက္ခာပစ္စည်းအချို့လှူဒါန်း


ree



ree



ree

ရှမ်းမြောက်ဒေသ ၁၀၅ မိုင် အနီးတဝိုက်ရှိ ဘုန်းတော်ကြီးကျောင်း၊ သီလရှင်ကျောင်းနှင့် ခရစ်ယာန်သာသနာပြုကျောင်းများကို ရက္ခိုင့်တပ်တော်မှ ဆန်၊ ဆီ၊ သောက်ရေသန့်အပါအဝင် စားနပ်ရိက္ခာပစ္စည်းအချို့လှူဒါန်း

 

၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၂၄) ရက်

 

၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၁၆)၊ (၁၈) ရက်နေ့များတွင် ရှမ်းမြောက်ဒေသ ၁၀၅ မိုင်အနီးတဝိုက်ရှိ ဘုန်းတော်ကြီးကျောင်း၊ သီလရှင်ကျောင်းနှင့် ခရစ်ယာန်ကျောင်းများအား ရက္ခိုင့်တပ်တော်မှ ဆန်၊ ဆီ၊ သောက်ရေသန့်အပါအဝင် စားနပ်ရိက္ခာပစ္စည်းအချို့တို့ကို ကိုယ်တိုင်သွားရောက်လှူဒါန်းခဲ့ကြပါသည်။

 

စစ်ပွဲများအပါအဝင် တိုင်းပြည်၏ စနစ်ဆိုး၊ မင်းဆိုးမင်းညစ်များကြောင့် အတိဒုက္ခရောက်နေကြသော သူများတွင် ပြည်သူလူထုအပါအဝင် ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်းများ၊ သီလရှင်ကျောင်းများ နှင့် ခရစ်ယာန် သာသနာပြုကျောင်းများလည်းပါဝင်ကြသည်။ ပြည်သူများ၏ လူမှုစီးပွားဒုက္ခအဝဝများထဲမှ တတ်နိုင်သည်များကို တနိုင်တပိုင် ကူညီဖြေရှင်းပေးခဲ့သကဲ့သို့ ဗုဒ္ဓဘာသာ ဆရာတော်၊ သံဃာတော်များ နှင့် ခရစ်ယာန်သာသနာပြုများ ပူပင်ကြောင့်ကြမရှိစေဘဲ ငြိမ်းချမ်းစွာ သာသနာပြုနိုင်ရန်ရည်ရွယ်၍ မိမိတို့ တတ်နိုင်သော ကောင်းမှုအလှူများကို ၁၀၅ မိုင်အနီးတဝိုက်တွင် ရက္ခိုင့်တပ်တော်အနေဖြင့် ပြုလုပ်လှူဒါန်းခဲ့ပါသည်။

 

ရက္ခိုင့်တပ်တော်အနေဖြင့် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၁၆) ရက်နေ့တွင် ဝေဠုဝန်ဘုန်းတော်ကြီးကျောင်း၊ ဘဘဘုန်းတော်ကြီးကျောင်း၊ မေတ္တာစံအိမ် ပရဟိတကျောင်း နှင့် ကမ္ဘောဇသင်္ဂီပညာသင်ကျောင်း (သီလရှင်ကျောင်း) တို့အား ဆန်၊ ဆီ အပါအဝင် စားနပ်ရိက္ခာတချို့ကို ဆက်ကပ်လှူဒါန်းခဲ့ပါသည်။

 

ထို့အတူ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၁၈) ရက်နေ့တွင် လည်း ဇေယျမင်္ဂလာကျောင်းတိုက် အား ဆန်၊ ဆီ နှင့် ရေသန့် အချို့တို့ကို ဆက်ကပ်လှူဒါန်းခဲ့သည်။ ထို့အပြင် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၂၃) ရက်နေ့တွင် ပန်ဆိုင်းခရစ်ယာန်ကျောင်းကိုလည်း ဆန်အချို့ လှူဒါန်းခဲ့ပါသည်။

 

ရက္ခိုင့်တပ်တော်သည် တိုက်ပွဲရှိလျှင် နိုင်အောင်တိုက်မည်။ တိုက်ပွဲမရှိလျှင် ဒေသခံပြည်သူလူထု၏ အရေးအရာများကို အဆင်ပြေချောမွေ့အောင် ဒေသခံပြည်သူလူထုများနှင့်အတူလက်တွဲပြီး ဆောင်ရွက်သည်။ ထို့အပြင်မိမိတို့ လှုပ်ရှားရာစစ်ဒေသများ၌ ပြည်သူလူထုများ၏ အားကိုးရာတပ်တော်ဖြစ်အောင် အကောင်းဆုံး ဆောင်ရွက်လျက်ရှိပါသည်။

 

မိမိတို့အနေဖြင့် မည်သည့်နေရာ၊ မည်သည့်ဒေသသိုရောက်ရှိပါစေ လူမျိုးမရွေး၊ ဘာသာမရွေး ခွဲခြားစိတ်မရှိဘဲ ပြည်သူများနှင့်အတူရပ်တည်နေပြီး စာနာစိတ်အပြည့်ဖြင့် တတ်နိုင်သည်များကို တစ်ဖွဲ့ချင်းအလိုက်သော်လည်းကောင်း၊ ညီနောင်မဟာမိတ် (၃) ဖွဲ့အနေဖြင့်သော်လည်းကောင်း အကောင်းဆုံး ပံ့ပိုးကူညီပေးသွားပါမည်။

 



 
 
 

Recent Posts

See All
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ (၁၂) ရက်နေ့ လေကြောင်းတိုက်ခိုက်မှု နောက်ဆုံးရသတင်း

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ (၁၃) ရက်၊ မနက် (၀၀) နာရီ (၁၈/၂၀) မိနစ် (တနည်းအားဖြင့်) ဒီဇင်ဘာလ(၁၂) ရက် ညဉ့် အချိန်တို့တွင် ပုဏ္ဏားကျွန်းမြို့နယ်အတွင်းရှိ ရွာအချို့ ( ရွာအမည်စုံစမ်းဆဲ) အား ဖက်ဆစ် အကြမ်းဖက် စစ်ရ

 
 
 
🚨 #Breakingnews

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ (၁၂) ရက် ၊ ည (၉) နာရီခန့်မှစတင်ပြီး ဖက်ဆစ် အကြမ်းဖက် စစ်ကောင်စီသည် လေကြောင်းမှ Cluster ဗုံးအပါအဝင် ရော့ကတ်များဖြင့်တိုက်ခိုက်ခြင်းများကို ပြုလုပ်လျက်ရှိသည်။   (၁) ပုဏ္ဏားကျွန်းမြ

 
 
 

1 Comment


Arakan Citizen
Arakan Citizen
Jan 25, 2024

😍😍

Like
  • Telegram-White
  • YouTube
  • Vkontakte
  • Twitter

Copyright © 2020 Arakan Army

bottom of page