top of page

ျမန္မာ့တပ္မေတာ္၏တပ္မ(၆၆)လက္ေအာက္ခံတပ္ရင္းမွလက္နက္ႀကီးျဖင့္ပစ္ခတ္မႈေၾကာင့္ျပည္သူမ်ားထိခိုက္ေသဆံုး



စစ္ရာဇဝတ္တပ္ လူမ်ိဳးေရးအစြန္းေရာက္ နယ္ခ်ဲ႕ျမန္မာ့တပ္မေတာ္၏ တပ္မ (၆၆) လက္ေအာက္ခံတပ္ရင္းတစ္ခုမွ လက္နက္ႀကီးမ်ားျဖင့္ ပစ္ခတ္တိုက္ခိုက္ခဲ့ေသာေၾကာင့္ ေျမပုံၿမိဳ႕နယ္၊ ေညာင္ခတ္ကန္ (ေညာင္ကန္) ေက်း႐ြာအတြင္း က်ေရာက္ေသာေၾကာင့္ ေက်ာင္းဆရာမ(၁) ဦး၊ ကေလး(၂) ဦးအပါအဝင္ အျပစ္မဲ့ အရပ္သားျပည္သူ (၅) ဦးေသဆုံးၿပီး (၁၁) ဦးေက်ာ္ ထိခိုက္ဒဏ္ရာရ


၂၀၂၀ ျပည့္ႏွစ္၊ စက္တင္ဘာလ (၈) ရက္ေန႔




လူမ်ိဳးေရးအစြန္းေရာက္ နယ္ခ်ဲ႕ ျမန္မာ့တပ္မေတာ္သည္ လူမ်ိဳးေရးအမုန္းတရားမ်ားကို အေျခခံေသာစိတ္ျဖင့္ ရခိုင္ေဒသရွိ ရပ္႐ြာမ်ားအတြင္းသို႔ လက္နက္ႀကီးမ်ားျဖင့္ တမင္တကာဦးတည္တိုက္ခိုက္ေသာလုပ္ရပ္မ်ားကို ေန႔တိုင္းရက္ဆက္ လုပ္ေဆာင္လ်က္ ရွိသည္။


၂၀၂၀ ျပည့္ႏွစ္၊ စက္တင္ဘာလ (၈) ရက္ေန႔၊ နံနက္ (၉) နာရီ (၄၉) မိနစ္တြင္ ေျမပုံၿမိဳ႕နယ္၊ ေညာင္ခတ္ကန္ ( ေညာင္ကန္) ေက်း႐ြာအတြင္းသို႔ စစ္ရာဇဝတ္တပ္ လူမ်ိဳးေရးအစြန္းေရာက္ နယ္ခ်ဲ႕ျမန္မာ့တပ္မေတာ္၏ တပ္မ (၆၆) လက္ေအာက္ခံတပ္ရင္း (အမည္စုံစမ္းဆဲ) ၏ "နယ္ျခားေတာင္" ၌ စခန္းခ်တပ္စြဲထားသည့္ တပ္စခန္းတစ္ခုမွ မည္သည့္တိုက္ပြဲျဖစ္ပြားခဲ့ျခင္းမရွိဘဲ လက္နက္ႀကီးမ်ားျဖင့္ တမင္တကာရည္႐ြယ္ခ်က္ရွိရွိျဖင့္ အႀကိမ္ (၁၅) ႀကိမ္ခန႔္ ေတာက္ေလွ်ာက္ပစ္ခတ္တိုက္ခိုက္ခဲ့သည္။ ထို႔ေၾကာင့္ ေညာင္ခတ္ကန္(ေညာင္ကန္) ေက်း႐ြာအတြင္းမွ အျပစ္မဲ့အရပ္သား (၄+၁) ဦးပြဲခ်င္းၿပီးေသဆုံးကာ (၁၁) ဦးေက်ာ္မွာ လက္နက္ႀကီးစထိမွန္၍ အေသးစား၊ အလတ္စား၊ အျပင္းစားဒဏ္ရာရရွိခဲ့သည္။


ေလာေလာဆယ္သိရွိရေသာ သတင္းမ်ားအရ ေသဆုံးသူ (၅) ဦးမွာ ကေလး (၂) ဦး၊ ေက်ာင္းဆရာမ (၁) ဦး ႏွင့္ ပုဇြန္ကန္လုပ္သား (၁)ဦး၊ အမ်ိဳးသမီး (၁) ဦးတို႔ျဖစ္ၾကသည္။ ထိုသူတို႔မွာ-


