top of page

ျမန္မာ့တပ္မေတာ္မွ ေထာင္ထားေသာမိုင္းနင္းမိ၍ အရပ္သား မူဆလင္ကေလး(၃) ဦးေသဆံုး


ျမန္မာ့တပ္မေတာ္မွ ေထာင္ထားေသာမိုင္းနင္းမိ၍ အရပ္သား မူဆလင္ကေလး(၃) ဦးေသဆံုး ၿပီး ေစ်းဆိုင္တန္းအခိ်ဳ႕အား ျမန္မာ့တပ္မေတာ္မွ မီးရိႈ႕ဖ်က္ဆီး ၂၀၂၀ ျပည့္ႏွစ္၊ေမလ(၁၂) ရက္


၂၀၂၀ ျပည့္ႏွစ္၊ေမလ၊(၁၂)ရက္ေန႔၊ နံနက္(၉) နာရီ(၄၅) မိနစ္တြင္ ရခိုင္ျပည္၊ဘူးသီးေတာင္ၿမိဳ႕နယ္၊ သရက္ျပင္ရြာ( ရခိုင္ရြာ) အတြင္း၌ ျမန္မာ့တပ္မေတာ္ မွ ေထာင္ထားခဲ့ေသာ စြန္႔လႊတ္မိုင္းမ်ားေၾကာင့္ "ခ်ာေကရြာ" မွ အရပ္သား မူဆလင္ကေလးႏွစ္ဦးျဖစ္ၾကေသာ အသက္(၁၀) ႏွစ္အရြယ္ရွိ "အတူလာမီ"၊အသက္(၉) ႏွစ္အရြယ္ရွိ "ရာဟတ္နာဟာတူ"ႏွင့္ ဖုန္ညိဳလိပ္(၁၁)ရပ္ကြက္မွ အသက္(၈) ႏွစ္အရြယ္ရွိ"ဟာေဒကာေဘဘီ" တို႔(၃)ဦးသည္ ျမန္မာ့တပ္မေတာ္မွ သရက္ျပင္ရြာအတြင္းေထာင္ထားခဲ့ေသာစြန္႔လႊတ္မိုင္းနင္းမိခဲ့ျခင္းျဖစ္သည္။ ၎(၃) ဦးအနက္ တစ္ဦးမွာ ၎ေနရာ၌ေသဆံုးခဲ့ၿပီး အျခားတစ္ဦးမွာ ေဆးရံုသို႔အပို႔တြင္ေသဆံုးခဲ့ျခင္းျဖစ္သည္။က်န္တစ္ဦးမွာ ျပင္းထန္ဒဏ္ရာရရွိခဲ့သည္။ ဒဏ္ရာျပင္းထန္ရသူတစ္ဦးမွာ ဘူးသီးေတာင္ေဆးရံု၌ ေဆးကုသမႈခံယူလ်က္ရွိသည္။ ဒဏ္ရာျပင္းထန္စြာရရွိခဲ့ေသာ ကေလးမွာလည္း ညေန(၅) နာရီခန္႔တြင္ေသဆံုးခဲ့ၿပီးျဖစ္သည္။

ျမန္မာ့တပ္မေတာ္မွ ၂၀၂၀ ျပည့္ႏွစ္အတြင္းမီးရိႈ႕ဖ်က္ဆီးခဲ့ေသာေက်းရြာမ်ားထဲတြင္ သရက္ျပင္ေက်းရြာသည္လည္း တစ္ရြာအပါအဝင္ျဖစ္သည္။ သရက္ျပင္ေက်းရြာအား ျမန္မာ့တပ္မေတာ္မွ ၂၀၂၀ ျပည့္ႏွစ္၊ ဇန္နဝါရီလ(၂၉) ရက္ေန႔တြင္မီးရိႈ႕ဖ်က္ဆီးခဲ့ၿပီးေနာက္ ေက်းရြာအတြင္း အရပ္သားျပည္သူလူထုမ်ားထိခိုက္ေစရန္ ရည္ရြယ္ခ်က္ရွိရွိျဖင့္ စြန္႔လႊတ္မိုင္း၊ နင္းမိုင္း၊ တိုက္မိုင္းမ်ားကိုေထာင္ထားေလ့ရွိသည္။





