ပုဏ္ဏားကျွန်းမြို့နယ်၊ ယိုးငူကျေးရွာဈေးအား ဖက်ဆစ် အကြမ်းဖက် စစ်ကော်မရှင်တပ်မှ လေကြောင်းဗုံးကြဲ တိုက်ခိုက်မှုနှင့်ပတ်သက်၍ ကနဦး ထုတ်ပြန်ချက်
- Feb 24
- 1 min read






ပုဏ္ဏားကျွန်းမြို့နယ်၊ ယိုးငူကျေးရွာဈေးအား ဖက်ဆစ် အကြမ်းဖက် စစ်ကော်မရှင်တပ်မှ လေကြောင်းဗုံးကြဲ တိုက်ခိုက်မှုနှင့်ပတ်သက်၍ ကနဦး ထုတ်ပြန်ချက်
၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၄) ရက်
၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၄) ရက်နေ့ နေ့လယ် (၂) နာရီ (၇) မိနစ်အချိန်ခန့်တွင် အာရက္ခဒေသ၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ယိုးငူကျေးရွာရှိ ဈေးတန်းအား ဖက်ဆစ် အကြမ်းဖက် စစ်ကော်မရှင်တပ်မှ ဂျက်ဖိုက်တာတစ်စီးဖြင့် အကြမ်းဖက်ဗုံးကြဲတိုက်ခိုက်ခဲ့မှုကြောင့် ဈေးရောင်း ဈေးဝယ်နေကြသည့် အပြစ်မဲ့ အရပ်သား ပြည်သူ ကလေးငယ် များအပါအဝင် စုစုပေါင် (၁၇) ဦးသေဆုံးခဲ့ပြီး (၁၄) ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း ကနဦးထုတ်ပြန်အပ်ပါသည်။
ထို့အပြင် လူနေအိမ်၊ ဈေးဆိုင်ခန်းအချို့မှာလည်း မီးလောင် ပျက်စီးသွားသည်။
ယိုးငူရွာမှ အပြစ်မဲ့ အရပ်သားပြည်သူ သေဆုံးမှုနှင့် ထိခိုက်ဒဏ်ရာရမှု အသေးစိတ်ကို ထပ်မံတင်ပြပေးသွားမည် ဖြစ်ပါ သည်။
သတင်းနှင့်ပြန်ကြားရေး
အာရက္ခတပ်တော်



Comments