top of page

ျမန္မာစစ္သားမ်ားထဲမွက်န္းမာေရးခ်ိဳ႕ယြင္းသူ ၃ဦးအားျပန္လည္လႊတ္ေပးလိုက္ၿပီျဖစ္ေၾကာင္းသတင္းထုတ္ျပန္ခ်က္


ရခိုင္ေဒသတိုက္ပြဲမ်ားအတြင္းဖမ္းဆီးရမိသည့္

ျမန္မာ့တပ္မေတာ္သားမ်ားထဲမွ က်န္းမာေရးခ်ိဳ႕ယြင္းေနသူ(၃) ဦးအား ျပန္လည္လႊတ္ေပးလိုက္ၿပီျဖစ္ေၾကာင္း သတင္းထုတ္ျပန္ခ်က္


၂၀၂၁ ခုႏွစ္၊ ဇန္နဝါရီလ(၁) ရက္



ree

ree


ျမန္မာ့တပ္မေတာ္ ႏွင့္ ရကၡိဳင့္တပ္ေတာ္တို႔သည္ ရခိုင္ေဒသ၊ ပလက္ဝေဒသမ်ား၌ ႏွစ္ႏွစ္ေက်ာ္ တိုက္ပြဲျဖစ္ပြားခဲ့သည္။ တိုက္ပြဲမ်ားအတြင္း ျမန္မာ့တပ္မေတာ္၏တပ္ဖြဲ႕ဝင္မ်ားကို ရကၡိဳင့္တပ္ေတာ္မွ လက္ရဖမ္းဆီးခဲ့သည့္ အႀကိမ္ေပါင္းမ်ားစြာရွိခဲ့သည္။ မိမိတို႔ဖမ္းဆီးရမိသည့္သုံ႔ပန္းမ်ား ႏွင့္ အေျခအေနအမ်ိဳးမ်ိဳးေအာက္တြင္ျမန္မာ့တပ္မေတာ္၏ ဖမ္းဆီးထားျခင္းခံေနရေသာ မိမိတို႔ အာရကၡစစ္သည္ေတာ္အခ်ိဳ႕တို႔အား "သုံ႔ပန္းခ်င္းလဲလွယ္ရန္" ထုတ္ျပန္ေၾကညာခ်က္မ်ားထုတ္၍အႀကိမ္ႀကိမ္ကမ္းလွမ္းခဲ့ဖူးသည္။


တစ္ၿပိဳင္နက္တည္းတြင္ မိမိတို႔ဖမ္းဆီးရမိထားသည့္ ျမန္မာ့တပ္မေတာ္သားမ်ားထဲမွ အသက္အရြယ္ႀကီးရင့္ေနၿပီး နဂိုက်န္းမာေရးယိုယြင္းေနေသာသူမ်ား၊ ႏွစ္ဖက္တိုက္ပြဲမ်ားအတြင္းရရွိလာေသာ ျပင္းထန္ဒဏ္ရာမ်ားပိုမိုဆိုးဝါးလာေနသူမ်ား ႏွင့္ မိမိတို႔ထံတြင္ရွိေသာေဆးဝါးမ်ားျဖင့္ကုသ၍မရနိုင္သည့္ေရာဂါျပင္းရွိသူမ်ားအား လူသားခ်င္းစာနာေထာက္ထားေသာအားျဖင့္ အႀကိမ္ႀကိမ္ျပန္လည္ လႊတ္ေပးခဲ့ၿပီးျဖစ္ပါသည္။


၂၀၂၀ ေ႐ြးေကာက္ပြဲအၿပီးတြင္ ျမန္မာ့တပ္မေတာ္ ႏွင့္ ရကၡိဳင့္တပ္ေတာ္တို႔သည္ ရခိုင္ေဒသအတြင္း ေ႐ြးေကာက္ပြဲမက်င္းပရေသးေသာၿမိဳ႕နယ္မ်ား၌ ဆက္စပ္ေ႐ြးေကာက္ပြဲ ကို ၂၀၂၁ ခုႏွစ္၊ ဇန္နဝါရီလအတြင္းျပန္လည္က်င္းပႏိုင္ရန္ ဝျပည္၊ပန္ဆန္း၌ လူခ်င္းေတြ႕၍လည္းေကာင္း၊ အင္တာနက္ Online ျဖင့္လည္းေကာင္း ေျပာဆိုေဆြးေႏြးခဲ့ၾကပါသည္။