(၁) ဦးခ်မ္းၿငိမ္းသူ (ပုဇြန္ကန္လုပ္)၊ အသက္ (၂၅) ႏွစ္၊ အဘအမည္-ဦးေအာင္ေက်ာ္ထင္၊ ေနရပ္- ေပါက္တူးေတာင္ေက်း႐ြာ။


(၂) ေဒၚမိုးသဇင္ (ေက်ာင္းဆရာမ) အသက္ (၂၉) ႏွစ္၊ အဘအမည္-ဦးခ်မ္း၊ ေနရပ္- ေညာင္ကန္ေက်း႐ြာ။


(၃) ေမာင္သူရေအာင္ (ေက်ာင္းသား-ပထမတန္း၊ အသက္ (၇) ႏွစ္၊ အဘအမည္-ဦးျဖဴသီးေခ်၊ ေနရပ္- ေညာင္ကန္ေက်း႐ြာ။


(၄) မသူသူဟိန္း (ေက်ာင္းသူ-ပထမတန္း)၊ အသက္ (၇) ႏွစ္၊ အဘအမည္- ဦးလင္းဝင္းေဇာ္၊ ေညာင္ကန္ေက်း႐ြာတို႔ (၄) ဦးမွာ လက္နက္ႀကီးထိမွန္ၿပီး ပြဲခ်င္းၿပီးေသဆုံးခဲ့သည္။




အျခားတစ္ဦးျဖစ္ေသာ မႏွင္းယုလႈိင္၊ အသက္ (၂၂) မွာ လက္နက္ႀကီးအစ ဦးေခါင္းကိုထိမွန္ေသာဒဏ္ရာျဖင့္ ကမ္းေထာင္းႀကီး၊ တိုက္နယ္ေဆး႐ုံတြင္ ေသဆုံးခဲ့ရသည္။ ဒဏ္ရာရရွိသူအေရအတြက္မွာ (၁၁) ဦး ႏွင့္ အထက္ရွိခဲ့သည္။ ဒဏ္ရာရရွိသူမ်ားစာရင္းအား ဇယားျဖင့္ေဖာ္ျပထားပါသည္။








ထို႔အျပင္ ၂၀၂၀ ျပည့္ႏွစ္၊ စက္တင္ဘာလ (၆) ရက္ေန႔တြင္လည္းရေသ့ေတာင္ၿမိဳ႕နယ္၊ ေက်ာက္ရံသာစည္႐ြာအတြင္းသို႔ မညင္းေတာင္ေက်း႐ြာအနီးရွိ ျမန္မာ့တပ္မေတာ္မွ လက္နက္ႀကီးမ်ားျဖင့္ ပစ္ခတ္တိုက္ခိုက္မႈေၾကာင့္ လူေနအိမ္အခ်ိဳ႕ ႏွင့္ ဝက္၊ ၾကက္ တိရစာၦန္အခ်ိဳ႕အား ထိမွန္၍ ပ်က္စီးမႈ၊ ေသဆုံးဒဏ္ရာရမႈမ်ားရွိခဲ့သည္။


သတင္းႏွင့္ျပန္ၾကားေရး

ရကၡိဳင့္တပ္ေတာ္




စစ်ရာဇဝတ်တပ် လူမျိုးရေးအစွန်းရောက် နယ်ချဲ့မြန်မာ့တပ်မတော်၏ တပ်မ (၆၆) လက်အောက်ခံတပ်ရင်းတစ်ခုမှ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သောကြောင့် မြေပုံမြို့နယ်၊ ညောင်ခတ်ကန် (ညောင်ကန်) ကျေးရွာအတွင်း ကျရောက်သောကြောင့် ကျောင်းဆရာမ(၁) ဦး၊ ကလေး(၂) ဦးအပါအဝင် အပြစ်မဲ့ အရပ်သားပြည်သူ (၅) ဦးသေဆုံးပြီး (၁၁) ဦးကျော်ထိခိုက်ဒဏ်ရာရ


၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ (၈) ရက်နေ့


လူမျိုးရေးအစွန်းရောက် နယ်ချဲ့ မြန်မာ့တပ်မတော်သည် လူမျိုးရေးအမုန်းတရားများကို အခြေခံသောစိတ်ဖြင့် ရခိုင်ဒေသရှိ ရပ်ရွာများအတွင်းသို့ လက်နက်ကြီးများဖြင့် တမင်တကာဦးတည်တိုက်ခိုက်သောလုပ်ရပ်များကို နေ့တိုင်းရက်ဆက် လုပ်ဆောင်လျက် ရှိသည်။


၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ (၈) ရက်နေ့၊ နံနက် (၉) နာရီ (၄၉) မိနစ်တွင် မြေပုံမြို့နယ်၊ ညောင်ခတ်ကန် ( ညောင်ကန်) ကျေးရွာအတွင်းသို့ စစ်ရာဇဝတ်တပ် လူမျိုးရေးအစွန်းရောက် နယ်ချဲ့မြန်မာ့တပ်မတော်၏ တပ်မ (၆၆) လက်အောက်ခံတပ်ရင်း (အမည်စုံစမ်းဆဲ) ၏ "နယ်ခြားတောင်" ၌ စခန်းချတပ်စွဲထားသည့် တပ်စခန်းတစ်ခုမှ မည်သည့်တိုက်ပွဲဖြစ်ပွားခဲ့ခြင်းမရှိဘဲ လက်နက်ကြီးများဖြင့် တမင်တကာရည်ရွယ်ချက်ရှိရှိဖြင့် အကြိမ် (၁၅) ကြိမ်ခန့် တောက်လျှောက်ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ ထို့ကြောင့် ညောင်ခတ်ကန်(ညောင်ကန်) ကျေးရွာအတွင်းမှ အပြစ်မဲ့အရပ်သား (၄+၁) ဦးပွဲချင်းပြီးသေဆုံးကာ (၁၁) ဦးကျော်မှာ လက်နက်ကြီးစထိမှန်၍ အသေးစား၊ အလတ်စား၊ အပြင်းစားဒဏ်ရာရရှိခဲ့သည်။


လောလောဆယ်သိရှိရသော သတင်းများအရ သေဆုံးသူ (၅) ဦးမှာ ကလေး (၂) ဦး၊ ကျောင်းဆရာမ (၁) ဦး နှင့် ပုဇွန်ကန်လုပ်သား (၁)ဦး၊ အမျိုးသမီး (၁) ဦးတို့ဖြစ်ကြသည်။ ထိုသူတို့မှာ-


(၁) ဦးချမ်းငြိမ်းသူ (ပုဇွန်ကန်လုပ်)၊ အသက် (၂၅) နှစ်၊ အဘအမည်-ဦးအောင်ကျော်ထင်၊ နေရပ်- ပေါက်တူးတောင်ကျေးရွာ။


(၂) ဒေါ်မိုးသဇင် (ကျောင်းဆရာမ) အသက် (၂၉) နှစ်၊ အဘအမည်-ဦးချမ်း၊ နေရပ်- ညောင်ကန်ကျေးရွာ။


(၃) မောင်သူရအောင် (ကျောင်းသား-ပထမတန်း၊ အသက် (၇) နှစ်၊ အဘအမည်-ဦးဖြူသီးချေ၊ နေရပ်- ညောင်ကန်ကျေးရွာ။


(၄) မသူသူဟိန်း (ကျောင်းသူ-ပထမတန်း)၊ အသက် (၇) နှစ်၊ အဘအမည်- ဦးလင်းဝင်းဇော်၊ ညောင်ကန်ကျေးရွာတို့ (၄) ဦးမှာ လက်နက်ကြီးထိမှန်ပြီး ပွဲချင်းပြီးသေဆုံးခဲ့သည်။


အခြားတစ်ဦးဖြစ်သော မနှင်းယုလှိုင်၊ အသက် (၂၂) မှာ လက်နက်ကြီးအစ ဦးခေါင်းကိုထိမှန်သောဒဏ်ရာဖြင့် ကမ်းထောင်းကြီး၊ တိုက်နယ်ဆေးရုံတွင် သေဆုံးခဲ့ရသည်။ ဒဏ်ရာရရှိသူအရေအတွက်မှာ (၁၁) ဦး နှင့် အထက်ရှိခဲ့သည်။ ဒဏ်ရာရရှိသူများစာရင်းအား ဇယားဖြင့်ဖော်ပြထားပါသည်။


ထို့အပြင် ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ (၆) ရက်နေ့တွင်လည်းရသေ့တောင်မြို့နယ်၊ ကျောက်ရံသာစည်ရွာအတွင်းသို့ မညင်းတောင်ကျေးရွာအနီးရှိ မြန်မာ့တပ်မတော်မှ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် လူနေအိမ်အချို့ နှင့် ဝက်၊ ကြက် တိရစ္ဆာန်အချို့အား ထိမှန်၍ ပျက်စီးမှု၊ သေဆုံးဒဏ်ရာရမှုများရှိခဲ့သည်။


သတင်းနှင့်ပြန်ကြားရေး

ရက္ခိုင့်တပ်တော်

650 views
bottom of page