top of page

ကျောက်တော်မြို့အတွင်းသို့လက်နက်ကြီးလက်နက်ငယ်ပစ်ခတ်မှုကြောင့်ကျောက်တော်မြို့သူ၊မြို့သားများသေဆုံး၊

Updated: Nov 12, 2020

ree


ကျောက်တော်မြို့အတွင်းသို့ တပ်မ(၅၅) လက်အောက်ခံ၊တပ်ရင်းတစ်ခုမှ လက်နက်ကြီးလက်နက်ငယ်ပစ်ခတ်တိုက်ခိုက်မှုကြောင့် ကျောက်တော်မြို့သူ/မြို့သားများထပ်မံသေဆုံး

၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ(၃) ရက်

ကျောက်တော်မြို့နယ်၊မဟာကံကြီးရှင်ဘုရားတွင်လချီကြာမြင့်စွာစခန်းချနေထိုင်နေသော မြန်မာ့တပ်မတော်၏ တပ်မ (၅၅) မှ အင်အား(၂၃၀) ခန့်ပါ စစ်ကြောင်းတစ်ခုသည် ကျောက်တော်မြို့ထဲကိုလက်နက်ကြီးငယ်များဖြင့် ၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ(၃) ရက်နေ့ နံနက်(၈) နာရီခန့်အချိန်တွင်ပစ်ခတ်သောကြောင့်အရပ်သား(၃)ဦးပြင်းထန်ဒဏ်ရာရပြီးအမျိုးသမီးတစ်ဦးသေဆုံးခဲ့ကြောင်း လတ်တလောသတင်းများအရသိရှိရသည်။

သေဆုံးသူအမျိုးသမီးမှာဦးကျော်လှမောင်၏ သမီး အသက်(၂၄) နှစ်အရွယ်ရှိသော ဒေါ်အေးအေးခိုင် ဖြစ်ပြီးတပ်မ(၅၅) မှပစ်ခတ်တိုက်မှုကြောင့် ဦးခေါင်း နှင့် ညာဖက်ပေါင်ရင်းတွင်ထိမှန်ပြီးသေဆုံးခဲ့ရခြင်းဖြစ်သည်။ သားတစ်ယောက်၊သမီးတစ်ယောက်၏မိခင်လည်းဖြစ်သည်။

ree





















ထို့အတူ ကျောက်တော်မြို့၊ ပြည်တော်သာရပ်ကွက်၊ လမ်း(၅) တွင်နေထိုင်သူ အသက် (၆၁) နှစ်အရွယ်ရှိဦးစောမောင်လှ/အဖဦးမောင်ရွှေခိုင်၏သားတွင်လည်း ညာဖက်လက်မောင်းဆုံ နှင့် ကျောကုန်းတွင် လည်းကောင်း၊ ကျောက်တော်မြို့၊ ပြည်တော်သာရပ်ကွက်၊ လမ်း(၅) တွင်နေထိုင်သည့် အခြားတစ်ဦးဖြစ်သော ဦးသောက်ကြာဖြူ၏သား အသက်(၄၇) နှစ်အရွယ် ဦးကျော်သိန်းထွန်း ၏လိင်အင်္ဂါ နှင့် ဆီးခုံ တွင်လည်းကောင်း၊ ကျောက်တော်မြို့နယ်၊ ဘိုမင်းရွာဇာတိ၊ပိုက်သည် ကစ္ဆပရပ်ကွက်တွင်အလုပ်လုပ်နေသော ဦးထွန်းချေ၏သား အသက်(၁၇) နှစ်အရွယ်ရှိ၊ စည်ပင်ဝန်ထမ်း မောင်စောဖြူ၏ညာဖက်တင်သားတွင်လည်းကောင်း အသီးသီးဒဏ်ရာရရှိခဲ့ကြကြောင်းသိရှိရသည်။

ကျောက်တော်မြို့သူ၊ မြို့သားများအား တပ်မ(၅၅) မှပစ်ခတ်တိုက်ခိုက်ခဲ့သည်မှာ ယခုအကြိမ်နှင့်ဆိုလျှင်စတုတ္ထအကြိမ်ရှိခဲ့ပြီဖြစ်သည်။

သတင်းနှင့်ပြန်ကြားရေး ရက္ခိုင့်တပ်တော်

Recent Posts

See All
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ (၁၂) ရက်နေ့ လေကြောင်းတိုက်ခိုက်မှု နောက်ဆုံးရသတင်း

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ (၁၃) ရက်၊ မနက် (၀၀) နာရီ (၁၈/၂၀) မိနစ် (တနည်းအားဖြင့်) ဒီဇင်ဘာလ(၁၂) ရက် ညဉ့် အချိန်တို့တွင် ပုဏ္ဏားကျွန်းမြို့နယ်အတွင်းရှိ ရွာအချို့ ( ရွာအမည်စုံစမ်းဆဲ) အား ဖက်ဆစ် အကြမ်းဖက် စစ်ရ

 
 
 

Comments


  • Telegram-White
  • YouTube
  • Vkontakte
  • Twitter

Copyright © 2020 Arakan Army

bottom of page