ေျပာဆိုေဆြးေႏြးပြဲမ်ားေၾကာင့္ တိုးတက္မႈရလဒ္အေနျဖင့္ ၂၀၂၁ ခုႏွစ္၊ ဇန္နဝါရီလ(၁) ရက္၊ နံနက္(၉) နာရီ(၃၀) မိနစ္တြင္ မိမိတို႔ဖမ္းဆီးရမိထားေသာျမန္မာ့တပ္မေတာ္သား(၃) ဦးအား ပလက္ဝၿမိဳ႕နယ္၊ အထက္ပီ႐ြာအနီး၌ ျမန္မာ့တပ္မေတာ္၏ တပ္မ(၇၇) လက္ေအာက္ခံ၊ ခမရ(၈) မွ ဒုရင္းမႉး ၊ ဗိုလ္မႉးေက်ာ္မင္းျမတ္ ဦးေဆာင္ေသာ လက္ခံေရးအဖြဲ႕လက္ထဲသို႔ ရကၡိဳင့္တပ္ေတာ္ လႊဲေျပာင္းေရးအဖြဲ႕မွ ေကာင္းမြန္စြာလႊဲေျပာင္းေပးအပ္ခဲ့ပါသည္။


အဆိုပါ က်န္းမာေရးခ်ိဳ႕ယြင္းေနေသာသူ(၃) ဦးမွာ-

(၁) အရာခံဗိုလ္ ဦးျမင့္ေအာင္

ကပ/၆၉၂၁၈ရ


(၂) တပ္သား နန္းဝင္းေမာင္

က/၄၀၄၈၉၄


(၃) တပ္သား ေဝလင္းေအာင္

က/၄၈၁၅၀၈


တို႔ျဖစ္ၾကၿပီးတပ္မ(၇၇) လက္ေအာက္ခံ၊ေမွာ္ဘီအေျခစိုက္ခမရ(၃၁၃) တပ္ရင္းမွျဖစ္ၿပီး ၂၀၁၉ ခုႏွစ္၊ ႏိုဝင္ဘာလ(၁၉) ရက္ေန႔၌ ပလက္ဝၿမိဳ႕နယ္၊ "ပကာဝ႐ြာ"၏ အေနာက္ေတာင္ဖက္(၃.၇) ကီလိုမီတာအကြာအေဝး(သို႔မဟုတ္)ကာမေခ်ာင္း(ေဒသအေခၚ -ကာရမေခ်ာင္း) အေနာက္ဖက္ရွိ ေတာင္တန္းေပၚ၌ (တနည္းအားျဖင့္) ပလက္ဝၿမိဳ႕နယ္၊ ပုန္းညက္ဝ႐ြာအနီးျဖစ္ပြားခဲ့ေသာတိုက္ပြဲအတြင္း ရကၡိဳင့္တပ္ေတာ္မွ လက္ရဖမ္းဆီးရမိခဲ့သူမ်ားျဖစ္ၾကသည္။ ၎တိုက္ပြဲအတြင္း ခမရ(၃၁၃) မွ အရာရွိတစ္ဦးအပါအဝင္ တပ္ဖြဲ႕ဝင္(၁၃) ဦးအား ရကၡိဳင့္တပ္ေတာ္မွ လက္ရဖမ္းဆီးရမိခဲ့သည္။


ယခင္ကာလမ်ားကလည္း အဆိုပါ(၁၃) ဦးထဲမွ အသက္အ႐ြယ္ႀကီးရင့္ကာနဂိုက်န္းမာေရးအားနည္းသူႏွစ္ဦးျဖစ္ေသာ တပ္ၾကပ္-ဦးေမာင္ေထြး (ကိုယ္ပိုင္အမွတ္- တ/၉၂၁၅၀၄)၊ အသက္(၄၉) ႏွစ္ ႏွင့္ တပ္ၾကပ္-ဦးေဇာ္ေဇာ္( ကိုယ္ပိုင္အမွတ္-တ/၂၆၀၀၆၂)၊ အသက္(၅၃ ) ႏွစ္ တို႔အား လူသားခ်င္းစာနာေထာက္ထားေသာအားျဖင့္ ၂၀၂၀ ျပည့္ႏွစ္၊ ဇန္နဝါရီလ(၂၈) ရက္ေန႔၌ ပလက္ဝၿမိဳ႕နယ္၊ ကင္းတလင္း႐ြာ၌ ေကာင္းမြန္စြာျပန္လည္လႊတ္ေပးခဲ့ဖူးသည္။


