top of page

ငါရို့ ဇာခါသင့် မမိ နိုဗမ်ဘာ (၁၉)

  • Nov 19, 2022
  • 1 min read

KIA ဌာနချုပ်နယ်မြီအတွင်းဟိ ဝေကြိုင်ဘွမ်၊ ဗိုလ်သင်တန်းကျောင်း၌ စစ်ပညာသင်ယူနီကတ်သော ရက္ခိုင့်တပ်တော်မှ ဗိုလ်လောင်း (၈) ဦးနန့် အခြားသောတိုင်းရင်းသားတော်လှန်ရီးလက်နက်ကိုင် အဖွဲ့အစည်းအချို့မှ ဗိုလ်လောင်းများအပါအဝင် စုစုပေါင်းဗိုလ်လောင်း (၂၃) ဦးရို့သည် ၂၀၁၄ ခုနှစ်၊ နိုဗမ်ဘာလ (၁၉) ရက်နိတွင် မြန်မာစစ်တပ်မှ လက်နက်ကြီးများဖြင့် အလစ်ငိုက် အကောက်ကြံပစ်ခတ်တိုက်ခိုက်မှုကြောင့် အဆိုပါ ဗိုလ်သင်တန်းကျောင်းဝင်း၌ အသက်ကြွီလွင့်ခရသည်။


ဂနိ ၂၀၂၂ ခုနှစ်၊ နိုဗမ်ဘာလ (၁၉) ရက်နိသည် အဆိုပါဗိုလ်လောင်းများ တိုင်းပြည်နန့် လူမျိုးအတွက် တာဝန်ထမ်းဆောင်ယင်း အသက်ပီးဆပ်ခရသည့်

(၈) နှစ်ပြည့်မြောက်သည့် နိဖြစ်သည်။


အာရက္ခတိုင်းပြည်တည်ဆောက်ရီးနန့် အမျိုးသားလွတ်မြောက်ရီးအတွက် အသက်၊ ခန္ဓာ ပီးဆပ်စွန့်လွှတ်ခရသော အာရက္ခစစ်သည်တော်များနန့် သူရဲကောင်းများကို ဦးညွှတ်အလေးပြုပါသည်။




 
 
 

Comments


  • Telegram-White
  • YouTube
  • Vkontakte
  • Twitter

Copyright © 2020 Arakan Army

bottom of page