top of page

မြောက်ဦးဆေးရုံအားဗုံးကြဲတိုက်ခိုက်ပြီး နောက်ရက်၌ပင် ကျောက်ဖြူမြို့နယ်၊ ငလုံးစု ကျေးရွာအတွင်းသို့ ဖက်ဆစ်အကြမ်းဖက်စစ်ကောင်စီမှ ဂျက်ဖိုက်တာတစ်စီးဖြင့် ထပ်မံ ဗုံးကြဲတိုက်ခိုက်

ree

မြောက်ဦးဆေးရုံအားဗုံးကြဲတိုက်ခိုက်ပြီး နောက်ရက်၌ပင် ကျောက်ဖြူမြို့နယ်၊ ငလုံးစုကျေးရွာအတွင်းသို့ ဖက်ဆစ် အကြမ်းဖက်စစ်ကောင်စီမှ ဂျက်ဖိုက်တာတစ်စီးဖြင့် ထပ်မံ ဗုံးကြဲတိုက်ခိုက်

 

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ (၁၂) ရက်

 

အာရက္ခပြည်၊ ကျောက်ဖြူခရိုင် ကျောက်ဖြူမြို့နယ်၊ င/လုံးစု အထက်ရွာနှင့် အောက်ရွာအတွင်းသို့ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ (၁၁) ရက်၊ ညနေ (၇) နာရီ (၃၄) မိနစ်တွင် မြောက်ဦးဆေးရုံအား ဗုံးကြဲသည့်နည်းတူ ဖက်ဆစ် အကြမ်းဖက်စစ်ကောင်စီ၏ ဂျက်တိုက်လေယာဉ်တစ်စီးပေါ်မှ ဗုံး (၂) လုံး ကြဲချ တိုက်ခိုက်ခဲ့ကာ စစ်ရာဇဝတ်မှုကို ထပ်မံကျူးလွန်ခဲ့သည်။

 

စစ်ကော်မရှင်၏ အရပ်သားပြည်သူများအပါ် ဤကဲ့သို့ လေကြောင်းမှတိုက်ခိုက်ကာ စစ်ရာဇဝတ်ကျူးလွန်မှုကြောင့် င/လုံးစု အထက်ရွာနှင့် အောက်ရွာအတွင်းမှ အပြစ်မဲ့အရပ်သားပြည်သူ ကျား+မ စုစုပေါင်း (၈) ဦး သေဆုံးခဲ့ပြီး ကျား + မ စုစုပေါင်း (၁၀) ဦးခန့်ဒဏ်ရာရရှိထားကြောင်း ကနဦးသတင်းအရသိရှိရသည်။

 

သတင်းနှင့်ပြန်ကြားရေး

အာရက္ခတပ်တော်


Recent Posts

See All
🚨 #Breakingnews

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ (၁၂) ရက် ၊ ည (၉) နာရီခန့်မှစတင်ပြီး ဖက်ဆစ် အကြမ်းဖက် စစ်ကောင်စီသည် လေကြောင်းမှ Cluster ဗုံးအပါအဝင် ရော့ကတ်များဖြင့်တိုက်ခိုက်ခြင်းများကို ပြုလုပ်လျက်ရှိသည်။   (၁) ပုဏ္ဏားကျွန်းမြ

 
 
 

Comments


  • Telegram-White
  • YouTube
  • Vkontakte
  • Twitter

Copyright © 2020 Arakan Army

bottom of page