မိမိတို႔အေနျဖင့္ ယေန႔တြင္ က်န္းမာေရးယိုယြင္းေနေသာျမန္မာ့တပ္မေတာ္သား(၁၀) ဦးခန႔္အား ျပန္လည္လႊတ္ေပးရန္ ဆႏၵရွိေသာ္လည္း လမ္းပန္းဆက္သြယ္ေရး အခက္အခဲ၊ စီစဥ္ရန္ရက္နည္းျခင္း တို႔ေၾကာင့္ (၃) ဦးကိုသာျပန္လည္လႊတ္ေပးႏိုင္ခဲ့သည္။


ထို႔အတူ ေတာင္ကုတ္ NLD အဖြဲ႕ဝင္မ်ားျဖစ္ၾကေသာ ဦးမင္းေအာင္၊ ေဒၚနီနီေမျမင့္ ႏွင့္ ေဒၚခ်စ္ခ်စ္ေခ်ာတို႔(၃) ဦးအား ULA/AA မွလိုအပ္ေသာစစ္ေဆးမႈမ်ားျပဳလုပ္ၿပီးေနာက္ ျမန္မာ့တပ္မေတာ္၏ ဗိုလ္မႉးခ်ဳပ္ စိုးတင့္ ဦးေဆာင္ေသာ လက္ခံေရးအဖြဲ႕ထံသို႔ေကာင္းမြန္စြာ လႊဲေျပာင္းေပးအပ္ခဲ့သည္။


ရကၡိဳင္အမ်ိဳးသားအဖြဲ႕ခ်ဳပ္/ ရကၡိဳင့္တပ္ေတာ္အေနျဖင့္ အမွတ္(၁/၂၀၂၁) အားထုတ္ျပန္ၿပီး မိမိတို႔အဖြဲ႕အစည္း ႏွင့္ ရခိုင္ျပည္သူလူထုတစ္ရပ္လုံး၏သေဘာထားကို ယေန႔ထုတ္ျပန္၍ အသိေပးခဲ့ၿပီးျဖစ္ပါသည္။ႏွစ္ဖက္အျပန္အလွန္ယုံၾကည္မႈကိုတည္ေဆာက္ေနစဥ္ကာလအတြင္း လက္ရွိရရွိထားေသာတည္ၿငိမ္မႈကို ထိန္းသိမ္းၿပီး ဆက္လက္တိုးတက္ေကာင္းမြန္ေသာအေ႐ြ႕ႏွင့္အတူ ႏိုင္ငံေရးျပႆနာမ်ားကို ႏိုင္ငံေရးအရေတြ႕ဆုံေဆြးေႏြးအေျဖရွာႏိုင္လိမ့္မည္ဟုရွဳျမင္ယံုၾကည္သည္ ။



သတင္းႏွင့္ျပန္ၾကားေရး

ရကၡိဳင့္တပ္ေတာ္





ရခိုင်ဒေသတိုက်ပွဲများအတွင်းဖမ်းဆီးရမိသည့်

မြန်မာ့တပ်မတော်သားများထဲမှ ကျန်းမာရေးချို့ယွင်းနေသူ(၃) ဦးအား ပြန်လည်လွှတ်ပေးလိုက်ပြီဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်


၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ(၁) ရက်


မြန်မာ့တပ်မတော် နှင့် ရက္ခိုင့်တပ်တော်တို့သည် ရခိုင်ဒေသ၊ ပလက်ဝဒေသများ၌ နှစ်နှစ်ကျော် တိုက်ပွဲဖြစ်ပွားခဲ့သည်။ တိုက်ပွဲများအတွင်း မြန်မာ့တပ်မတော်၏တပ်ဖွဲ့ဝင်များကို ရက္ခိုင့်တပ်တော်မှ လက်ရဖမ်းဆီးခဲ့သည့် အကြိမ်ပေါင်းများစွာရှိခဲ့သည်။ မိမိတို့ဖမ်းဆီးရမိသည့်သုံ့ပန်းများ နှင့် အခြေအနေအမျိုးမျိုးအောက်တွင်မြန်မာ့တပ်မတော်၏ ဖမ်းဆီးထားခြင်းခံနေရသော မိမိတို့ အာရက္ခစစ်သည်တော်အချို့တို့အား "သုံ့ပန်းချင်းလဲလှယ်ရန်" ထုတ်ပြန်ကြေညာချက်များထုတ်၍အကြိမ်ကြိမ်ကမ်းလှမ်းခဲ့ဖူးသည်။


