top of page

ဒုံးညိုစခန်းအား (၂၇) နာရီအတွင်း အပြီးသတ် သိမ်းပိုက်

  • Nov 17, 2023
  • 1 min read




လက်နက်ချအညံ့ခံရန်ပြောထားသော်လည်း အညံ့မခံသော စစ်ကောင်စီ၏ မောင်တောအခြေစိုက် ဒုံးညိုနယ်ခြားစောင့်တပ်စခန်းအား ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၁၆) ရက်၊ နံနက် (၁၀) နာရီခန့်တွင် ရက္ခိုင့်တပ်တော်မှ စတင်ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ရာ ယနေ့ နိုဝင်ဘာလ (၁၇) ရက်၊ နေ့လယ် (၁) နာရီအချိန်တွင် အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ပြီဖြစ်သည်။

 

ရန်သူ့လက်နက်ကြီးပစ်ကူ၊ လေကြောင်းတိုက်ခိုက်မှု၊ မိုးသည်းထန်စွာရွာသွန်းနေသည့်ကြားမှ စခန်းသိမ်းတိုက်ပွဲကို ဆင်နွှဲခြင်းဖြစ်ပြီး သုံ့ပန်း (၁၈) ဦးအား လက်နက် အလက် (၄၀) ၊ ရန်သူ့အလောင်းများစွာနှင့်အတူ စစ်အသုံးအဆောင်ပစ္စည်းများကိုလည်း သိမ်းဆည်းရမိခဲ့သည်။

 

ဤစခန်းသိမ်းတိုက်ပွဲအတွင်း မိမိတို့ဘက်မှ ကျဆုံး၊ ဒဏ်ရာရသူတချိုရှိခဲ့သည်။ စခန်းသိမ်းတိုက်ပွဲအား ဦးဆောင်သူ၊ အကောင်အထည်ဖော် တပ်ဖွဲ့ဝင်များအား လေးနက်စွာ မှတ်တမ်းတင်ဂုဏ်ပြုအပ်ပါသည်။

 

ဆက်လက်၍လည်း လက်နက်ချအညံ့မခံသောစခန်းများကို တစ်ခုပြီးတစ်ခု တိုက်ခိုက်သွားမည်ဖြစ်သည်။

Comments


  • Telegram-White
  • YouTube
  • Vkontakte
  • Twitter

Copyright © 2020 Arakan Army

bottom of page