top of page

စကစနှင့်မူဆလင်လက်နက်ကိုင်များမှ လူသားဒိုင်းကာအဖြစ်ဖမ်းဆီးထားသော ဗိုလ်မှူး(မူဆလင်) ရွာမှ ပြည်သူ ၃၀၀ ခန့်ကို AA မှ ကယ်ထုတ်နေသည့် ရုပ်သံမှတ်တမ်း




အာရက္ခတပ်တော်မှ မောင်တောမြို့ရှိ စစ်ကောင်စီ၏ လက်ကျန်စခန်းများကို ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိသည့် နည်းတူ မောင်တောမြို့သိမ်းတိုက်ပွဲကို ဆင်နွှဲလျက်ရှိသည်။ ထို့ကြောင့် မောင်တောမြို့နှင့် ၎င်းပတ်ဝန်းကျင်အနီး ကျေးရွာများမှ ရွာသူရွာသားများကို တိုက်ပွဲနှင့်လွတ်ရာနေရာများသို့ တိမ်းရှောင်လာကြစေရန် အသိပေးကြေညာ ချက်အား ၂၀၂၄ ခုနှစ်၊ ဇွန်လ (၁၆) ရက် နှင့် ဩဂုတ်လ (၇) ရက်နေ့တို့တွင် အသိပေးထုတ်ပြန်ခဲ့ပြီးဖြစ်ပါသည်။

 

ထို့နောက်တွင် ဖက်ဆစ် စစ်ကောင်စီ၊ လက်နက်ကိုင်မူဆလင်များ၊ အကြမ်းဖက်မူဆလင်အဖွဲ့များသည် မူဆလင် ရွာများမှ ရွာသူရွာသားများကို ထွက်ခွာခွင့်မပြုဘဲ လူသားဒိုင်းကာအဖြစ် အသုံးပြုရန် ခေါ်ဆောင်ထားခဲ့သည်။

 

ရက္ခိုင်ပြည်၊ မောင်တောမြို့နယ်၊ ဗိုလ်မှူး(မူဆလင်)ရွာမှ မူဆလင် သက်ကြီးရွယ်အိုများ၊ အမျိုးသား၊ အမျိုး သမီးများနှင့် ကလေးသူငယ်များကို ဖက်ဆစ် စစ်ကောင်စီနှင့် လက်နက်ကိုင်မူဆလင်များက လူသားဒိုင်းကာအဖြစ် ဖမ်းဆီး ပိတ်လှောင်ထားခြင်းကို ခံနေခဲ့ရသည်။ ထို့အတူ အချို့မှာ စားနပ်ရိက္ခာများပြတ်တောက်ကာ အစာရေစာ ပြတ်လပ်မှုဒဏ်ကို ခံစားခဲ့ရသည်။ ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ (၈) ရက်၊ ကြာသပတေးနေ့၊ နေ့လယ် (၁) နာရီ အချိန်ခန့်တွင် အာရက္ခတပ်တော် (AA) သည် တိုက်ပွဲကြားထဲ ဗိုလ်မှူး(မူဆလင်)ရွာမှ ပြည်သူ (၃၀၀) ခန့်တို့အား ဘေးကင်းလုံခြုံရာနေရာသို့ အောင်မြင်စွာ ကယ်ထုတ်လာခဲ့သည်။

 

သတင်းနှင့်ပြန်ကြားရေး

အာရက္ခတပ်တော်

Comments


  • Telegram-White
  • YouTube
  • Vkontakte
  • Twitter

Copyright © 2020 Arakan Army

bottom of page