တစ်ပြိုင်နက်တည်းတွင် မိမိတို့ဖမ်းဆီးရမိထားသည့် မြန်မာ့တပ်မတော်သားများထဲမှ အသက်အရွယ်ကြီးရင့်နေပြီး နဂိုကျန်းမာရေးယိုယွင်းနေသောသူများ၊ နှစ်ဖက်တိုက်ပွဲများအတွင်းရရှိလာသော ပြင်းထန်ဒဏ်ရာများပိုမိုဆိုးဝါးလာနေသူများ နှင့် မိမိတို့ထံတွင်ရှိသောဆေးဝါးများဖြင့်ကုသ၍မရနိုင်သည့်ရောဂါပြင်းရှိသူများအား လူသားချင်းစာနာထောက်ထားသောအားဖြင့် အကြိမ်ကြိမ်ပြန်လည် လွှတ်ပေးခဲ့ပြီးဖြစ်ပါသည်။


၂၀၂၀ ရွေးကောက်ပွဲအပြီးတွင် မြန်မာ့တပ်မတော် နှင့် ရက္ခိုင့်တပ်တော်တို့သည် ရခိုင်ဒေသအတွင်း ရွေးကောက်ပွဲမကျင်းပရသေးသောမြို့နယ်များ၌ ဆက်စပ်ရွေးကောက်ပွဲ ကို ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလအတွင်းပြန်လည်ကျင်းပနိုင်ရန် ဝပြည်၊ပန်ဆန်း၌ လူချင်းတွေ့၍လည်းကောင်း၊ အင်တာနက် Online ဖြင့်လည်းကောင်း ပြောဆိုဆွေးနွေးခဲ့ကြပါသည်။


ပြောဆိုဆွေးနွေးပွဲများကြောင့် တိုးတက်မှုရလဒ်အနေဖြင့် ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ(၁) ရက်၊ နံနက်(၉) နာရီ(၃၀) မိနစ်တွင် မိမိတို့ဖမ်းဆီးရမိထားသောမြန်မာ့တပ်မတော်သား(၃) ဦးအား ပလက်ဝမြို့နယ်၊ အထက်ပီရွာအနီး၌ မြန်မာ့တပ်မတော်၏ တပ်မ(၇၇) လက်အောက်ခံ၊ ခမရ(၈) မှ ဒုရင်းမှူး ၊ ဗိုလ်မှူးကျော်မင်းမြတ် ဦးဆောင်သော လက်ခံရေးအဖွဲ့လက်ထဲသို့ ရက္ခိုင့်တပ်တော် လွှဲပြောင်းရေးအဖွဲ့မှ ကောင်းမွန်စွာလွှဲပြောင်းပေးအပ်ခဲ့ပါသည်။


အဆိုပါ ကျန်းမာရေးချို့ယွင်းနေသောသူ(၃) ဦးမှာ-

(၁) အရာခံဗိုလ် ဦးမြင့်အောင်

ကပ/၆၉၂၁၈ရ


(၂) တပ်သား နန်းဝင်းမောင်

က/၄၀၄၈၉၄


(၃) တပ်သား ဝေလင်းအောင်

က/၄၈၁၅၀၈


တို့ဖြစ်ကြပြီးတပ်မ(၇၇) လက်အောက်ခံ၊မှော်ဘီအခြေစိုက်ခမရ(၃၁၃) တပ်ရင်းမှဖြစ်ပြီး ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ(၁၉) ရက်နေ့၌ ပလက်ဝမြို့နယ်၊ "ပကာဝရွာ"၏ အနောက်တောင်ဖက်(၃.၇) ကီလိုမီတာအကွာအဝေး(သို့မဟုတ်)ကာမချောင်း(ဒေသအခေါ် -ကာရမချောင်း) အနောက်ဖက်ရှိ တောင်တန်းပေါ်၌ (တနည်းအားဖြင့်) ပလက်ဝမြို့နယ်၊ ပုန်းညက်ဝရွာအနီးဖြစ်ပွားခဲ့သောတိုက်ပွဲအတွင်း ရက္ခိုင့်တပ်တော်မှ လက်ရဖမ်းဆီးရမိခဲ့သူများဖြစ်ကြသည်။ ၎င်းတိုက်ပွဲအတွင်း ခမရ(၃၁၃) မှ အရာရှိတစ်ဦးအပါအဝင် တပ်ဖွဲ့ဝင်(၁၃) ဦးအား ရက္ခိုင့်တပ်တော်မှ လက်ရဖမ်းဆီးရမိခဲ့သည်။


