top of page

မြန်မာ-ထိုင်း နယ်စပ်ရှိ ရက္ခိုင့်တပ်တော်၏ စခန်းတစ်ခုအား စစ်ကောင်စီတပ်၏ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်

  • Jul 4, 2022
  • 1 min read
မြန်မာ-ထိုင်း နယ်စပ်ရှိ ရက္ခိုင့်တပ်တော်၏ တပ်စခန်းတစ်ခုအား စစ်ကောင်စီတပ်၏ လေကြောင်းမှ ဗုံးကြဲ တိုက်ခိုက်မှုကြောင့် မိမိတို့တပ်ဖွဲ့ဝင်အချို့ ကျဆုံး၊ ဒဏ်ရာရရှိမှုရှိခဲ့ပြီး ဆေးရုံဆေးခန်း၊ စက်ချုပ်စက်ရုံ အပါအဝင် အဆောက်အအုံအချို့ ပျက်စီးဆုံးရှုံးခဲ့

၂၀၂၂ ခုနှစ်၊ ဇူလိုင်လ (၄) ရက်


၂၀၂၂ ခုနှစ်၊ ဇူလိုင်လ (၄) ရက်နေ့၊ နေ့လယ် (၁၂) နာရီ (၂၅) မိနစ်အချိန်တွင် မြန်မာ-ထိုင်းနယ်စပ်အနီး၊ ကရင်ပြည်၊ KNLA တပ်မဟာ (၅) ဧရိယာထဲရှိ ရက္ခိုင့်တပ်တော်၊ တပ်စခန်းတစ်ခုအား စစ်ကောင်စီတပ်၏ ဂျက်တိုက်လေယာဉ် (၂) စီးဖြင့် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် ၎င်းစခန်းအနီး ပတ်ဝန်းကျင်ရှိ မိမိတို့ တပ်ဖွဲ့ဝင်အချို့ ကျဆုံး၊ ထိခိုက်ဒဏ်ရာရရှိမှုများရှိခဲ့သည်။


ထို့အပြင် ၎င်းစခန်းအတွင်းရှိ ဆေးရုံ၊ ဆေးခန်း၊ စက်ချုပ်စက်ရုံအပါအဝင် အဆောက်အအုံအချို့ ပျက်စီး ဆုံးရှုံးခဲ့သည်။ စစ်ကောင်စီ၏ အဆိုပါ ဂျက်တိုက်လေယာဉ် (၂) စီးသည် နယ်စပ်အနီးရှိ မိမိတို့၏တပ်စခန်းအား မြန်မာဖက်(ကရင်ပြည်ထဲ)မှ ရုတ်တရက် ဗုံးကြဲတိုက်ခိုက်ပြီးနောက် ထိုင်းနိုင်ငံလေပိုင်နက်အတွင်းသို့ ဝင်ရောက်သွား ခဲ့သည်။


သတင်းနှင့်ပြန်ကြားရေး

ရက္ခိုင့်တပ်တော်




Recent Posts

See All

Comments


  • Telegram-White
  • YouTube
  • Vkontakte
  • Twitter

Copyright © 2020 Arakan Army

bottom of page