ယခင္ထုတ္ျပန္ထားေသာ သတင္းအား ၀င္ေရာက္ဖတ္႐ႈရန္ - https://bit.ly/2Apw9gx

ျမန္မာ့တပ္မေတာ္သည္စိုင္းတင္တံတား၌စခန္းခ်ေနထိုင္ၿပီး သရက္ျပင္ေက်းရြာအပါအဝင္ အနီးအနားပတ္ဝန္းက်င္မွ ေက်းရြာအခိဳ်႕အားမီးရိႈ႕ဖ်က္ဆီးခဲ့ၿပီး ၎ေက်းရြာမ်ားအတြင္း ရြာသူ၊ရြာသားမ်ားမရွိသည့္အခိုက္အတန႔္ မိုင္းမ်ားေထာင္ထားခဲ့ျခင္းသည္။ သရက္ျပင္၊ ဘုန္းႀကီးေက်ာင္းအတြင္း၌ ျမန္မာ့တပ္မေတာ္မွ ေထာင္ထားခဲ့ေသာ တိုက္မိုင္းမ်ားအား ရကၡိဳင့္တပ္ေတာ္မွ ရွင္းလင္းဖယ္ရွားခဲ့ၿပီးျဖစ္သည္။ ၂၀၁၉ ခုႏွစ္၊ ေအာက္တိုဘာလ(၆) ရက္ေန႔တြင္လည္း တပ္မ(၂၂) လက္ေအာက္ခံတပ္ရင္းတစ္ခု မွ ဘူးသီးေတာင္ျမိဳ႕နယ္ "သရက္ျပင္ ေကၽြးရြာ" အတြင္းမွပိတ္မိေနေသာ ရြာသူ/ရြာသား(၁၃) ေယာက္ကိုဖမ္းဆီးထိန္းသိမ္းထားခဲ့ေသာျဖစ္ရပ္ရွိခဲ့သည္။ ထို႔ေနာက္တိုက္ပြဲမ်ားေၾကာင့္တိုက္ပြဲေရွာင္ေနၾကသည့္အိမ္ပိုင္ရွင္မ်ားမရွိေသာအိမ္မ်ားမွ အသံုးအေဆာင္ပစၥည္းမ်ားကိုလည္း ေအာက္တိုဘာ(၇) ရက္ေန႔၌လည္းဒုတိယေန႔အျဖစ္ဆက္လက္ ေမႊေႏွာက္ကာ ခိုးယူခဲ့သည္။ ထို႔ေၾကာင့္ အရပ္သားျပည္သူလူထုမ်ားအေနျဖင့္ ျမန္မာ့တပ္မေတာ္၏ စခန္းခ်ခဲ့ေသာ ေက်းရြာမ်ားအတြင္းရွိ လူေနအိမ္မ်ား၊ စာသင္ေက်ာင္းမ်ား၊ ဘုန္းႀကီးေက်ာင္းမ်ားအတြင္းသို႔ သြားလာျခင္းမ်ားကိုမျပဳလုပ္ၾကပါရန္ ထပ္မံသတိေပးအပ္ပါသည္။ ထို႔အျပင္အမ္းၿမိဳ နယ္ ေရွာက္ျခံဳ ေက်းရြာအနီး ကမ္းေထာင္းႀကီးတိုက္နယ္ ဝင္လမ္းေဘး ေစ်းဆိုင္တန္းထဲမွ ဆိုင္ခန္းအခိ်ဳ႕ကိုလည္း ျမန္မာ့တပ္မေတာ္မွ ၂၀၂၀ ျပည့္ႏွစ္၊ေမလ(၁၂)ရက္ နံနက္(၁၀) နာရီခန္႔တြင္မီးရိႈ႕ဖ်က္ဆီးခဲ့သည္။ (တပ္ရင္းအမည္အားစံုစမ္းဆဲ) သတင္းႏွင့္ျပန္ၾကားေရး ရကၡိဳင့္တပ္ေတာ္



မြန်မာ့တပ်မတော်မှ ထောင်ထားသောမိုင်းနင်းမိ၍ အရပ်သား မူဆလင်ကလေး(၃) ဦးသေဆုံး ပြီး ဈေးဆိုင်တန်းအချို့အား မြန်မာ့တပ်မတော်မှ မီးရှို့ဖျက်ဆီး ၂၀၂၀ ပြည့်နှစ်၊မေလ(၁၂) ရက်