ယခင်ကာလများကလည်း အဆိုပါ(၁၃) ဦးထဲမှ အသက်အရွယ်ကြီးရင့်ကာနဂိုကျန်းမာရေးအားနည်းသူနှစ်ဦးဖြစ်သော တပ်ကြပ်-ဦးမောင်ထွေး (ကိုယ်ပိုင်အမှတ်- တ/၉၂၁၅၀၄)၊ အသက်(၄၉) နှစ် နှင့် တပ်ကြပ်-ဦးဇော်ဇော်( ကိုယ်ပိုင်အမှတ်-တ/၂၆၀၀၆၂)၊ အသက်(၅၃ ) နှစ် တို့အား လူသားချင်းစာနာထောက်ထားသောအားဖြင့် ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ(၂၈) ရက်နေ့၌ ပလက်ဝမြို့နယ်၊ ကင်းတလင်းရွာ၌ ကောင်းမွန်စွာပြန်လည်လွှတ်ပေးခဲ့ဖူးသည်။


မိမိတို့အနေဖြင့် ယနေ့တွင် ကျန်းမာရေးယိုယွင်းနေသောမြန်မာ့တပ်မတော်သား(၁၀) ဦးခန့်အား ပြန်လည်လွှတ်ပေးရန် ဆန္ဒရှိသော်လည်း လမ်းပန်းဆက်သွယ်ရေး အခက်အခဲ၊ စီစဉ်ရန်ရက်နည်းခြင်း တို့ကြောင့် (၃) ဦးကိုသာပြန်လည်လွှတ်ပေးနိုင်ခဲ့သည်။


ထို့အတူ တောင်ကုတ် NLD အဖွဲ့ဝင်များဖြစ်ကြသော ဦးမင်းအောင်၊ ဒေါ်နီနီမေမြင့် နှင့် ဒေါ်ချစ်ချစ်ချောတို့(၃) ဦးအား ULA/AA မှလိုအပ်သောစစ်ဆေးမှုများပြုလုပ်ပြီးနောက် မြန်မာ့တပ်မတော်၏ ဗိုလ်မှူးချုပ် စိုးတင့် ဦးဆောင်သော လက်ခံရေးအဖွဲ့ထံသို့ကောင်းမွန်စွာ လွှဲပြောင်းပေးအပ်ခဲ့သည်။


ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ ရက္ခိုင့်တပ်တော်အနေဖြင့် အမှတ်(၁/၂၀၂၁) အားထုတ်ပြန်ပြီး မိမိတို့အဖွဲ့အစည်း နှင့် ရခိုင်ပြည်သူလူထုတစ်ရပ်လုံး၏သဘောထားကို ယနေ့ထုတ်ပြန်၍ အသိပေးခဲ့ပြီးဖြစ်ပါသည်။နှစ်ဖက်အပြန်အလှန်ယုံကြည်မှုကိုတည်ဆောက်နေစဉ်ကာလအတွင်း လက်ရှိရရှိထားသောတည်ငြိမ်မှုကို ထိန်းသိမ်းပြီး ဆက်လက်တိုးတက်ကောင်းမွန်သောအရွေ့နှင့်အတူ နိုင်ငံရေးပြဿနာများကို နိုင်ငံရေးအရတွေ့ဆုံဆွေးနွေးအဖြေရှာနိုင်လိမ့်မည်ဟုရှုမြင်ယုံကြည်သည် ။




သတင်းနှင့်ပြန်ကြားရေး

ရက္ခိုင့်တပ်တော်

Recent Posts

See All

Comments


  • Telegram-White
  • YouTube
  • Vkontakte
  • Twitter

Copyright © 2020 Arakan Army

bottom of page