top of page
ပုဏ္ဏားကျွန်းမြို့နယ်၊ ကျောက်ဆိပ်ရွာမှ ရွာသူ/ရွာသား(၃၈) ဦးအား မြန်မာ့တပ်မတော်မှ ဖမ်းဆီးခေါ်ယူ
Updated: Nov 12, 2020
ree
၂၀၂၀ ပြည့်နှစ်၊ ဧပြီလ(၁၉) ရက်၊ တနင်္ဂနွေနေ့။ ၂၀၂၀ ပြည့်နှစ်၊ ဧပြီလ(၁၉) ရက်၊ နံနက်(၁၁) နာရီ(၃၀) မိနစ်အချိန်တွင် ရခိုင်ပြည်၊ပုဏ္ဏားကျွန်းမြို့နယ်၊ ကျောက်ဆိပ်ရွာမှ ရွာသူ/ရွာသား(၃၈) ဦးအား မြန်မာ့တပ်မတော်မှ ဖမ်းဆီးခေါ်ဆောင်သွားသည့်အပြင်ကျေးရွာအတွင်းရှိ အိမ်များအား မွှေနှောက်ရှာဖွေခြင်း၊ ပိုင်ရှင်မသိဘဲ ခိုးယူခြင်းတို့အပြင် ဖျက်ဆီးခြင်းတို့ကိုပါ ပြုလုပ်ခဲ့ကြောင်းသိရှိရသည်။ ကျောက်ဆိပ်ရွာသည် လွန်ခဲ့သော ရက်သတ္တပတ်(ဧပြီလ(၁၃) ရက်နေ့၊ နံနက်(၈) နာရီခန့်၌ မြန်မာ့တပ်မတော်၏ ပုဏ္ဏားကျွန်းအခြေစိုက်၊ ခမရ(၅၅၀) မှ မည်သည့်တိုက်ပွဲဖြစ်ပွားခဲ့ခြင်းမရှိဘဲ လက်နက်ကြီး(၁၂၂ မမ) ဖြင့်ပစ်ခတ်တိုက်ခိုက်မှုကြောင့် အပြစ်မဲ့အရပ်သား(၈) ဦးသေဆုံးကာ (၁၃) ဦးဒဏ်ရာရရှိခဲ့သောကျေးရွာဖြစ်သည်။ ကိုရိုနာရောဂါပိုးအား တစ်ကမ္ဘာလုံးရင်ဆိုင်နေကြသည့်အချိန်၊ UN မှ တိုက်ပွဲများရပ်တန့်ကြရန်ပြောဆိုနေသည့်ကြားမှပင် မြန်မာ့တပ်မတော်၏ အရပ်သားပြည်သူလူထုများအပေါ် လူသားမျိုးနွယ်အပေါ်ပြစ်မှုကျူးလွန်ခြင်း နှင့်စစ်ရာဇဝတ်ကျူးလွန်ခဲ့သောလုပ်ရပ်များနှင့်ပတ်သက်၍ နိုင်ငံတကာတရားရုံးမှ စောင့်ကြည့်နေသော်လည်း မြန်မာ့တပ်မတော်သည် အပြစ်မဲ့အရပ်သားပြည်သူလူထုများအား ပစ်မှတ်ထားတိုက်ခိုက်ခြင်း၊ လက်နက်အားကိုးဖြင့် ဖမ်းဆီးခြင်း၊ နှိပ်စက်ခြင်းများကို အတင့်ရဲစွာဆက်လက်ကျူးလွန်လျှက်ရှိသည်။ မိမိတို့ ULA/AA အနေဖြင့် မြန်မာ့တပ်မတော် ၏ ယုတ်မာအောက်တန်းကျသောလုပ်ရပ်များကို မှတ်တမ်းတင်ထားရှိပြီး နိုင်ငံတကာအဖွဲ့အစည်းများထံ အချိန်နှင့်တပြေးညီပေးပို့သွားမည်ဖြစ်ပါသည်။ အသေးစိပ်နောက်ဆက်တွဲများကိုသိရှိရပါက ဆက်လက်တင်ပေးသွားပါမည်။ သတင်း နှင့်ပြန်ကြားရေး ရက္ခိုင့်တပ်တော်
2 Comments
Min Soe
Min Soe
Apr 19, 2020
အချိန် မီ လုပ် အလုပ် သက် သာ
Like
naing min tun
naing min tun
Apr 19, 2020
ကလဲ့စားချေပီးပါ AA ကျောင်းမှန်းကန်မှန်းသိအောင်သတ်ပီးပါ sniper များများသုံးပါ
Like
  • Telegram-White
  • YouTube
  • Vkontakte
  • Twitter
Copyright © 2020 Arakan Army
bottom of page