၂၀၂၀ ပြည့်နှစ်၊မေလ၊(၁၂)ရက်နေ့၊ နံနက်(၉) နာရီ(၄၅) မိနစ်တွင် ရခိုင်ပြည်၊ဘူးသီးတောင်မြို့နယ်၊ သရက်ပြင်ရွာ( ရခိုင်ရွာ) အတွင်း၌ မြန်မာ့တပ်မတော် မှ ထောင်ထားခဲ့သော စွန့်လွှတ်မိုင်းများကြောင့် "ချာကေရွာ" မှ အရပ်သား မူဆလင်ကလေးနှစ်ဦးဖြစ်ကြသော အသက်(၁၀) နှစ်အရွယ်ရှိ "အတူလာမီ"၊အသက်(၉) နှစ်အရွယ်ရှိ "ရာဟတ်နာဟာတူ"နှင့် ဖုန်ညိုလိပ်(၁၁)ရပ်ကွက်မှ အသက်(၈) နှစ်အရွယ်ရှိ"ဟာဒေကာဘေဘီ" တို့(၃)ဦးသည် မြန်မာ့တပ်မတော်မှ သရက်ပြင်ရွာအတွင်းထောင်ထားခဲ့သောစွန့်လွှတ်မိုင်းနင်းမိခဲ့ခြင်းဖြစ်သည်။ ၎င်း(၃) ဦးအနက် တစ်ဦးမှာ ၎င်းနေရာ၌သေဆုံးခဲ့ပြီး အခြားတစ်ဦးမှာ ဆေးရုံသို့အပို့တွင်သေဆုံးခဲ့ခြင်းဖြစ်သည်။ကျန်တစ်ဦးမှာ ပြင်းထန်ဒဏ်ရာရရှိခဲ့သည်။ ဒဏ်ရာပြင်းထန်ရသူတစ်ဦးမှာ ဘူးသီးတောင်ဆေးရုံ၌ ဆေးကုသမှုခံယူလျက်ရှိသည်။ ဒဏ်ရာပြင်းထန်စွာရရှိခဲ့သော ကလေးမှာလည်း ညနေ(၅) နာရီခန့်တွင်သေဆုံးခဲ့ပြီးဖြစ်သည်။ မြန်မာ့တပ်မတော်မှ ၂၀၂၀ ပြည့်နှစ်အတွင်းမီးရှို့ဖျက်ဆီးခဲ့သောကျေးရွာများထဲတွင် သရက်ပြင်ကျေးရွာသည်လည်း တစ်ရွာအပါအဝင်ဖြစ်သည်။ သရက်ပြင်ကျေးရွာအား မြန်မာ့တပ်မတော်မှ ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ(၂၉) ရက်နေ့တွင်မီးရှို့ဖျက်ဆီးခဲ့ပြီးနောက် ကျေးရွာအတွင်း အရပ်သားပြည်သူလူထုများထိခိုက်စေရန် ရည်ရွယ်ချက်ရှိရှိဖြင့် စွန့်လွှတ်မိုင်း၊ နင်းမိုင်း၊ တိုက်မိုင်းများကိုထောင်ထားလေ့ရှိသည်။ မြန်မာ့တပ်မတော်သည်စိုင်းတင်တံတား၌စခန်းချနေထိုင်ပြီး သရက်ပြင်ကျေးရွာအပါအဝင် အနီးအနားပတ်ဝန်းကျင်မှ ကျေးရွာအခိုျ့အားမီးရှို့ဖျက်ဆီးခဲ့ပြီး ၎င်းကျေးရွာများအတွင်း ရွာသူ၊ရွာသားများမရှိသည့်အခိုက်အတန့် မိုင်းများထောင်ထားခဲ့ခြင်းသည်။ သရက်ပြင်၊ ဘုန်းကြီးကျောင်းအတွင်း၌ မြန်မာ့တပ်မတော်မှ ထောင်ထားခဲ့သော တိုက်မိုင်းများအား ရက္ခိုင့်တပ်တော်မှ ရှင်းလင်းဖယ်ရှားခဲ့ပြီးဖြစ်သည်။ ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ(၆) ရက်နေ့တွင်လည်း တပ်မ(၂၂) လက်အောက်ခံတပ်ရင်းတစ်ခု မှ ဘူးသီးတောင်မြို့နယ် "သရက်ပြင် ကျွေးရွာ" အတွင်းမှပိတ်မိနေသော ရွာသူ/ရွာသား(၁၃) ယောက်ကိုဖမ်းဆီးထိန်းသိမ်းထားခဲ့သောဖြစ်ရပ်ရှိခဲ့သည်။ ထို့နောက်တိုက်ပွဲများကြောင့်တိုက်ပွဲရှောင်နေကြသည့်အိမ်ပိုင်ရှင်များမရှိသောအိမ်များမှ အသုံးအဆောင်ပစ္စည်းများကိုလည်း အောက်တိုဘာ(၇) ရက်နေ့၌လည်းဒုတိယနေ့အဖြစ်ဆက်လက် မွှေနှောက်ကာ ခိုးယူခဲ့သည်။ ထို့ကြောင့် အရပ်သားပြည်သူလူထုများအနေဖြင့် မြန်မာ့တပ်မတော်၏ စခန်းချခဲ့သော ကျေးရွာများအတွင်းရှိ လူနေအိမ်များ၊ စာသင်ကျောင်းများ၊ ဘုန်းကြီးကျောင်းများအတွင်းသို့ သွားလာခြင်းများကိုမပြုလုပ်ကြပါရန် ထပ်မံသတိပေးအပ်ပါသည်။ ထို့အပြင်အမ်းမြို နယ် ရှောက်ခြုံ ကျေးရွာအနီး ကမ်းထောင်းကြီးတိုက်နယ် ဝင်လမ်းဘေး ဈေးဆိုင်တန်းထဲမှ ဆိုင်ခန်းအချို့ကိုလည်း မြန်မာ့တပ်မတော်မှ ၂၀၂၀ ပြည့်နှစ်၊မေလ(၁၂)ရက် နံနက်(၁၀) နာရီခန့်တွင်မီးရှို့ဖျက်ဆီးခဲ့သည်။ (တပ်ရင်းအမည်အားစုံစမ်းဆဲ) သတင်းနှင့်ပြန်ကြားရေး ရက္ခိုင့်တပ်တော်

683 views
bottom of page