top of page

မင်းပြားမြို့၊သာဒါရွာအားSACမှဗုံးကြဲတိုက်ခိုက်မှုကြောင့်သေဆုံးသူ(၂၂)ဦးနှင့်ဒဏ်ရာရရှိသူ(၂၉)ဦးအထိရှိ


ree


ree


ree


ree


ree


ree


ree


ree


ree


ree


ree


ree


ree


ree


ree


ree


ree


ree


ree


ree


ree


ree


ree


ree


ree


ree



ree



ree



ree



ree


မင်းပြားမြို့နယ်၊ သာဒါ (မူဆလင်) ကျေးရွာအား အကြမ်းဖက်စစ်ကောင်စီမှ ဂျက်တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည့် ဖြစ်စဉ်အတွင်း သေဆုံးသူ (၂၂) ဦး နှင့် ထိခိုက်ဒဏ်ရာရသူ (၂၉) ဦးအထိရှိ


၂၀၂၄ ခုနှစ်၊ မတ်လ (၁၉) ရက်


၂၀၂၄ ခုနှစ်၊ မတ်လ (၁၈) ရက်နေ့၊ နံနက် (၁) နာရီ (၃၂) မိနစ်အချိန်တွင် မင်းပြားမြို့နယ်၊ သာဒါ (မူဆလင်) ကျေးရွာအား ဖက်ဆစ်အကြမ်းဖက်စစ်ကောင်စီမှ ဂျက်တိုက်လေယာဉ် (၁) စီးဖြင့်လာရောက် ဗုံးကြဲတိုက်ခိုက်မှုကြောင့် အပြစ်မဲ့ ပြည်သူ (၂၁) ဦး မှာ ဗုံးထိမှန်၍ ၎င်းနေရာတွင်ပင် ပွဲချင်းပြီးသေဆုံးခဲ့ပြီး (၃၀) ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့သည်။ ဒဏ်ရာရရှိသွားသော အပြစ်မဲ့ပြည်သူ (၃၀) ဦးအား ULA/AA ဆေးတပ်ဖွဲ့ဝင်များမှ ဆေးကုသပေးလျက်ရှိရာ ၎င်းဒဏ်ရာရရှိသူများထဲမှ တစ်ဦးမှာ ၂၀၂၄ ခုနှစ်၊ မတ်လ (၁၉) ရက်နေ့တွင် ထပ်မံသေဆုံးခဲ့သည်။


အကြမ်းဖက်စစ်ကောင်စီ၏ ဗုံးဆံကြောင့် သေဆုံးသွားသူများမှာ သာဒါ (မူဆလင်) ရွာမှ (၁၀) ဦးဖြစ်ပြီး အခြားသောသူများမှာ သာဒါရွာသို့ စစ်ဘေးလာရှောင်နေကြသော ဆင်ကြီးပြင် (မူဆလင်) ရွာမှ (၁၂) ဦးတို့ ဖြစ်သည်။


အကြမ်းဖက်စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် သာဒါရွာမှ ပြည်သူတို့၏ နေအိမ် (၆) လုံး ပျက်စီးသွားခဲ့သည်။ နွားတစ်ကောင်သေဆုံးကာ အခြားနွားတစ်ကောင်ဒဏ်ရာရရှိခဲ့သည်။


ရက္ခိုင်ဒေသ၌ စစ်ပွဲတိုင်းတွင် ရှုံးနိမ့်ကာ အရှက်ရ ဒေါသထွက်နေသော စစ်ရှုံးစစ်ကောင်စီသည် မြို့ရွာများရှိ အပြစ်မဲ့ပြည်သူလူထု၏ နေအိမ်များ၊ စစ်ဘေးရှောင်နေရာများ အပြင် စာသင်ကျောင်းများ၊ ဆေးရုံဆေးခန်းများ၊ သမိုင်းဝင်ရှေးဟောင်းအမွေအနှစ်များ၊ သာသနိကအဆောက်အအုံများ၊ မြို့ရွာများရှိ ဈေးများ နှင့် လမ်းတံတားများကို လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်း၊ စစ်သင်္ဘောများပေါ်မှ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းနှင့် ၎င်းတို့၏ တပ်စခန်းများ၊ လက်နက်ကြီးစခန်းများမှ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းတို့ကို တစ်ရက်ထက်တစ်ရက် မိုက်ရူးရဲဆန်စွာ ပိုမိုပြုလုပ်လျက်ရှိသည်။


အကြမ်းဖက်စစ်ကောင်စီ၏ ယခုကဲ့သို့ လူမျိုးရေးအမုန်းတရားများကို အခြေခံပြီး စစ်ရေးပစ်မှတ်မဟုတ်သော အပြစ်မဲ့ပြည်သူများအား အစုလိုက်အပြုံလိုက် နေ့စဉ်တိုက်ခိုက် သတ်ဖြတ်နေခြင်းမှာ လူသားမျိုးနွယ်အပေါ် ပြစ်မှုကျူးလွန်ခြင်းနှင့် စစ်ရာဇဝတ်မှုများကို ပြောင်ပြောင်တင်းတင်း ကျူးလွန်နေခြင်းပင်ဖြစ်သည်။ ပြည်သူလူထု၏ အသက်၊ အိုးအိမ်၊ စည်းစိမ်များနှင့် လူမှုဘဝလုံခြုံမှုကို နေစဉ်နှင့်အမျှ ခြိမ်းခြောက်နေသောလုပ်ရပ်များ နှင့် ပြည်သူများကို နေ့စဉ်သတ်ဖြတ်နေသော လုပ်ရပ်များမှာ မြန်မာနိုင်ငံအနှံ့ စစ်ကောင်စီ၏ နေ့စဉ်ကျူးလွန်နေသော မရိုးနိုင်သော လုပ်ရပ်များပင်ဖြစ်ကာ လွန်စွာမှ သိက္ခာမဲ့သောလုပ်ရပ်များပင်သည်။

 

(ဓါတ်ပုံ - ၂၀၂၄ ခုနှစ်၊ မတ်လ (၁၈) ရက်နေ့၊ နံနက် (၁) နာရီ (၃၂) မိနစ်အချိန်တွင် မင်းပြားမြို့နယ်၊ သာဒါ (မူဆလင်) ကျေးရွာအား ဖက်ဆစ်အကြမ်းဖက်စစ်ကောင်စီမှ ဂျက်တိုက်လေယာဉ်ဖြင့်လာရောက် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပြည်သူများသေဆုံးမှုနှင့် အိုးအိမ်များပျက်စီးသွားမှုမြင်ကွင်းများ)


March 19, 2024

Comments


  • Telegram-White
  • YouTube
  • Vkontakte
  • Twitter

Copyright © 2020 Arakan Army

bottom of page